Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“မည်သည့်အကြောင်းကြောင့်ပဲ လက်နက်ကိုင်ခဲ့သည်ဖြစ်စေ အခုအချိန်မှာ ဒီမိုကရေစီလမ်းစဉ်ကို ပြတ်ပြတ်သားသား ရွေးဖို့လိုအပ်နေပါပြီ။ ပြည်တွင်းပဋိပက္ခမချုပ်ငြိမ်း၍ ရာခိုင်နှုန်းပြည့်ဒီမိုကရေစီ ဖြစ်မှာမဟုတ်ပါဘူး။နိုင်ငံတကာဒီမိုကရေစီ နေ့ အခမ်းအနားများကို ပြည်သူ့လွှတ်တော်တွင် ကျင်းပနိုင်ခြင်း၊ လွှတ်တော်တွင်း၌ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေး လုပ်ငန်းကို ဆောင်ရွက်နိုင်ခြင်းများသည် ပြည်ထောင်စုလွှတ်တော်၏ ရင့်ကျက်မှုဖြစ်သည်။ နိုင်ငံတော် အစိုးရ အနေဖြင့် လူများစုဖြစ်သော လယ်သမားများ၏ နစ်နာဆုံးရှုံးမှုများကို ဖြေရှင်းပေးခြင်း၊ အလုပ်သမားလူတန်းစားများ၏ အခြေခံရပိုင်ခွင့် အခွင့်ရေးများကို ပြတ်ပြတ်သားသားဖော်ထုတ်ပေးခြင်း ယင်းလူတန်းစားနှစ်ရပ်အတွက် ပြတ်သားသော မူဝါဒများ ချမှတ်နိုင်ရန် လိုအပ်သည်”

စက်တင်ဘာလ ၁၆ ရက်နေ့ထုတ် အင်ပါယာနေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနား တတိယအကြိမ်မြောက် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် သဘင် ဆောင်တွင် ကျင်းပ”သတင်းမှ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“သန်းခေါင်စာရင်းကောက်တဲ့နေရာမှာ တိုင်းရင်းသား ၁၃၅ မျိုးထဲမှ မပါရင် အခြားလူမျိုးအုပ်စုအနေနဲ့ ထပ်ကောက်သွား မယ်။ ဒါက လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးတွေနဲ့ မဆိုင်ဘူး။ စီမံကိန်းတွေလုပ်ဖို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်တယ်။ လူမျိုးစုတစ်ခုကို ထည့်သွင်းဖို့ဆိုတာ ချက်ချင်းမဖြစ်နိုင်ဘူး။ ပြည်တွင်းမှာ ရောက်နေတဲ့ နိုင်ငံခြားသားတွေကိုလည်း သံရုံး က တရားဝင်ခွင့်ပြုထားသူ မဟုတ်ရင် အခြားအုပ်စုတစ်ခုအနေနဲ့ ကောက်သွားမယ်”

စက်တင်ဘာလ ၁၆ ရက်နေ့ထုတ် ပြည်မြန်မာနေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “နှစ် ၃၀ ကျော်အကြာ သန်းခေါင်စာရင်း ပြန်လည်ကောက်ခံမှုတွင် လူမျိုးစုတစ်စုအားထည့်သွင်းရန်မဖြစ်နိုင်ဟု ဝန်ကြီးဦးခင်ရီပြော” သတင်းမှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးခင်ရီ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 

“သမ္မတဦးသိန်းစိန်က သူ သမ္မတဖြစ်လာတဲ့အချိန်မှာ ပြည်သူ့အသံကို နားထောင်တယ်ဆိုပြီး သူ့ သက်တမ်းအတွင်း ရပ်ဆိုင်းခဲ့တယ်။ ကျွန်တော်တို့က သူ့ သက်တမ်းမှာတင်မဟုတ်ဘူး။ ရာသက်ပန် ရပ်ဆိုင်းဖို့အထိ တောင်းဆိုတာပါ”

စက်တင်ဘာလ ၁၆ ရက်နေ့ထုတ် 7 Day နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “မြစ်ဆုံစီမံကိန်းကို ရာသက်ပန် ရပ်ဆိုင်းရန် ကချင်ပါတီတောင်းဆို” သတင်းမှ ပါတီဗဟိုအတွင်းရေးမှူး ဦးမော်လားကမိဖန ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ကျန်းမာရေးအာမခံ အမျိုးအစားကိုလုပ်တဲ့အခါမှာ အမျိုးအစားအချက်အလက်တွေကို သုတေသနပြုရမယ်။ အဲဒါကြောင့် အချက်အလက်တွေရဖို့ အခက်အခဲအနည်းငယ်ရှိတယ်။ ပြီးတော့ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့လူမှုစီးပွားရေး ယဉ်ကျေးမှု တွေကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ ပြီးတော့ ဒီအာမခံက လူတိုင်းဝယ်နိုင်တဲ့ပမာဏမျိုး ဖြစ်အောင်စဉ်းစားရမယ်။ ဒီ အာမခံပေါ်ပေါက်လာဖို့အတွက် စာတမ်းဖတ်ပွဲတွေ၊ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့အတွက်လည်း စီစဉ်ဆောင်ရွက်နေပါတယ်”

စက်တင်ဘာလ ၁၆ ရက်နေ့ထုတ် Weekly Eleven Journal အမှတ် (၄၉) အတွဲ (၈) တွင် ပါရှိသော “ပြည်သူများ အတွက် မရှိမဖြစ်လိုအပ်သည့် ကျန်းမာရေးအာမခံကို ၂၀၁၅ မတိုင်မီဆောင်ရွက်မည်” သတင်းမှ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“မီဒီယာဆိုတာ ကျွန်တော်တို့ လူထုဆက်သွယ်ရေးလုပ်ငန်းမှာ မရှိမဖြစ်လိုအပ်တဲ့လုပ်ငန်း ဖြစ်ပါတယ်။ အဲတော့ တိုင်းရင်း သားလူမျိုးစုနဲ့ ပတ်သက်တဲ့ Channel ကို ဖွင့်ပေးလိုက်တာဟာ ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ ပညာပေးရန် ဆိုတာတွေထက် ပိုပြီးတော့အရေးကြီးတာက ဘာလဲဆိုတော့ အသိပညာဖွံ့ဖြိုးတိုးတက်လာအောင် ပြုလုပ်ပေးခြင်း ဖြစ်တယ်။ သတင်းအချက်အလက်တွေ ဖြန့်ဝေပေးမှုဟာ တစ်တိုင်းပြည်လုံးမှာ အညီအမျှပျံ့နှံသွားရအောင် ဆောင်ရွက် ပေးတဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်”

စက်တင်ဘာလ ၁၉ ရက်နေ့ထုတ် Envoy Journal အတွဲ (၄) အမှတ် (၁၆) တွင်ပါရှိသော “တိုင်းရင်းသားမီဒီယာဖွံ့ဖြိုး အောင် လုပ်ဆောင်ခြင်းက အစိုးရဝါဒ ဖြန့်ချီရေးမဖြစ်ရန်လိုဟု သုံးသပ်” သတင်းမှ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment