Transparency Myanmar

transparency.myanmar@gmail.com

International Media (1)
Document

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ (၁)

(Bangkok Post မှ 19 Sept 2013 ရက်စွဲပါ “Border security receives a boost”သတင်းကို ဘာသာပြန်ဆိုသည်)

(DNA India Newsမှ 19 September 2013 ရက်စွဲပါ “Myanmar erecting wooden fencing along Manipur border:parties” သတင်းကိုဘာသာပြန်ဆိုသည်။)


ထိုင်း-မြန်မာ နယ်စပ်လုံခြုံရေးတိုးမြှင့်ရန် သဘောတူ

(Bangkok Post မှ 19 Sept 2013 ရက်စွဲပါ “Border security receives a boost”သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံသည် နယ်စပ်လုံခြုံရေး၊ နိုင်ငံတကာရာဇဝတ်မှုနှင့် မူးယစ်ဆေးဝါး နှိမ်နင်းရေး၊ တရားမဝင်ရွှေ့ပြောင်းလုပ်သား ထိန်းချုပ်ရေးတို့ကိုမြှင့်တင်ရန် သဘောတူလိုက်ကြပြီဖြစ်သည်။

၎င်းသဘောတူညီချက်ကို ထိုင်း-မြန်မာထိပ်ပိုင်းအဆင့်ကော်မတီ HIC ၏ပူးတွဲဥက္ကဋ္ဌများဖြစ်သော ဗိုလ်ချုပ်ကြီး တာနာဆပ်ပါတီမာပရာဂွန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မနေ့က ဘန်ကောက်မြို့တွင် လက်မှတ်ရေးထိုး ခဲ့ကြခြင်းဖြစ်သည်။

လက်မှတ်ရေးထိုးပွဲအပြီးတွင် ဗိုလ်ချုပ်ကြီးတာနာဆပ်က “နှစ်နိုင်ငံအကြား ပထမဦးဆုံးဖွဲ့စည်းနိုင်ခဲ့သော HLC အဖွဲ့၏အစည်းအဝေးသည် ကျယ်ပြန့်သောကိစ္စရပ်များကိုဆွေးနွေးကာ သဘောတူညီမှုရရှိခဲ့သောကြောင့် အဆင်ပြေ ချောမွေ့မှုရှိသည်”ပာု ရှင်းလင်းပြောဆိုသည်။

ထို့ပြင် နယ်စပ်လုံခြုံရေး၊ စစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးတို့ကို အဓိကထားမည့် HLC ၏လုပ်ပိုင်ခွင့်နှင့် တာဝန်များ၊ အနာဂါတ်အစည်းအဝေးများအတွက် ပုံစံများကိုလည်း နှစ်ဖက်စလုံးဆွေးနွေးခဲ့ကြသည်ပာု ဗိုလ်ချုပ်ကြီး တာနာဆပ်ကဆိုပါသည်။ လာမည့်နှစ် HLC အစည်းအဝေးကို မြန်မာနိုင်ငံတွင် ပြုလုပ်မည်ဖြစ်သည်။

အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်း-မြန်မာ လက်နက်ကိုင်တပ်ဖွဲ့များအကြား ဆက်ဆံရေးကောင်းမွန်မှုသည် နှစ်နိုင်ငံအကြား ကျယ်ပြန့်သောကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးကို အထောက်အ ကူဖြစ်စေလိမ့်မည်ပာု ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဝန်ကြီးချုပ်ယင်လတ်နှင့်လည်း အင်္ဂါနေ့က အစိုးရအိမ်တော်တွင်တွေ့ဆုံ ခဲ့ပြီး ထိုင်း-မြန်မာ ဆက်ဆံရေးသည် သမိုင်းကြောင်းတစ်လျောက် အနွေးထွေးဆုံးအဆင့်သို့ရောက်ရှိနေကြောင်းနှင့် နယ်စပ်ပိုင်းခြားသတ်မှတ်ရေးအစီအစဉ်ကို အရှိန်မြှင့်သင့်ကြောင်း အကြံပြုဆွေးနွေးခဲ့ရာ ၎င်း၏အကြံပြုမှုများကို ဝန်ကြီး ချုပ်ယင်လတ်က သဘောတူသည်ပာု သိရှိရသည်။

ထို့အပြင် ထားဝယ်ရေနက်စီမံကိန်း၏ အရေးပါမှုကို သမ္မတဦးသိန်းစိန်က အသိအမှတ်ပြုပြီး စီမံကိန်း အောင်မြင်အောင် ထိုင်းနိုင်ငံနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒရှိသည်ပာု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြော ကြားသည်။

ထိုင်းဝန်ကြီးချုပ်ပောာင်း သက်ဆင်နှင့် ဒုတိယကာကွယ်ရေးဝန်ကြီး ယူသာဆတ်တို့နှစ်ဦး တိတ်တဆိတ် ဆွေးနွေးခဲ့သော အသံဖိုင်ဇူလိုင်လက ပေါက်ကြားသွားခဲ့ပြီးနောက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းမီဒီယာများ၏ အာရုံစိုက်ခြင်း ခံခဲ့ရသည်။

ပေါက်ကြားခဲ့သော အသံဖိုင်တွင် ထိုင်းနိုင်ငံရေးသမားနှစ်ဦးက “မြန်မာနိုင်ငံနှင့် ကိစ္စအဝဝတွင် အရေးပေးခံရ စေရန်အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရင်းနှီးမှုကိုအသုံးချရန်”ပြောဆိုဆွေးနွေးထားကြသည်။

ထိုင်းစစ်တပ်အရာရှိအချို့က အထက်ပါမီဒီယာသတင်းကြောင့် စိတ်အနှောက်အယှက်ဖြစ်ကာ စိုးရိမ်ပူပန်ခဲ့ကြ သည်ပာု လည်း မနေ့က HLC အစည်းအဝေးနှင့်နီးစပ်သော သတင်းရပ်ကွက်ကဆိုပါသည်။

ထိုင်းစစ်တပ်က နယ်ခြားကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်ရေးကလွဲရင် မြန်မာဗိုလ်ချုပ်ကြီးဆီက ဘယ်လို အကျိုးစီးပွားမှ မလိုချင်ပါဘူးပာု ထိုင်းစစ်ဖက် အသိုင်းအဝိုင်းက ပြောကြားသည်။


 

မဏိပူရ နယ်စပ်တစ်လျောက်မြန်မာခြံစည်းရိုးကာ

(DNA India Newsမှ 19 September 2013 ရက်စွဲပါ “Myanmar erecting wooden fencing along Manipur border:parties” သတင်းကိုဘာသာပြန်ဆိုသည်။)

မဏိပူရပြည်နယ် ချန်ဒယ်ခရိုင် မိုးရေးမြို့အနီး တိကျစွာ ပိုင်းခြားသတ်မှတ်ထားခြင်းမရှိသော အိန္ဒိယ နယ်စပ်တွင် မြန်မာနိုင်ငံဖက်မှ ခြံစည်းရိုးကာရံနေကြောင်း မဏိပူရအရပ်ဖက်အဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီများက စွပ်စွဲပြောဆိုခဲ့ကြပြီး၊ ဗဟိုအစိုးရမှ ကြားဝင်ဆောင်ရွက်ပေးရန် တောင်းဆိုလိုက်ကြသည်။

အဆိုပါနယ်စပ်ကို မနေ့က သွားရောက်ကြည့်ရှု့ခဲ့သော မဏိပူရ CPI အဖွဲ့က နှစ်နိုင်ငံ လုပ်ငန်းကော်မတီ တစ်ရပ်ဖွဲ့စည်း၍ ၎င်းဧရိယာကို အမြန်ဆုံးပြန်လည်စစ်ဆေးတိုင်းတာရန်နှင့် အတိအကျမသတ်မှတ်ရသေးသော နေရာများတွင် ခြံစည်းရိုးကာရံခြင်းမပြုရန် အကြံပြုပြောကြားခဲ့ကြသည်။ CPI ပါတီ၏ မဏိပူရ ယူနစ် အတွင်းရေးမှူး အမ်နာရာက “ မိုးရေးအနီးနယ်စပ်အငြင်းပွားမှုဖြစ်နေခြင်းကို လက်ခံရမည်ဖြစ်ကြောင်းနှင့် အာဏာရ ကွန်ဂရက်ပါတီ အနေဖြင့် ထိုပြဿနာကိုဆွေးနွေးရန်အတွက် နိုင်ငံရေးပါတီအားလုံးကို အမြန်ဆုံး ခေါ်ယူစည်းဝေးရန်လိုကြောင်း” တောင်းဆိုပြောကြားသည်။

သွားရောက်ကြည့်ရှု့ခဲ့သော အဖွဲ့ကို ဦးဆောင်သူ CPI ပါတီအကြီးတန်းခေါင်းဆောင် ဆော့တင်ကူမားက “အကယ်၍ ထိုနေရာတွင် ခြံစည်းရိုးဆက်လက်ကာရံပါက မီတာ၁၀၀ကျယ်၍ ၇ကီလိုမီတာ ရှည်သော နယ်မြေသည် မြန်မာပိုင်နက်အတွင်းကျရောက်သွားလိမ့်မည်”ဟု သတိပေးပြောဆိုသည်။ အဆိုပါနေရာသို့ ရောက်ရှိခဲ့သော United Committee Manipur အပါအ၀င် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက “ယင်းနေရာတွင် ခြံစည်းရိုးကာရံမှု မရပ်ဆိုင်းပါက မြန်မာပိုင်နက်ထဲသို့ ရွာပေါင်းများစွာ ရောက်ရှိသွားလိမ့်မည်”ဟု ပြောကြားကြသည်။

ထိုသို့ တိကျစွာသတ်မှတ်ထားခြင်းမပြုသေးသော နယ်စပ်တွင် ပြန်လည်စစ်ဆေးတိုင်းတာခြင်းမပြုမှီ လွန်ခဲ့သော လေးရက်ခန့်က မြန်မာဖက်မှ ခြံစည်းရိုးစတင်ကာရံခဲ့ခြင်းဖြစ်သည်ဟု မိုးရေးနှင့် သုံးကီလိုမီတာအကွာ ဟိုလန်ပိုင်း ရွာသားများက ပြောကြားသည်။

မြန်မာဖက်မှ ခြံစည်းရိုးခတ်နေသော အငြင်းပွားနေရာသည် နယ်ခြားမှတ်တိုင် အမှတ် ၂၃နှင့် ၁၀ပေကွာ တွင်ဖြစ်ပြီး၊ အနီးရှိ ဟိုလန်ပိုင်း ရွာသားများကိုလည်း ထိုနေရာကို ရှင်းလင်းထားရန်မြန်မာ အရာရှိများက တောင်းဆိုခဲ့ သည်ဟု သိရှိရသည်။

၎င်းနေရာကို ပြန်လည်တိုင်းတာခြင်းမပြုမှီ လုပ်ငန်းအားလုံးရပ်ဆိုင်းထားရန် မဏိပူရပြည်နယ်အစိုးရ တာဝန်ရှိ သူများက မြန်မာအစိုးရ အရာရှိများကို တိုက်တွန်းတောင်းဆိုထားသည်  ဟုသတင်းရရှိသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment