Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂)

မြန်မာနိုင်ငံက IAEA နှင့် နျူးကလီးယား သဘောတူညီချက် လက်မှတ်ရေးထိုးမှုကို အမေရိကန်ကြိုဆို

(20 sept 2013 ရက်စွဲပါ Washington post မှ AP ၏ US welcomes Myanmar signing nuclear agreement with  UN atomic watchdog group ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ နျူးကလီးယားစောင့်ကြည့်ရေး အဖွဲ့တို့ သဘောတူညီချက် လက်မှတ်ရေးထိုးမှုကို အမေရိကန်  ပြည်ထောင်စုက ကြာသာပတေးနေ့က ကြိုဆိုခဲ့ပါသည်။ ၄င်းမှာယခင်က အပယ်ခံနိုင်ငံ၏ တံခါးဖွင့်မှု အတွက် နောက်ဆုံး ခြေလှမ်းတစ်ရပ်ဖြစ်ပြီး အဆိုပါစာချုပ်အရ နျူးကလီးယားလုပ်ဆောင်မှုမှန်သမျှကို ကြေညာရ မည်ဖြစ်ပြီး စစ်ဆေးမှု ကိုလည်း ခွင့်ပြုရမည်ဖြစ်ပါသည်။

သို့သော် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ မြောက်ကိုရီးယားနှင့် ဆက်ဆံရေးများရှိနေခြင်းကြောင့် ရီပတ်ဗလစ်ကင် အမတ်များက အမေရိကန်အနေဖြင့် မြန်မာနိုင်ငံမှအာဏာရှိစစ်တပ်နှင့် ဆက်ဆံရေးတွင် သတိပြုရန် တိုက်တွန်းခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေခြင်းကြောင့် အိုဘားမားအစိုးရသည် မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ဖြေလျော့ရာတွင် လျင်မြန်စွာ လုပ်ဆောင်လျက်ရှိပါသည်။

ဆက်ဆံရေးမူဝါဒကို ပြုလုပ်ရန်တွန်းအားမှာ စစ်အစိုးရဟောင်းနှင့် မြောက်ကိုရီးယားတို့၏ စစ်ရေးအရ ဆက်ဆံရေးများ ပြတ်တောက်စေလိုသောကြောင့်လည်း တစိတ်တပိုင်း ပါဝင်ပါသည်။

မြန်မာနိုင်ငံသည် အင်္ဂါနေ့ကဝါရှင်တန်က ကာလရှည်ကြာကတိုက်တွန်းခဲ့သော IAEA နှင့် နောက်ဆက်တွဲ သဘော တူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ယခုလုပ်ဆောင်ချက်သည် လျို့ဝှက်သောစစ်အစိုးရက နျူးကလီး ယားလက်နက် အစီအစဉ်ကို ကြိုးပမ်းလျက်ရှိသည်ဟူသော စွပ်စွဲချက်ကိုဖြေရှင်းရာတွင် အထောက်အကူပြု မည်ဖြစ်ပါသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသာပတေးနေ့က  ပြောကြားရာတွင် ယခုသဘောတူညီချက်သည် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ  နျူးကလီးယားမပြန့်ပွားရေး စံများနှင့် အဆင့်များနှင့်အညီ  ပို၍ကိုက်ညီအောင် လုပ်ဆောင်ရာတွင်  အထောက်အကူပြုမည်ဖြစ်ကြောင်း ဆိုပါသည်။

နျူးကလီးယား မပြန့်ပွားရေးဆိုင်ရာ လွတ်လပ်သော ပညာရှင်များကလည်း လက်မှတ်ရေးထိုးမှုကို သိက္ခာ ရှိသော ခြေလှမ်းအဖြစ်ကြိုဆိုခဲ့ပါသည်။ သို့သော်သဘောတူညီချက်များအတိုင်း  အပြည့်အဝကျင့်သုံးနိုင်ရန် နှစ်အနည်း ငယ် ကြာလိမ့်မည်ဖြစ်ကြောင်း ဆိုပါသည်။

အမေရိကန်အစိုးရ၏ နျူးကလီးယား ပညာရှင်ဟောင်း Robert ကပြောကြားရာတွင် ယခုသဘောတူညီ ချက်အရ တာဝန် ခံရမည်မှာ မြန်မာနိုင်ငံသည် နျူးကလီးယား လုပ်ဆောင်မှုမှန်သမျှ ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ကြေညာရန်လိုအပ်ပြီး  မဟုတ်ပါက စုံစမ်းစစ်ဆေးမှုအတွက် ခွင့်ပြုမည် ဖြစ်သည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံ၏ ယခင်က IAEA နှင့် သဘောတူညီချက်တွင်  လူသိရှင်ကြားကြေညာရန်  အနည်းငယ်လို အပ်ချက်များ ရှိပါသည်။ ၂၀၁၀  နောက်ပိုင်းက ဗီယင်နာအခြေစိုက်အေဂျင်စီက စုံစမ်းစစ်ဆေးမှုအတွက် တောင်းဆိုရာ မြန်မာနိုင်ငံ ဖက်မှ တုန့်ပြန်မှုမရှိသည်ကို တွေ့ရပါသည်။ နျူးကလီးယား လက်နက်များအတွက် ကြိုးပမ်းနေသည်ဆို သည်ကို မြန်မာ အစိုးရ ငြင်းဆိုခဲ့ပြီး ၂၀၁၁ ခုနှစ်တွင်  ရုရှားမှသုတေသန ဓာတ်ပေါင်းဖိုရယူရန် အစီအစဉ်ကိုလည်း ရပ်ဆိုင်းပြီဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

လွန်ခဲ့သည့် ခုနစ်နှစ်ခန့်က မြန်မာနိုင်ငံသည် ဂျာမနီ၊ ဆွစ်ဇာလန်နှင့် စင်္ကာပူတို့မှ  စက်ပစ္စည်းအချို့ ဝယ်ယူခဲ့ သည်ဟု သတင်းများဖော်ပြခဲ့ရာ မြန်မာနိုင်ငံမှ ထွက်ပြေးသွားသူများနှင့် ပညာရှင်များက ယူရေနီယံသန့်စင်သည့် စက်ပစ္စည်းများဟု ကောက်ချက်ချကြပါသည်။ အချို့ပညာရှင်များကမူ ငြင်းဆိုမှုများ ရှိခဲ့ပါသည်။ မြန်မာနိုင်ငံမှ ထွက်ပြေးသွားသူများက မြန်မာနိုင်ငံတွင်  ယူရေနီယမ် တူးဖော်နေပြီး  အောက်ဆိုဒ်နှင့် Yellowcake အဖြစ်ပြောင်းရန် လုပ်ဆောင်နေသည်ဟု သတင်းပေးကြပါသည်။

မြန်မာနိုင်ငံ၏ နျူးကလီးယား ရည်မှန်းချက်များနှင့် ပတ်သက်သော စွပ်စွဲမှုများကို သုတေသနပြုသူ Kelley ကမူ စစ်အစိုးရ၏ နျူးကလီးယား အစီအစဉ်မှာ အောင်မြင်မှုမရှိဟု ယုံကြည်ခဲ့ပါသည်။ ၄င်းကပြောကြားရာတွင်  ၄င်းအနေဖြင့် မြောက်ကိုရီးယားနှင့်လည်း နျူးကလီးယား ဆက်စပ်သော အထောက်အထားများ မတွေ့ရဟုဆိုပါသည်။ အမေရိကန်အစိုးရ တာဝန်ရှိသူများကမူ မြန်မာက မြောက်ကိုရီးယားမှ ဒုံးကျည်နှင့် အခြားစစ်သုံးပစ္စည်းများ ဝယ်ယူမှုကို ပိုမို၍ပူပန်ခဲ့ကြပါသည်။ နျူးကလီးယားမဟုတ်သော လက်နက်များရောင်းဝယ်ခြင်းကို ယခုစာချုပ်မှ မကန့်သတ်နိုင် သော်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်က မြောက်ကိုရီးယားနှင့် ထိုသို့သော ကုန်သွယ်မှုများကို တားမြစ်ထားပါသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သော ကွန်ဂရက်ကြားနာမှုတစ်ခုတွင် ရီပတ်ဗလစ်ကင် အမတ်များက အိုဘားမား အစိုးရသည် မြန်မာနိုင်ငံနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်မှုမှာ မြန်ဆန်လွန်းသည်ဟု စွပ်စွဲပါသည်။ ပြီးခဲ့သည့်လက ကာကွယ်ရေးဝန်ကြီး Chuck Hagel သည် မြန်မာကာကွယ်ရေးဝန်ကြီးဌာန ပုဂ္ဂိုလ်နှင့် တွေ့ဆုံခဲ့ရာ  နှစ်နိုင်ငံစစ်တပ်များ၏ တက်ကြွသော ပူးပေါင်းဆောင်ရွက်မှုတွင် လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးမှုနှင့် ပတ်သက် ၍ အနည်းငယ်သာ ဆွေးနွေးမှု ရှိခဲ့ပါသည်။

အရှေ့အာရှ နိုင်ငံခြားရေးမူဝါဒကို ကြီးကြပ်သော  လွှတ်တော်ကော်မတီဥက္ကဋ္ဌ အိုဟိုင်းယိုးမှ ရီပတ်ဗလစ်ကင် Steve Chabot  ကပြောကြားရာတွင် အစိုးရသည် ကွန်ဂရက်၏ စိုးရိမ်ပူပန်မှုကို မျက်ကွယ်ပြုသည်ဟုဆိုပါသည်။

မြောက်ကယ်ရိုလိုင်းနားမှ နောက်ထပ် ရီပတ်ဗလစ်ကင် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ  George Holding ကပြောကြားရာတွင်  “ကျွန်တော်တို့အနေနဲ့ စစ်တပ်ချင်း အနီးကပ်ဆက်ဆံရေးမပြုမီ၊ မြန်မာစစ်တပ်ဟာ တရုတ်၊ မြောက်ကိုရီးယားတို့နဲ့ ဆက်ဆံရေး မရှိဖို့၊ ဒါမှမဟုတ် ရပ်ဆိုင်းဖို့ သေချာအောင် အရင်လုပ်သင့်ပါတယ်” ဟုဆိုပါသည်။

ကယ်လီဖိုးနီးယားမှ Dana Rohrabacher ကစွပ်စွဲပြောကြားရာတွင် မြန်မာစစ်တပ်သည် တိုင်းရင်းသားများအပေါ် လေကြောင်းမှ တိုက်ခိုက်မှုများ  ပြုလုပ်နေကြောင်း၊ ပြုပြင်ပြောင်းလဲမှုများ ရှိသော်လည်း မြန်မာနိုင်ငံမှ  ပြည်သူများအား ဖိနှိပ်မှုများ ဆက်လက်ရှိနေသေးကြောင်း ဆိုပါသည်။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment