Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂)

ဓာတ်ငွေ့ရောင်းချမှုမှရသော ဒေါ်လာဘီလီယံနှင့်ချီသော ဘဏ္ဍာငွေများကို စစ်အစိုးရ ခိုးယူခဲ့

(the national.ae မှ 17 Sept 2013 ရက်စွဲပါ Junta has stolen billions in gas revenue ကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စု အခြေစိုက် သဘာဝပတ်ဝန်းကျင်အုပ်စုတစ်ခုဖြစ်သော Earth Right International က ထုတ်ပြန်လိုက်သော အစီရင်ခံစာအရ မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် ဘီလီယံနှင့်ချီသော ဒေါ်လာငွေမြောက်မြား စွာကို စင်ကာပူနိုင်ငံရှိ နိုင်ငံခြားဘဏ်စာရင်းထဲသို့ ထည့်သွင်းထားကြကြောင်းသိရသည်။ အဆိုပါ ဒေါ်လာငွေကြေး များသည် မြန်မာနိုင်ငံရှိ ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှရရှိသော ငွေများဖြစ်ပြီး ယင်းစီမံကိန်းတွင် စွမ်းအင်တူးဖော်ရှာဖွေရေး လုပ်ငန်းကြီးများဖြစ်ကြသော အမေရိကန်မှ Chevron ၊ ပြင်သစ်မှ Total နှင့် ထိုင်းနိုင်ငံမှ PTTEP တို့ပါဝင်လုပ်ကိုင်လျက်ရှိသည်။ စီမံကိန်းမှထွက်ရှိသော သဘာဝဓာတ်ငွေ့ ၆၀ ရာခိုင်နှုန်းကျော်ကို ထိုင်းနိုင်ငံသို့ ပိုက်လိုင်းမှတစ်ဆင့် သွယ်တန်းရောင်းချလျက်ရှိသည်။

“ပြီးခဲသည့် ၂၀၀၀ပြည့်နှစ်မှစ၍ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းမှ ဒေါ်လာ ၅ ဘီလီယံခန့် ခိုးယူခံခဲ့ရသည်။ စီမံကိန်းမှရရှိသည့် ငွေကြေးများသည် မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အသုံးပြုရမည့်အစား စစ်ဗိုလ်ချုပ်ကြီးများ၏ အိတ်ကပ်ထဲသို့ရောက်ရှိသွားကြသည်” ဟု ယင်းအစီအရင်ခံစာကိုရေးသားသူ Mathew Smith က အင်တာဗျူးတစ်ခုတွင်ပြောကြားသည်။ ERI ၏ အဆိုအရ ယင်းဒေါ်လာငွေကြေးများကို စင်ကာပူနိုင်ငံရှိ ဘဏ်လုပ်ငန်းကြီးနှစ်ခုဖြစ်သော Oversea Chinese Banking Corp နှင့် DBS Group သို့ရောက်ရှိသွားပြီဖြစ်သည်။ ERI က စင်ကာပူဘဏ်များနှင့် အစိုးရထံသို့ သတင်းထောက်များစေလွှတ်ကာ စုံစမ်းမေးမြန်းမှုပြုလုပ်ခဲ့သော်လည်း အဆိုပါဘဏ်နှစ်ခုက စွပ်စွဲပြောဆိုချက်များ မှန်ကန်မှုမရှိကြောင်း ကြေညာချက်ကိုယ်စီထုတ်ပြန်ခဲ့ကြသည်။ အကြီးတန်းအစိုးရအရာရှိကြီးတစ်ဦးကမူ အဆိုပါကိစ္စမှန်ကန်မှု ရှိ၊မရှိ သိရှိနိုင်ရန် စင်ကာပူအစိုးရက ကြိုးပမ်းသွားမည်ဖြစ်သည်ဟု ပြောကြားသည်။

“ပိုက်လိုင်းသွယ်တန်းမှုမှရရှိသော ဘဏ္ဍာအခွန်ငွေဟာ စစ်အစိုးရအတွက် အသက်တမျှအရေးကြီးပါတယ်။ စစ်အစိုးရအနေနဲ့ အဲဒီငွေတွေရရှိနေသေးသရွေ့ အပြောင်းအလဲလုပ်ဖို့ မက်လုံးအနည်းငယ်ရှိနေမှာပါ” ဟု မစ္စတာ Smith က ပြောကြားသည်။ မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချမှုမှ တစ်လလျှင် ဒေါ်လာ သန်း ၁၅၀ ခန့်ရရှိလျက်ရှိပြီး ယင်းပမာဏမှာ လာမည့်အနာဂတ်၌ များပြားလာဖွယ်သာရှိကြောင်း သြစတြေးလျနိုင်ငံရှိ Macquarie University မှ စီးပွားရေးပညာရှင် Sean Turnell ကပြောကြားသည်။ Sean Turnell သည် မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းစနစ်နှင့် စီးပွားရေး ပညာရှင်တစ်ဦးလည်းဖြစ်သည်။

“နိုင်ငံခြားအရန်ငွေကြေးဟာ ယခုဆိုရင် ဒေါ်လာ ၅ ဘီလီယံကျော်သွားပြီဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြန်မာအစိုးရရဲ့ နာဂစ်အလွန်ပြန်လည်တည်ဆောက်ရေး ရန်ပုံငွေအတွက် အဆိုပြုချက်ကို ပြန်လည်ဆန်းစစ်လျက်ရှိပါတယ်” ဟု ၎င်းကပြောသည်။ မြန်မာအစိုးရ၏ အစီအစဉ်များအတွက် သဘာဝ ဓာတ်ငွေ့မှရရှိသော ဘဏ္ဍာငွေသည် အလွန်အကြီးသည်မှာမှန်သော်လည်း သံတမန်ကြီးများအဆိုအရ အဆိုပါငွေကြေးသည် အပေါ်ယံမျှသာဖြစ်ကြောင်း သိရသည်။

“နိုင်ငံခြားကုမ္ပဏီကြီးတွေနဲ့ အပေးအယူလုပ်တဲ့ကိစ္စမှန်သမျှမှာ ငွေကြေးပံ့ပိုးပေးရတဲ့အပိုင်းတွေပါဝင်နေပါ တယ်”ဟု မြန်မာအစိုးရ၏ စီးပွားရေးလုပ်ဆောင်ချက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသူ အနောက်တိုင်းသံတမန်ကြီးတစ်ဦးက ပြောကြားသည်။

“ဝန်ကြီးဦးအောင်သောင်းဆိုရင် အစိုးရခွင့်ပြုချက်ရရှိဖို့ သူ့ဆီကိုချဉ်းကပ်လာတဲ့ နိုင်ငံခြားကုမ္ပဏီတွေကို စီမံကိန်းတန်ဖိုးရဲ့ ၂၅ ရာခိုင်နှုန်းကို ဖြတ်စားကြေးအဖြစ်ပေးဖို့ အမြဲတောင်းလေ့ရှိတယ်” ဟု စစ်အစိုးရနှင့် ဆယ်စုနှစ်တစ်ခုတာကြာမျှ စီးပွားရေးလုပ်ကိုင်ခဲ့ဖူးသူ ဂျာမန်လူမျိုး စီးပွားရေးစွန့်ဦးတီထွင်သူ တစ်ဦးကပြောကြားသည်။

ထိုသို့သော တောင်းခံမှုမျိုးကိုလိုက်လျောပေးရန် အနောက်တိုင်းစီးပွားရေးလုပ်ငန်းအများစုက တွန့်ဆုတ်လျက် ရှိကြသော်လည်း အာရှစီးပွားရေးလုပ်ငန်းကြီးများကမူ စစ်ဗိုလ်ချုပ်ကြီးများနှင့် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် ပေးရသော အခကြေးငွေအဖြစ် ရှုမြင်ကြသည်။ ယခင် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်ဆိုလျှင် တရုတ်မိုဘိုင်း ကုမ္ပဏီဖြစ်သော ZTE နှင့် အပေးအယူလုပ်ရာမှ အကျိုးအမြတ်များစွာရရှိခဲ့ကြောင်း အဆိုပါ လုပ်ငန်းတွင် ပါဝင်ပတ်သက်ခဲ့ဖူးသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောကြားသည်။

ထိုသို့ကန်ထရိုက်စာချုပ်ချုပ်ဆိုခဲ့ရာတွင် ZTE က မြန်မာနိုင်ငံတွင် တယ်လီဖုန်းလိုင်းပေါင်း ၃၀၀၀၀၀ တပ်ဆင်နိုင်မည့် အခြေခံအဆောက်အအုံစီမံကိန်းအတွက် ဒေါ်လာ သန်း ၁၅၀ ချေးငွေပေးခဲ့သည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော CNPC  ကီလိုမီတာ ၄၀၀၀ ခန့်ရှည်လျားသည့် စွမ်းအင်ပိုက်လိုင်းများကို မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲသို့ သွယ်တန်းမည့်စီမံကိန်းအား စတင်တည်ဆောက်လျက်ရှိသည်။

အဆိုပါ စီမံကိန်းသဘောတူညီချက်အရ စစ်အစိုးရသည် နှစ်ပေါင်း ၃၀ ကာလအတွက် အနည်းဆုံးဒေါ်လာ ၂၉ ဘီလီယံရရှိမည်ဖြစ်သည်။ “မြန်မာနိုင်ငံမှာ အဂတိလိုက်စားတယ်ဆိုတာဟာ အရိုးစွဲနေတဲ့ အလေ့အထဖြစ်နေပါပြီ။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူမှန်သမျှ လာဘ်ထိုးကြရတာချည်းပါပဲ။ ပတ်စပို့၊ တယ်လီဖုန်းစီးပွားရေးလုပ်ငန်း မှတ်ပုံတင်ဖို့အတွက် လျှောက်လွှာဖောင်ဝယ်ယူတာကစပြီး အောက်ခြေက စာရေးကို ပိုက်ဆံပေးရတယ်။ အကြီးတန်းအစိုးရအရာရှိကြီးတွေနဲ့ ဝန်ကြီးတွေဆိုရင် ပိုတောင်းကြတာပဲ” ဟု Sean Turnell ကပြောကြားသည်။

Transparency International အဖွဲ့ကမူ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အဂတိလိုက်စားမှု အပြုဆုံးနိုင်ငံဖြစ်သည်ဟု သတ်မှတ်ဖော်ပြသည်။

အဂတိလိုက်စားရာတွင် အဆိုးဆုံးအဆင့်ရှိသည့် နိုင်ငံမှာ ဆိုမာလီယာဖြစ်သည်။

ERI ၏ ခန့်မှန်းချက်အရ စစ်အစိုးရသည် ရတနာဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှရရှိသော ဘဏ္ဍာငွေ ၇၅ ရာခိုင်နှုန်းကို ရယူခဲ့ကြောင်းသိရသည်။ စစ်အစိုးရသည် ဒေါ်လာ ၄ ဒသမ ၈၃ ဘီလီယံကို အမျိုးသားဘတ်ဂျက်အဖြစ် သိမ်းဆည်းရန်စီစဉ်ခဲ့ရာတွင် နှစ်ပေါင်း ၃၀ ကြာအသုံးပြုခဲ့သည့် ငွေကြေးလဲလှယ်မှုနှုန်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ERI က ဆိုသည်။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment