Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂)

မြန်မာကုန်ကြမ်းလျော့နည်းမှုကြောင့် ဟောင်ကောင်ကျောက်စိမ်းဈေးကွက်တွင် ဝယ်သူရှာရန် ရုန်းကန်နေရ

(AFP မှ 16 Sep 2013 ရက်စွဲပါ “Jade struggling for buyers as Myanmar supplies decline ”သတင်းကို ဘာသာပြန်ဆိုသည်)

တန်ဖိုးကြီး ဆန်းကြယ်သော တော်ဝင်ကျောက်မျက်ရတနာ ကျောက်စိမ်းသည် အာရှသူဋ္ဌေးသူကြွယ်များ၏ အဆင့်အတန်းသင်္ကေတ တစ်ခုဖြစ်သော်လည်း ဟောင်ကောင်ထိပ်တန်းဈေးကွက်တွင် ဈေးနှုန်းများ ခေါင်ခိုက်မှုကြောင့် ဝယ်သူရှာဖွေရန် ကုန်သည်များ ရုန်းကန်နေကြရသည်။

ပြီးခဲ့သော  ၈ နှစ်အတွင်း အရည်အသွေးမြင့် ကျောက်စိမ်းနှင့် အချောထည်ကျောက်စိမ်းကုန်ကြမ်များ အကြိမ်ကြိမ်ဈေးတက်မှုကြောင့် ဝယ်သူများ နောက်ဆုတ်သွားကာ  တစ်အုံနွေးနွေး အခြေအနေ ပေါက်ကွဲထွက်တော့ မည်ဟု ကျွမ်းကျင်သူများက မှန်းဆပြောကြားသည်။

တရုတ်သူကြွယ်တို့၏ အာသီသကြောင့် ကျောက်စိမ်းဈေးတက်လာခြင်းသည် မြန်မာနိုင်ငံမှ တင်ပို့မှု မလုံလောက်သည့်အပေါ် စိုးရိမ်မှုများကြောင့် ပိုဆိုးလာသည်ဟု ဈေးကွက်က ဆိုပါသည်။

“လက်ရှိဈေးနှုန်းကြီးမြင့်မှုကို ဝယ်သူတွေက လက်မခံနိုင်ကြတော့ဘူး။ ဒါကြောင့် အရောင်းအဝယ် မဖြစ်တော့ဘူး”ဟု ဟောင်ကောင်ကျောက်စိမ်းကုန်သည် လီကွမ်ကိုင်က သောကြာနေ့ ဟောင်ကောင်ကျောက်မျက် ပြပွဲတွင် AFP သို့ ပြောကြားသည်။

ကျောက်မျက်ပြပွဲတွင် နှစ်ပေါင်း ၂၀ကျော် ဆင်နွှဲလာခဲ့သူ လီကွမ်ကိုင်က  ၂၀၁၁၊ ၂၀၁၂ ခုနှစ်များထက် ယခုနှစ်တွင် ဈေးကွက်ပိုအေးလာသည်ဟု ဆိုသည်။

“အခုအချိန်မှာ ဈေးနှုန်းမြင့်ဖို့ ဖိအားတွေရှိနေတယ်။ မြန်မာနိုင်ငံက အရည်အသွေးမြင့် ကျောက်စိမ်း ကုန်ကြမ်းရဖို့ အရမ်းခက်ခဲနေပြီ။ တကယ်လို့ ခင်ဗျားက ပို့မပေးဘူးဆိုရင် ဒီပစ္စည်းကောင်းတွေက သူများလက်ထဲ ရောက်သွားလိမ့်မယ် ” ဟု ၄င်းကပြောကြားသည်။

“ကျွန်မကတော့ အကောင်းစား နဲ့ အလတ်စား ကျောက်စိမ်းတွေ ဈေးကျတဲ့အထိ စောင့်ဖို့ ဆုံးဖြတ်ထားတယ်။ လက်ရှိ ဈေးနှုန်းတွေက အမြင့်ဆုံးကို ရောက်နေတဲ့ လက္ခဏာရှိပါတယ်” ဟု ပြောကြားသူမှာ ထိုင်ဝမ်ဈေးဝယ်သူ ဂျူဒီချန်း ဖြစ်ပါသည်။

ထို့အပြင် ဈေးဝယ်သူများ ကျဲပါးနေခြင်းကြောင့် ဟောင်ကောင်၏ နာမည်ကျော် ကျောက်စိမ်းအပြင် ဈေးတန်းမှ ဆိုင်ငယ်လေးများကိုလည်း ထိခိုက်မှုရှိသည်ဟု သိရှိရသည်။

“ကျွန်တော်နဲ့ လုပ်ငန်းတူ တစ်ချို့ဆိုင်ရှင်တွင် ဒီအလုပ်ကို မလုပ်ကြတော့ဘူး ” ဟု အပြင်ဈေးတန်းမှ အသက် ၅၄ နှစ်အရွယ် ကျောက်စိမ်းဆိုင်ပိုင်ရှင် ဝမ်ဖန်ရင်းက ပြောကြားသည်။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment