Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးရဖို့ဆိုရင် တိုင်းရင်းသားတွေအနေနဲ့ တန်းတူညီတူရှိရေးတို့၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိရေးတို့ဆိုတဲ့ အခြေခံသဘောထားတွေ ရှိဖို့လိုတယ်။ အခု ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သူတို့ လုပ်ပိုင်ခွင့် ဇယား ၂ သည် တစ်နည်းအားဖြင့် အာဏာခွဲဝေခြင်းသည် သူတို့ လိုချင်တဲ့ ဆန္ဒနဲ့မကိုက်ညီဘူးလို့ ကျွန်တော်တို့ ခံယူတယ်။ တစ်နည်းအားဖြင့် Decentralization ပေါ့။ ဗဟိုက ကိုင်တွယ်ထားတဲ့ လုပ်ငန်းတွေ၊ အာဏာတွေကို တော်တော်များများ လျှော့ပြီး တိုင်းရင်းသားတွေအတွက် ပေးရမယ်”

စက်တင်ဘာလ ၂၀ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “၂၀၀၈ ခု နှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးနှင့် အခွန်ကောက်ခံမှုဆိုင်ရာများ ပြင်ဆင်ရေး တစညပါတီ လွှတ်တော်သို့ တင်ပြရမည်” သတင်းမှ တစညပါတီ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဟန်ရွှေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခုလုပ်မယ့်  လွှတ်တော်မှာ အစိုးရဝန်ကြီးဌာန အသီးသီးရဲ့ ထပ်တိုးဘတ်ဂျတ်တွေ ထပ်တင်လာမယ်။ တချို့ ဝန်ကြီး ဌာနတွေက ငွေစာရင်းကို ခေါင်းစဉ်ပြောင်းသုံးဖို့ တင်လာတာတွေလည်း ရှိနိုင်တယ်။ အများစု ကတော့ လွှတ်တော်က ခွင့်ပြုပေးထားပြီးဖြစ်တဲ့ ဘတ်ဂျတ်နဲ့ မလုံလောက်တဲ့အတွက် ထပ်တောင်းတာတွေ ဖြစ်မယ်။ တချို့ဆို မူလက ၁၀၀ ခွင့်ပြုထားရင် မလောက်လို့ နောက်ထပ် ၁၀၀ လောက်ထပ်တောင်းတာ တွေရှိတယ်။ အဲ့ဒီလိုတောင်းတာတွေကို ဖြစ်သင့် မဖြစ်သင့်၊ သုံးသင့် မသုံးသင့်ကို ဝေဖန်ဆုံးဖြတ်”

စက်တင်ဘာလ ၂၀ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “အစိုးရဝန်ကြီး ဌာနများက ထပ်မံတောင်းခံလာသည့် ဝန်ကြီးဌာန အသီးသီး၏ ထပ်တိုးဘတ်ဂျတ်များ သုံးသင့် မသုံးသင့် ကို လွှတ်တော်ကော်မတီများအလိုက်စီစစ်မည်”သတင်းမှ ပြည်သူ့လွှတ်တော်၊ ငွေစာရင်းအဖွဲ့ဝင် ဦးကြည်သာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လက်တစ်ခုကို ကြည့်တဲ့အခါ လက်ဖမိုးကိုပဲ ကြည့်လိုမရဘူး။ လက်ဖဝါးကိုလည်းကြည့်ရတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာ ဒီမိုကရေစီ စံနှုန်းနဲ့ မညီရင် ပြင်ကို ပြင်ရမယ်။ အာဏာရှင် စနစ်ကို အကာ အကွယ်ပေးပြီး အာဏာရှင်ခေတ်က ရေးဆွဲခဲ့တာ ဖြစ်လို့ ပြင်ကို ပြင်ရမယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံဆိုရင် ဆိုရှယ်လစ်စနစ်ကို အကာအကွယ်ပေးထားတယ်။ ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံဆိုရင် ဆိုရှယ်လစ်စနစ်ကို အကာ အကွယ်ပေးထားတယ်။ လူတစ်ဦး သမ္မတဖြစ်ဖို့ ပြင်ဆင်ရမယ်လို့ မဆိုလိုဘူး။ ဒီမိုကရေစီစနစ်နဲ့ သွားချင်ရင်၊ ကိုက်ညီချင်ရင်တော့  ပြင်ရမှာပေါ့။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဖောက်ဖျက်ရန် မဆိုထားနဲ့ ဆို တာမျိုး ပြောနေသူတွေကို အကြံပေးချင်တာကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ဒီမိုကရေစီနဲ့ မကိုက်ညီ တာ ဘာလဲဆိုတာ သေသေချာချာ ဖတ်ကြည့်ပါဆိုတာပါပဲ”

စက်တင်ဘာလ ၂၄ ရက်နေ့ထုတ် News Watch Journal  အတွဲ (၈)၊ အမှတ် (၁၆) တွင်ပါရှိသော “၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ သည် ပြည်သူ့သဘောထားနှင့် အမှန်တကယ် ကိုက်ညီမှု ရှိမရှိ ဆန်းစစ်သင့်ပြီ” သတင်းမှ နိုင်ငံရေး ကျွမ်း ကျင်သူ ဦးရန်ကျော်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ကျွန်တော်တို့ ဆီက အသေးစားလုပ်ငန်းတွေက ကိုယ့်ရဲ့ထုတ်ကုန်တွေကို ပြည်ပတင်ပို့ရင်ပဲ ဖြစ်ဖြစ်၊ ကုန်ကြမ်း ပစ္စည်းတွေကို တင်သွင်းရင်ပဲ ဖြစ်ဖြစ် တစ်ဆင့်ခံ ကုမ္ပဏီတွေကို အားကိုးနေကြတယ်။ ကိုယ်ပိုင် ကုမ္ပဏီ ဘယ်လိုထောင်မယ် ၊ ထောင်ရင်ဘယ်လို ခံစားခွင့်တွေ ရှိမယ်ဆိုတာကို အများစုက မသိကြဘူး။ ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံ မှု ဥပဒေဆိုတာ ရှိသလို မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံ မှု ဥပဒေဆိုတာရှိပါတယ်။ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ ကိုယ့်နိုင်ငံထဲကို လာလုပ်တဲ့ နိုင်ငံခြား သားကို အခွန်ကင်းလွတ်ခွင့်၊ အကောက်ခွန်ကင်းလွတ်ခွင့် အပြင် ကျန်တဲ့ သက်သာခွင့်တွေကို ပေးပါတယ်။ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာလည်း နိုင်ငံခြားသားတွေကို ပေးတဲ့အခွင့် အရေးမျိုး မြန်မာနိုင်ငံသားတွေကို ပေးထားပါတယ်။ ကုမ္ပဏီ တည်ထောင်တဲ့အခါမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို မတင်ဘဲလည်း လုပ်နိုင်ပေမယ့် ကော်မရှင်က ပါမစ်ရယူပြီး ကုမ္ပဏီတည်ထောင်တာက ကိုယ့်အတွက် အခွင့်အရေးတွေ အများကြီး ရနိုင်ပါတယ်”

စက်တင်ဘာလ ၂၀ ရက်နေ့ထုတ် The Myanmar Times Journal အတွဲ (၃၂)၊ အမှတ် (၆၃၉) တွင်ပါရှိ သော “အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များက ကိုယ်ပိုင် ကုမ္ပဏီတည်ထောင် လုပ်ကိုင်သင့်ဟုဆို ” သတင်းမှ ပုဂ္ဂလိက ကဏ္ဍပြောင်းလဲ ဖွဲ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီ အထွေအထွေ အတွင်းရေးမှူး ဦးအောင်နိုင်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မေး။         ။ဒါဆိုလက်ရှိ ငြိမ်းချမ်းရေးတည်ဆောက်မှု ကာလမှာ အဘိုးတို့အတွက် အခက်အခဲ၊ လိုအပ်ချက် က ဘာလဲ။ ဖြေ။        ။ ဒါက နံပါတ်တစ် အစိုးရက  ငြိမ်းချမ်းရေးလုပ်နေတဲ့ သူတွေရဲ့ စိတ်ရင်းစေတနာမှန်ဖို့ လိုတယ်။ နံပါတ်နှစ်က ငြိမ်းချမ်းရေး အကြောင်းပြုပြီး ဝန်ကြီးတွေနားမှာ ကပ်ပြီး ကိုယ်ရေးကိုယ်တာလုပ် နေတဲ့သူတွေရှိတယ်။ သမ္မတကြီးတို့က ကောင်းတဲ့ လူတွေ။ သူတို့ သိက္ခာလည်းထိခိုက်တယ်။ သူကတစ်မျိုးပြော အောက်က ဖျက်ဆီးတယ်။ မြွေပွေး ခါးပိုက်ပိုက်တာမျိုး မဖြစ်စေချင်လို့ သမ္မတကြီးကို အကြံပေးချင်တယ်။ နောက်တစ်ခုက တစ်တိုင်းပြည်လုံး ကောင်းစားဖို့၊ အဖွဲ့အစည်းတစ်ခုလုံး ကောင်းစားဖို့ အတိုင်းအတာတွေမှာ စစ်မှန်တဲ့ လူတွေနဲ့ စကားပြောဖို့ အရေးကြီးတယ်။ ဒါဆိုရင် ဦးအောင်မင်းတို့ ဦးစိုးသိန်းတို့ ကြိုးစားတာဖြစ်မှာပါ။ ကောင်းတဲ့လူတွေကို အဘိုးတို့ အားပေးမယ်။ ၂၀၁၅ မှာလည်း ကောင်းတဲ့သူတွေ အုပ်ချုပ်တာ ပဲ လိုချင်တယ်။ ဘယ်သူကောင်းတယ်ဆိုတာ ထောက်လှမ်း၊ နားစွင့်နေ တယ်။ ဒေတာတွေ ကောက်ယူနေတယ်။”

စက်တင်ဘာလ ၂၀ ရက်နေ့ထုတ် မြန်မာပိုစ့်ဂလိုဘယ် ဂျာနယ် အမှတ် (၁၂၇) တွင်ပါရှိသော “ကရင်ပြည်နယ် မဖွံ့ဖြိုးတိုးတက်တာ အသားပဲ့တာနဲ့ အတူတူပဲ၊ KNU ၊ KNLA ငြိမ်းချမ်းရေးကောင်စီ ဗိုလ်ချုပ်ဒေါက်တာ တင်မိုသီနှင့် တွေ့ဆုံမေးမြန်းခြင်း” အင်တာဗျူးသတင်းမှ KNU ငြိမ်းချမ်းရေး ကော်စီ ဗိုလ်ချုပ် ဒေါက်တာ တင်မိုသီ၏ ပြောကြားချက်အားကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment