Transparency Myanmar

transparency.myanmar@gmail.com

International Media (1)
Document

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ (၁)

(AFP မှ 21 Sept 2013 ရက်စွဲပါ “Hundreds Join Myanmar march to end ethnic conflicts” သတင်းကို ဘာသာပြန်ဆိုသည်)

(Shanghai Daily မှ 22 Sept 2013 ရက်စွဲပါ “Myanmar approves UNESCO's peace education project” သတင်း ကိုဘာသာပြန်ဆိုသည်)


တိုင်းရင်းသားပဋိပက္ခအဆုံးသတ်ရေး ချီတက်ပွဲတွင် ပြည်သူရာဂဏန်းပါဝင်ဆင်နွှဲ

(AFP မှ 21 Sept 2013 ရက်စွဲပါ “Hundreds Join Myanmar march to end ethnic conflicts” သတင်းကို ဘာသာပြန်ဆိုသည်)

မနှစ်ကခွင့်ပြုချက်မရပဲ ဆန္ဒပြမှုကြောင့် လူပေါင်းများစွာအပြစ်ပေး ခံခဲ့ရပြီးနောက်တွင် ပြည်တွင်းပဋိပက္ခများ အဆုံးသတ်ရန် တောင်းဆိုသော ငြိမ်းချမ်းရေးချီတက်ပွဲတစ်ခုကို ရန်ကုန်မြို့၌ ခွင့်ပြုခဲ့သည့်အတွက် တက်ကြွလှုပ်ရှားသူ များက မြန်မာအာဏာပိုင်များကို စနေနေ့တွင် ချီးကျူးကြိုဆိုလိုက်ပါသည်။

ရန်ကုန်မြို့တွင် ပြုလုပ်သော နိုင်ငံတကာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ချီတက်ပွဲတွင် လူ ၃၀၀ ခန့် ပါဝင် ဆင်နွှဲခဲ့ကြရာ အများစုမှာ စစ်-ဆန့်ကျင်ရေးကြွေးကြော်သံများ ရိုက်နှိပ်ထားသည့် အပြာရောင်တီရှပ်များ ဝတ်ဆင်ခဲ့ကြပြီး ယင်းချီတက်ပွဲကို ရဲတပ်ဖွဲ့ဝင်အနည်းငယ်သာ စောင့်ကြပ်ခဲ့သည်။

ချီတက်ပွဲခွင့်ပြုချက်ရရှိမှုနှင့် ပတ်သက်၍ ပြောကြားသော Generation Wave စည်းရုံးလှုပ်ရှားသူ ကိုမိုးသွေး “အစိုးရအနေနဲ့ ပြည်သူတွေရဲ့အသံကို နားထောင်ဖို့လိုအပ်ပါတယ်။ ဒီလို တာဝန်ရှိတာကို အခုမှစပြီး အသိအမှတ်ပြုလာ တယ်လို့ ထင်ပါတယ်” ဟု ပြောကြားသည်။

မနှစ်က စက်တင်ဘာလတွင် ရာပေါင်းများစွာသော ပြည်သူများသည် အာဏာပိုင်များကို အာခံ၍ ရန်ကုန်မြို့ တွင်းဖြတ်ချီတက်ပွဲတစ်ရပ်ကို ကျင်းပကာ ကချင်လက်နက်ကိုင်အဖွဲ့နှင့် မြန်မာ့တပ်မတော်အကြား ဖြစ်ပွားနေသော ပဋိပက္ခ အဆုံးသတ်ရန် တောင်းဆိုခဲ့ကြသည်။

၎င်းချီတက်ပွဲနှင့် ဆက်နွယ်သူ ၁၁ ဦးကို အာဏာပိုင်များက ဖမ်းဆီးအပြစ်ပေးခဲ့သည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြားသည်။

ယခုတစ်ကြိမ် ကချင်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုအားလုံးနှင့် အာဏာပိုင်များအကြား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို တောင်းဆိုသည့် ရန်ကုန်မြို့ဖြတ်ချီတက်ပွဲ ကျင်းပခဲ့ရာ အရပ်ဖက်အဖွဲ့ အစည်း ၆၀ ခန့်မှ တက်ကြွလှုပ်ရှားသူများ ပါဝင်ချီတက်ဆင်နွှဲခဲ့ကြသည်။

မြန်မာနိုင်ငံ၏ လက်ရှိအစိုးရသည် ၂၀၁၁ ခုနှစ်အာဏာ ရရှိလာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲမှုများ၏ တစ်စိတ် တစ်ပိုင်းအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စု အမြောက်အများနှင့် အပစ်ရပ်သဘောတူညီမှုများရရှိ ထားပြီးဖြစ် သည်။

ထို့အပြင် နိုင်ငံမြောက်ပိုင်းမှ KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့နှင့်လည်း ကနဦး အကြိုသဘောတူညီမှုများ မေလ တွင် ရရှိထားပြီး ဖြစ်သော်လည်း ပြီးခဲ့သော သီတင်းပတ်များအတွင်း အပြန်အလှန်တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း နှစ်ဖက်စလုံးက သတင်းထုတ်ပြန် ထားကြသည်။

တိုင်းရင်းသားငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်၍ ကန့်လန့်ကာနောက်ကွယ်မှ အာဏာပိုင်၏ မူဝါဒချမှတ်မှုများ လည်း ရှိကောင်းရှိနိုင်သည်ဟု ရန်ကုန်မြို့မှ အကဲခတ်များက မှတ်ချက်ပေးကြသည်။


 

UNESCO ၏ Peace Education စီမံကိန်းကို မြန်မာခွင့်ပြု

(Shanghai Daily မှ 22 Sept 2013 ရက်စွဲပါ “Myanmar approves UNESO’s peace education project” သတင်း ကိုဘာသာပြန်ဆိုသည်)

ယဉ်ကျေးမှုကွဲပြားခြားနားခြင်းကို အပြန်အလှန်လေးစားမှုရှိအောင် စာသင်ကျောင်းအဆင့်တွင် အားပေးနိုင် မည့် နည်းလမ်းများအဖြစ် peace education ပညာရေးစနစ်ကို မြှင့်တင်ရန် ကတိပြုထားခြင်းကို ထပ်မံအတည်ပြု သည့်အနေဖြင့် မြန်မာအစိုးရက ရခိုင်ပြည်နယ်တွင်  UNESCO ၏ peace education စီမံကိန်းကို ခွင့်ပြုလိုက်ပြီ ဟု တနင်္ဂနွေနေ့ တရားဝင်သတင်းများက ဆိုပါသည်။

ဘယ်လ်ဂျီယံအစိုးရ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် မောင်းတော၊ ဘူးသီးတောင်၊ ရသေ့တောင် သုံးမြို့နယ်တွင် ဆောင်ရွက်မည့် ယင်းစီမံကိန်းကို UNESCO နှင့် မြန်မာအစိုးရတို့ ပူးပေါင်းအကောင်အထည်ဖော်ကြမည် ဖြစ်သည်။

အဆိုပါ စီမံကိန်းအရ ပဋိပက္ခဘေးသင့်စာသင်ကျောင်း ၄၀ မှ ဆရာ၊ဆရာမ ၃၅၀ ခန့်ကို peace education စနစ်လေ့ကျင့်ပေးမည်ဖြစ်ပြီး၊ ထို့အတွက် ကျောင်းသား ၁၀,၀၀၀ ခန့်ကို အကျိုးဖြစ်ထွန်းစေလိမ့်မည်ဟု တရားဝင် သတင်းရပ်ကွက်က ဆိုသည်။

ထို့အပြင် ၎င်းစီမံကိန်းအရ မိဘဆရာအသင်း ၄၀ ကို  ပြန်လည်ဖွဲ့စည်းရန်နှင့် ရပ်ရွာလေ့ကျင့်သင်ကြားရေး စင်တာ ၃ ခု ကိုထူထောင်သွားရန် ရည်မှန်းထားသည်ဟု သိရှိရသည်။

မနှစ်က ရခိုင်ပြည်နယ်တွင် စာသင်ကျောင်း ရာဂဏန်းအရေအတွက်နှင့် ထောင်ပေါင်းများစွာသော ကျောင်းသူ ကျောင်းသားများကို ထိခိုက်စေခဲ့သော လူမျိုးရေးအကြမ်းဖက် အဓိကရုဏ်းများအပြီးတွင် လူမျိုးရေးတင်းမာမှု အကြောင်းရင်းခံ ပြဿနာများကို ဖြေရှင်းနိုင်မည့် ဦးစားပေးနည်းလမ်းတစ်ခုအဖြစ် peace education ကို အစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက လေ့လာဆန်းစစ်ခဲ့ကြခြင်းဖြစ်သည်။

Peace Education စီမံကိန်း၏ အလုံးစုံရည်မှန်းချက်မှာ လူတိုင်းပါဝင်သော ပြဿနာဖြေရှင်းရေး လုပ်ငန်းစဉ် နှင့် ရပ်ရွာဝန်းကျင်ယေဘူယျ သဘောတူညီမှု တည်ဆောက်ရေး လုပ်ငန်းစဉ်တို့ လွယ်ကူချောမွေ့စေရန်အတွက် ကျောင်းဆရာ၊ ကျောင်းသား၊ ကျောင်းသားမိဘများ၏ စွမ်းရည်ကို အားပေးရန်နှင့် အားလုံးပါဝင်သော အရပ်ဖက်လူ ထုဆိုင်ရာ အမျိုးသားသွင်ပြင်လက္ခဏာ ဖြစ်ပေါ်ရေး အာမခံချက်ကို ခိုင်မာအားကောင်းစေရန် ဖြစ်သည်ဟု သိရှိရသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment