Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂)

မြန်မာ့ရွှေ့ပြောင်းလုပ်သားများအားကူညီရန် ထိုင်းလှုပ်ရှားသူများ ကြိုးပမ်း

(Bangkok Post မှ 16 Sep 2013 ရက်စွဲပါ “Activist Steps in to aid migrant workers” သတင်းကိုဘာသာပြန်ဆိုသည်)

လာမည့်နှစ်တွင် မြန်မာအာဏာပိုင်များကလူဦးရေးစာရင်း (သန်းခေါင်စာရင်း) အသစ် ကောက်ယူတော့မည် ဖြစ်ရာ နိုင်ငံသားစီစစ်ရေးကတ် အသစ် ရရှိရေးအတွက် မြန်မာရွှေ့ပြောင်းလုပ်သားများအစုလိုက် အပြုံလိုက် ပြည်တော်ပြန် ကြမည့် ကိစ္စ နှင့် ပတ်သက်၍ စိုးရိမ်ကြောင်းထိုင်းနိုင်ငံအလုပ်သမားအရေးလှုပ်ရှားသူများကထုတ်ဖော် ပြောကြားသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်းလုပ်သားများစွာသည် စီစစ်ရေးကတ် အသစ် လျှောက်ထားရန်အတွက် နှစ်သစ်ကူးနှင့် ဆောင်ခရန် ပွဲတော်ကဲ့သို့ နှစ်ရှည် အလုပ်ပိတ်ရက် ကာလတွင် ၎င်းတို့ ဇာတိမြေသို့ ပြန်ကြလိမ့်မည်ဟုမျှော်လင့်ရကြောင်း Migrant Working Group မှ အက်ဒီဆွန်ဂတ် မွန်ကောက ပြောကြားပါသည်။

အဆိုပါ ရွှေ့ပြောင်းလုပ်သားများအိမ်ပြန်ကြခြင်းကြောင့် မြန်မာအလုပ်သမားများအပေါ် ကြီးကြီးမားမားမှီခိုနေရ သည့် စက်ရုံများ၏ ကုန်ထုတ်လုပ်မှုကိုထိခိုက်စေလိမ့်မည်ဟုသိရှိရသည်။

သို့ဖြစ်ရာ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အချိန် နှင့် ငွေ ချွေတာနိုင်စေရန် ၎င်းတို့ အိမ်ပြန်မည့် ခရီးစဉ် ချောမွေ့အောင် မည်သို့ ကူညီပေးနိုင်မည်။ ၎င်းတို့ အိမ်ပြန်ခြင်းကြောင့် စက်ရုံများအပေါ် ထိခိုက်မှုကိုမည်သို့ လျှော့ချပေးနိုင်မည် စသည်တို့ကိုအလုပ်သမားဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆွေးနွေးကြရန် အက်ဒီဆွန်ကတ်မွန်ကောကတိုက်တွန်းပြောကြားသည်။

သို့ရာတွင် သန်းခေါင်စာရင်းအသစ် ကောက်ယူ၍ စီစစ်ရေးကဒ် အသစ်ထုတ်ပေးမည့် မြန်မာအစိုးရ၏ ဆောင်ရွက်ချက်သည် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအားစီမံအုပ်ချုပ်ရာတွင် အကျိုး ဖြစ်ထွန်းစေလိမ့်မည်ဟု ၎င်းက ဆိုပါသည်။ ယခုအစီအစဉ်ကြောင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်း လုပ်သားများအားတရားဝင် ဟုတ် ၊ မဟုတ် အဆင့်အတန်းစစ်ဆေးရာတွင် ဆက်နွယ်နေသည့် ဥပဒေပိုင်းဆိုင်ရာ လုပ်ငန်းစဉ်ကိုလွယ်ကူချောမွေ့ သွားစေလိမ့်မည်ဟုမစ္စတာအက်ဒီဆွန်က ပြောကြားသည်။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment