Transparency Myanmar

transparency.myanmar@gmail.com

Current News (2)
Document

Snapshot of the item below:
Current News (2)

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ် (2)

နှစ်ဖက် တပ် တည်နေရာပြ မြေပုံအား မှတ်တမ်းတင်ရန် KIO မှ ကမ်းလှမ်း

လာမည့် အောက်တိုဘာအတွင်း ပြုလုပ်မည့် National Work Cease Fire ဆွေးနွေးပွဲတွင် နှစ်ဖက် တပ် တည်နေရာပြ မြေပုံအား မှတ်တမ်းတင်သွားရန် KIO အနေဖြင့် စက်တင်ဘာ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည့် ကေအိုင်အို Technical Team နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ တို့ အလွတ်သေဘော ဆွေးနွေးညှိနှိုင်းပွဲတွင် ကမ်းလှမ်းခဲ့ကြောင်း ကေအိုင်အို Technical Team မှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်းခါး၏ ပြောကြားချက်အရ သိရသည်။

“တပ်ပိုင်းဆိုင်ရာ ကိစ္စက လွန်ခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ တပ်ပိုင်းဆိုင်ရာ ကိစ္စရောက်ရင် ဒီ Structure ကို မဆွေး နွေးကြဘူး။ နှစ်ဦး နှစ်ဘက် ဒီကိစ္စကို ဆွေးနွေးကြရင် on the chair ပေါ် မဆွေးနွေးကြဘူး။ နှစ်ဦး နှစ်ဘက် လျှို့ဝှက်ပြီး ဆွေးနွေးကြတဲ့ အပိုင်းပဲရှိတယ်။ ဒါပေမဲ့ ဒီ တစ်ခေါက်ကျတော့ နှစ်ဘက် ကိုယ်စားလှယ် ဆွေးနွေး ပွဲမှာ Joint Monitor Committee (ပူးတွဲ စောင့်ကြည့်ရေးအဖွဲ့) ဖွဲ့သွားမှာမို့လို့၊ ပြီးရင် ဒီထဲမှာ ကျွန်တော်တို့က လက်တွေ့ တာဝန်တွေ ပို့ချရမယ်။ တာဝန်တွေ ပိုပြီးတော့ ဆောင်ရွက်ရမယ်ဆိုပြီးတော့ ကျွန်တော်တို့က ဒီတစ်ခေါက်ရဲ့ အစည်းအဝေးမှာ ဒီ စက်တင်ဘာအထိ ရှိနေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတွေမှာ ရှိနေတဲ့ အစိုးရ တပ်တည်နေရာ အနေအထားပြ မြေပုံပေါ့နော်။ ဒါတွေကို စားပွဲပေါ်တင်မယ်။ ကျွန်တော်တို့ ကေအိုင်အိုကရော လက်ရှိတပ် တည်အနေအထားပြ မြေပုံကို ပြမယ်။ နှစ်ဘက် တပ် တည်အနေအထားပြ မြေပုံကို ကျွန်တော်တို့က အဲဒီ အစည်းအဝေးမှာ မှတ်တမ်းတင်မယ်။ မှတ်တမ်း တင်ပြီးတော့ အဲဒီ အခြေခံကနေမှ တစ်ဆင့် ရှေ့တန်း ပြဿနာကို ဘယ်လိုလျှော့ချမလဲ၊ ဘယ်လို မှတ်တမ်း တင်မလဲ ဆိုတာကို လုပ်ဖို့ ကေအိုင်အိုကနေ အဆိုပြုထားတယ်” ဟု KIO Technical Team မှ ပြောရေး ဆိုခွင့်ရှိသူ ဦးဒေါင်းခါးက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအား လာမည့်  အောက် တိုဘာလတွင် ကျင်းပမည်ဟု ယေဘုယျ သိရှိထားသော်လည်း ကျင်းပမည့် နေရာအား အတိအကျ မသိရှိသေးကြောင်း နှစ်ဘက်တပ်တည်နေရာပြ မြေပုံမှတ်တမ်းတင်ခြင်းကို အစိုးရဘက်မှ သက်ဆိုင်ရာထံသို့ တင်ပြပေးမည်ဟု ငြိမ်းချမ်းရေး ကိုယ်စားလှယ်များက ပြောကြားခဲ့ကြကြောင်း ဦးဒေါင်းခါးက ပြောသည်။

အောက်တိုဘာ လက်မှတ်ရေးထိုးပွဲနှင့် ပတ်သက်၍ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင်ကလည်း လက်မှတ်ရေးထိုးပွဲတွင် အပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးမည့် အဖွဲ့ အစည်းများကို တပ်မတော်မှ စစ်ရေးအရ အပြုတ်ချေမှုန်း ပစ်မည်ကို စိုးရိမ်ကြောင်း ပြောကြားသည်။

“လက်မှတ်မရေးထိုးတဲ့ အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး မလိုလားတဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး စစ်ရေးအရ အပြုတ်ချေမှုန်းမလား မသိဘူး။ ကျွန်တော်တို့တော့ စိုးရိမ်မိတယ်” ဟု ဗိုလ်ချုပ်ဆေထင်က ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ နှင့် ကေအိုင်အို လက်နက်ကိုင်တပ်ဖွဲ့တို့ အကြားတွင် တရားဝင်နိုင်ငံရေးဆွေးနွေးပွဲများ နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှလည်း ကေအိုင်အိုသို့ ထိုးစစ်မဆင်ရန် ညွှန်ကြားထားခဲ့သော်လည်း ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်းမှ စတင်ကာ နှစ်ဖက် တိုက်ပွဲ ပေါင်း ၁၅ဝ ထက် မနည်း ဖြစ်ပွားခဲ့သည်။

ယခုကဲ့သို့ နှစ်ဖက်တပ်များအကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေမှုကို အထက်အဆင့်မှ ထိန်းချုပ်နိုင်ရန် နည်းလမ်းမှာ နှစ်ဘက်တပ် တည်နေရာပြမြေပုံအား မှတ်တမ်းတင်ခြင်းကသာ ထိရောက်နိုင်မည် ဖြစ်ကြောင်း ဦးဒေါင်းခါးက သုံးသပ်ပြောကြားသည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment