Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“ကျွန်တော်တို့ အနေနဲ့ နိုင်ငံတကာချေးငွေ ကိစ္စတွေမှာ လက်ရှိအနေအထားအရ ဒေါ်လာ ဘီလျံချီပြီး ချေးဖို့မဖြစ်နိုင်သေးဘဲ ဒေါ်လာ ၂၆၀ သန်းကျော်လောက်ပဲ ချေးသင့်တယ်ဆိုပြီး ကမ္ဘာဘဏ်က အကြံပြုထားတယ်။ မြန်မာနိုင်ငံရဲ့ ငွေကြေးလည် ပတ်မှုက ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်လောက်မှ တည်ငြိမ်မှုဖြစ်မှာဆိုတော့ ကြွေးတွေအများကြီးချေးထားပြီး ပြန်ဆပ်ဖို့ အခက် အခဲတွေရှိနိုင်တယ်လို့ ထောက်ပြကြတယ်။ နှစ်ရှည် Plan ကို ဆွဲပြတယ်။ ချေးငွေနဲ့ဆပ်ငွေ Balance ဖြစ်စေဖို့အတွက်ပါ။”

စက်တင်ဘာလ ၂၃ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “မြန်မာ့ငွေကြေး ခိုင်မာရေး ဆိုင်ရာ ဥပဒေတစ်ရပ်ကို နိုင်ငံခြားဘဏ်ခွဲ ဖွင့်ခွင့်အတွက် ပြန်လည်ရေးဆွဲနေပြီ” သတင်းမှ ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန် ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အခုလက်ရှိ ကျွန်တော်တို့ကို ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပေးမယ်မဟုတ်လား။ ကျွန်တော်တို့ တောင်ပိုင်း နဲ့ မိုင်းပေါက် ခရိုင်ကို အစိုးရအား ပြန်လွှဲပေးရမယ်ဆိုတာ မဖြစ်နိုင်တဲ့ဟာပဲ။ ကျွန်တော်တို့ တောင်ပိုင်းကို ဆုံးရှုံးရမယ်။ မိုင်းပေါက်ကို ဆုံးရှုံးရမယ်။ ပြည်သူလူထုကလည်း အစိုးရလက်အောက်ခံဖို့ လုံးဝလက်မခံဘူး။”

စက်တင်ဘာလ ၂၅ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၅) အမှတ် (၃၈) တွင်ပါရှိသော “ ‘ဝ’ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ ပြည်နယ်ရရှိရေး ကော်မတီဖွဲ့စည်းပြီး ထပ်မံတောင်းဆိုမည်” သတင်းမှ ‘ဝ’ ပြည် သွေးစည်း ညီညွတ် ရေး တပ်မတော် UWSA မှ ပြင်ပဆက်ဆံရေးဌာန ဆက်ဆံရေးမှူး ဦးဆမ်ခွန်း ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“စနစ်သစ်တစ်ခုကို ကူးပြောင်းကာစအချိန်မှာ ပြည်သူတွေမှာ မျှော်လင့်ချက်တွေ ကြီးကြီးမားမားရှိနေတတ်တာ သဘာဝ ကျပါတယ်။ မျှော်လင့်ချက်ကြီးမားနေတဲ့ ပြည်သူတွေ မျှော်တော်ဇောနဲ့ မောမသွားဖို့လိုပါတယ်။ ဒါကြောင့် ခေါင်းဆောင် ကောင်းတွေဟာ ပထမဦးစွာ ပြည်သူတွေရဲ့ စိုးရိမ်သောကတွေကို ပြတ်ပြတ်သားသား ဖြေရှင်းရပါမယ်။ အထူးသဖြင့် လူများ စုဖြစ်တဲ့ တောင်သူလယ်သမားနဲ့ ဆင်းရဲသားဖြစ်တဲ့ အောက်ခြေ အလုပ်သမားတို့ရဲ့ အရေးကို ဦးစားပေးရမှာ ဖြစ်ပါတယ်။ မူဝါဒမှန်သမျှ သူတို့ရဲ့ အကျိုးစီးပွားပါဖို့ လိုပါတယ်။”

စက်တင်ဘာလ ၂၆ ရက်နေ့ထုတ် Envoy ဂျာနယ် အတွဲ (၄) အမှတ် (၁၇) တွင်ပါရှိသော  “တောင်သူ လယ်သမားနဲ့ အလုပ်သမား အကျိုးစီးပွားကို အဓိကဦးစားပေးဖို့ အမျိုးသား လွှတ်တော် ဥက္ကဌပြော” သတင်းမှ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်


“ကချင်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးသား။ အဲဒီလိုထိုးပြီးသားဟာကို အခုအချိန်မှာ အပစ်အခတ်ရပ် စဲရေး လုပ်တာကြာပြီဖြစ်တဲ့အတွက် အခြေအနေလေး ပြန်သုံးသပ်မယ်ဆိုတဲ့ အဆင့်လောက်ပဲ လုပ်ပြီးတော့ သူတို့ လက်မှတ် ထိုးပြီးသား အနေအထားကနေပြီးတော့ ငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာမျိုးသွားမယ်ဆိုရင် အကောင်းဆုံး ဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။ အစိုးရက ဒီအချိန်မှာ သူတို့ လက်မှတ်ထိုးပြီးသားကို ပြန်အသစ်ထိုးပါဆိုပြီး ဖိအားပေးနေ တာကြတော့ သူတို့ဘက်ကကျ ဒါဟာသူတို့ လေးလေးနက်နက်နဲ့ လက်မှတ်ထိုးပြီးသားကို အသိအမှတ်မပြုဘူးဆိုရင် ဘယ်လိုယုံရမလဲဆိုတာ အမြင်ဟာ ရှိတတ်ပါတယ်။ ရှိလဲရှိနိုင်တယ်။ ရှိလည်းရှိသင့်တယ်လို့ ကျွန်တော်မြင်တယ်လေ။ ကချင်မပါဘဲနဲ့ တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးလုပ်တယ်ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။ အားလုံးပါပြီးတော့မှ လုပ်မှဖြစ် မယ်။”

စက်တင်ဘာလ ၂၃ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၅၀) အမှတ် (၈) တွင်ပါရှိသော “အပစ်အခတ်ရပ်စဲရေးပြုလုပ်ရာတွင် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များထည့်သွင်းရန် အရေးကြီးပြီး ကချင်မပါဘဲ နှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်မည်ဆိုပါက အဓိပ္ပာယ် မရှိဟုဆို” သတင်းမှ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ၏ အဓိပတိကောင်စီ ဒေါက်တာ ဆလိုင်းလျန်မုန်း ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အစိုးရရဲ့ တိုက်ရိုက်အမိန့်အတိုင်းပဲ ဆောင်ရွက်ခဲ့တယ်။ အစိုးရရဲ့ လမ်းညွှန်ချက်အတိုင်းလုပ်တဲ့ တရားသူကြီး တွေဆိုရင် သူတို့မှာ ဘယ်လိုအပြစ်တွေပဲရှိနေရှိနေ ရာထူးတွေ တိုးတက်ချီးမြှင့်ခြင်းခံရသလို အစိုးရလမ်းညွှန်ချက်အတိုင်း မလုပ်ခဲ့တဲ့ တရားသူကြီးတွေကတော့ အရေးယူအပြစ်ပေးခံရတယ်။ ဒါ့ကြောင့် တရားစီရင်ရေး မဏ္ဍိုင်က ယိမ်းယိုင်ပျက်စီးခံခဲ့ရတယ်လို့ ဆိုနိုင်တယ်။”

စက်တင်ဘာလ ၂၃ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “လွတ်လပ်သည့် တရားစီရင် ရေး မဏ္ဍိုင်ဖြစ်ရန် လိုအပ်နေပြီဟု တရားလွှတ်တော်ရှေ့နေဆို” သတင်းမှ လွှတ်တော်ရှေ့နေ ဦးဌေးဦး ၏ ပြောကြားချက်အားကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment