Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“အဓိက ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ပြဿနာတွေကို အထူးသဖြင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက အစိုးရအဖွဲ့ တာဝန်ရှိသူတွေအနေနဲ့ သူတို့နဲ့ပါ ဆက်ဆံနိုင်မယ့် ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေမျိုးပေါ့။ အဲဒီလိုမျိုး သမ္မတကြီးအနေနဲ့ ပြောကြားပေးဖို့ တိုက်တွန်းတာပါ။ ပလက်ဖောင်းဆိုတဲ့ နေရာမှာ ကျွန်တော်ပြောတဲ့အထဲမှာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ၊ တိုင်းရင်းနိုင်ငံရေး အဖွဲ့ဝင် တွေ၊ နိုင်ငံရေးပလက်ဖောင်း တည်ဆောက်တဲ့နေရာမှာ အားလုံးတန်းတူယှဉ်ပြိုင်နိုင်မယ့် နိုင်ငံရေး အခြေအနေမျိုး ဖြစ်မယ့်ဟာကို ပြောတာ။”

၂ဝ၁၃ စက်တင်ဘာလ ၂၀ ရက်နေ့ထုတ် လူထုပုံရိပ် ဂျာနယ် အတွဲ (၁) အမှတ် (၅၁) တွင်ပါရှိသော “အန်ကယ် သမ္မတကြီးထံ ၈၈ မျိုးဆက် ပလက်ဖောင်းတောင်းပြီ” သတင်းမှ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး ၏ပြောကြားချက်အားကောက်နှုတ်ချက်။


 

“ဥပဒေနဲ့အညီဆောင်ရွက်ရတာပဲ။ ပါတီဝင်ပဲဖြစ်ဖြစ် နိုင်ငံသားပဲဖြစ်ဖြစ် ဘယ်ကိုအတည်ပြုရသလဲဆိုတော့ လဝကကို အတည်ပြုရတယ်။ လဝက ကနိုင်ငံသား ဖြစ်တယ်။ ဥပဒေအရ မဲပေးပိုင်ခွင့် ရှိတယ်ဆိုရင် မဲပေးရတာပဲ ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျှောက်ထားလို့ဆိုရင် ခုနကပြောသလို ပြည်ထဲရေးကို ပို့ရတာပဲ။ ပြီးတော့ လဝက ကို ပို့ရတာပဲ။ စီစစ်ပြီးပြန်လာမှသာလျှင် ဥပဒေနဲ့ ညီတယ်ဆိုတဲ့ အတွက်ကြောင့် လုပ်ရတာကို ဒါတွေက ဘယ်အပေါ်မူတည်တာလဲ။ ဥပဒေအပေါ် မူတည်တာပဲ။”

၂ဝ၁၃ စက်တင်ဘာလ ၁၉ ရက်နေ့ထုတ် Popular News ဂျာနယ် အတွဲ (၅) ၊ အမှတ် (၃၇) တွင် ပါရှိသော                                         “ယာယီသက်သေခံလက်မှတ်ဖြင့် မဲပေးခြင်းနှင့် ပါတီထောင်ခွင့် အခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိ ယခင်အစိုးရ၏ မှားယွင်းလုပ်ဆောင်ချက်ဖြစ်” သတင်းမှ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 

“အခုဆိုရင် ပြည်တွင်းစစ်ဖြစ်တာ နှစ်ပေါင်း ၆၀ လောက်ရှိသွားပါပြီ။ ပြည်သူလူထုကလည်း ငြိမ်းချမ်းရေးကို လိုလားနေကြတာပါ။ ကျွန်တော် အဲဒီနေရာမှာစုဝေးပြီး လမ်းလျှောက်မယ်။ စုဝေးတဲ့သူတွေ အားလုံးကလည်း အကြမ်းဖက်ခြင်းကို ရှောင်တဲ့အတွက် ဒီနေ့လေးကို ခွင့်ပြုပေးစေချင်ပါတယ်။ နိုင်ငံကို အုပ်ချုပ်တဲ့သူတွေ၊ လွှတ်တော်တွေဆိုတာ ပြည်သူတွေက ခန့်အပ်ထားတာပါ။ ပြည်သူတွေက တာဝန်ပေးထားလို့ ဒီနေရာကို ရောက်နေပြီး ပြည်သူတွေရဲ့ ဆန္ဒကိုလုပ်ပေးသင့်ပါတယ်။”

၂ဝ၁၃ စက်တင်ဘာလ ၁၈ ရက်နေ့ထုတ် အင်ပါယာ နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် စီတန်းလမ်းလျှောက်မည်” သတင်းမှ မျိုးဆက်သစ်လူငယ်များအဖွဲ့မှ ဥက္ကဌ ဦးမိုးသွေး ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ထိုင်းနိုင်ငံက အခုအချိန်ထိ မြန်မာနိုင်ငံမှာ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးရုံးတွေမရှိသလို နယ်စပ်စီးပွား ရေးဆိုင်ရာ ဆက်ဆံမှုတွေကို သုံးသပ်မယ်ဆိုရင်လဲ ကုန်သွယ်မှုပဲရှိနေတာပါ။ အခု မြန်မာနဲ့ကုန်သွယ်တဲ့ အပိုင်းမှာဆိုလည်း လူမှောင်ခို၊ ပင်လယ်ပြင်ငါးခိုးဖမ်းတဲ့စီးပွားရေးတွေက အများကြီးပါ။ နယ်စပ်တွေမှာဆိုလဲ သစ်ကိစ္စတွေအများကြီး ဖြစ်နေသေးတဲ့အတွက် တရားဝင်ရင်းနှီးမြှုပ်နှံမှုများ လာနိုင်စရာ မရှိပါဘူး။ အခုသူများ နေတယ်ဆိုတာ အရင်ကတည်းကဝင်ရောက်လုပ်ကိုင်နေတဲ့ စွမ်းအင်လုပ်ငန်းတွေပဲရှိနေတာ။ နောက်ပြီး သူ့နိုင်ငံအစိုးရကလည်း မှောင်ခိုဈေးကွက်မှာ သူ့စီးပွားရေးသမားတွေ အသာစီးရနေတာကိုသိသလို အာဆီယံ သဘောတူညီမှုအရ တရားဝင်လုပ်ကိုင်ဖို့ဆိုတာ ဟန်ပြပြောတာလို့ပဲ မြင်တယ်။”

၂ဝ၁၃ စက်တင်ဘာလ ၁၈ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ထိုင်းအစိုးရ၏ တရားဝင်ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးသည် ဟန်ပြဖြစ်နိုင်ဟု သုံးသပ်” သတင်းမှ အရင်းအနှီးဈေးကွက်ဆိုင်ရာ စီးပွားရေးနှင့် ဥပဒေပညာရှင် ဦးတင်သန်းဦး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 

“အရင်ကတော့ ပေါ်လစီနှင့် လုပ်တာမဟုတ်ဘဲ ဆုံးဖြတ်ချက်နဲ့သာ လုပ်ခဲ့တယ်။ ခုအချိန်မှာ ပေါ်လစီနဲ့ မလုပ် ဘူးဆိုရင် နောင်တချိန်မှာ သမိုင်းတရားခံဖြစ်မှာပါ။ လုပ်ခွင့်ပေးတယ်ဆိုရင် ဘာနဲ့ပေးတာလဲ။ ဘယ်လိုမူနဲ့ ပေးတာလဲ။ ပေးချင်သလိုပေးတာလား။ မျက်နှာလိုက်ပြီးပေးတာလားဆိုတာ ဝေဖန်ခံရတယ်။”

စက်တင်ဘာလ ၁၈ ရက်နေ့ထုတ် 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “WTO နှင့် ပူးပေါင်း၍ ကုန်သွယ်ရေးမူဝါဒ ရေးဆွဲမည်” သတင်းမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် ၏ ပြောကြားချက်အားကောက်နှုတ်ချက်



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment