Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“တပ်မတော်မှာလည်း ကလေးစစ်သားတွေရှိနေဆဲဆိုတာ ကျွန်တော်တို့မှာ သက်သေအထောက် အထားတွေရှိတယ်။ လက်နက်ကိုင်တွေမှာလည်း ကလေးစစ်သားတွေရှိတယ်ဆိုတာ သက်သေပြဖို့ ခက်ခဲပေမယ့် ဒေသခံတွေရဲ့ ပြောကြားချက်အရ သိတယ်။ ဒီတော့ တပ်နဲ့လက်နက်ကိုင်ကြားမှာ အာမခံနိုင်တဲ့ နိုင်ငံရေး တည်ဆောက်မှုရှိမှ ဖြစ်မယ်။ အဲလို ငြိမ်းချမ်းမှုမရှိ သရွေ့ကလေးစစ်သားဆိုတာ ရှိနေမှာပဲ။”

စက်တင်ဘာလ ၂၄ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “စစ်မှန်သော ငြိမ်းချမ်းရေးရရှိမှသာ ကလေးစစ်သားပပျောက်မည်ဟုဆို” သတင်းမှ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ အဖွဲ့ငွေကြေးနှင့် အစီအစဉ် တာဝန်ခံဦးမောင်မောင်လေး ၏ပြောကြားချက်အားကောက်နှုတ်ချက်။


“သန်းခေါင်စာရင်းကိစ္စအပြင် ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို ဆွေးနွေးကြမှာဖြစ်တယ်။ ဘယ်သူတွေ ပါမယ်ဆိုတာမသိဘူး။ လာမယ်ဆိုတာ နှစ်ခုရှိတယ်။ တစ်ခုက သန်းခေါင်စာရင်း ကောက်ဖို့၊ နောက်တစ်ခုက ပြည်မက လုပ်အား။ ပြည်မက ဒီအလုပ် လက်မဲ့လုပ်အား။ ‘ဝ’ ဒေသမှာ လာပြီးတော့ အလုပ်လုပ်ဖို့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ကူညီလုပ်ဖို့ကိစ္စ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်က ကျိုင်းတုံတြိဂံတိုင်း စစ်ဌာနချုပ်မှာ ဒီကိစ္စ တွေကို နှစ်ဖက်ထပ်မံဆွေးနွေးဖို့ သဘောတူထားချက်အတိုင်း ဦးသိန်းဇော် ခေါင်းဆောင်တဲ့အဖွဲ့ လာရောက် ကြတာဖြစ်ပါတယ်။”

စက်တင်ဘာလ ၂၄ ရက်နေ့ထုတ် ရွှေနိုင်ငံသစ် နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “‘ဝ’ ပြည်နယ် အဖြစ် အသိအမှတ်ပြုဖို့ တောင်ကြီးဆွေးနွေးပွဲမှာတောင်း၊ သန်းခေါင်စာရင်းနဲ့ ဖွံ့ဖြိုးရေးကိစ္စ ဆွေးနွေးကြမယ်” သတင်းမှ ‘ဝ’ တပ်ဖွဲ့ UWSA မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“လုပ်ငန်းသုံးရပ်နဲ့ဆောင်ရွက်နေပါတယ်။ တစ်ခုက ဝန်ကြီးဌာနကိုယ်တိုင်ပေါ့။ နောက်တစ်ခုက ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေပေါ့။ သူတို့နဲ့ပူးပေါင်းဆောင်ရွက်နေတယ်။ နောက်တစ်ခုကတော့ ပြည်ပရင်းနှီးမြှုပ်နှံ မှုတွေပေါ့။ အရင်က အစိုးရဘတ်ဂျတ်နဲ့ပဲ ရပ်တည်လာရတာ။”

စက်တင်ဘာလ ၂၄ ရက်နေ့ထုတ် The Voice နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “လျှပ်စစ်ဓါတ်အားကဏ္ဍ ပုဂ္ဂလိကပါဝင်မှု မြှင့်တင်လျက်ရှိဟုဆို” သတင်းမှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မြတ်ထူး ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“အစိုးရကနေ လွှတ်တော်မှာ လုပ်ပေးပါ့မယ်လို့ ကတိပေးထားတဲ့ လုပ်ငန်းတွေ တကယ်ပဲလုပ်ပြီး မပြီး ကျွန်မတို့ ကော်မတီက ကွင်းဆင်းစစ်ဆေးတာပါ။ ကော်မတီက အဖွဲ့တွေခွဲပြီး ဆင်းစစ်တာ။ တွေ့ရှိချက်တွေကို အစီရင်ခံစာပြုစုပြီး လာမယ့် လွှတ်တော်အစည်းအဝေးပြန်စမယ့် အောက်တိုဘာလလယ်လောက်မှာ တင်သွင်းသွားမယ်။”

စက်တင်ဘာလ ၂၄ ရက်နေ့ထုတ် 7 Days နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “အစိုးရက ဆောင်ရွက်မည် ဟု ကတိပြုထားသော ကိစ္စရပ်များ စိစစ်တွေ့ရှိမှု အောက်တိုဘာလတွင် လွှတ်တော်တင်မည်” သတင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 

“ရည်မှန်းတာထက်ပိုပြီးတော့လည်း အောင်မြင်တယ်။ ဒီနေ့ရလဒ်အရဆိုတော့ ဒီမှာလုပ်ခဲ့တဲ့ ညီလာခံဟာ ကျွန်တော်တို့  ပြော၊ ပြောနေကြတဲ့ ပင်လုံစိတ်ဓါတ်အခြေခံတဲ့ ညီလာခံကြီးရဲ့ အကြို ညီလာခံ ဖြစ်သွားပြီ၊ ရှေ့ဆက်ပြီးတော့ ဒီလိုညီလာခံမျိုးတွေ နောက်ဆုံးအဆင့်ညီလာခံ မရောက်မချင်း ကြားထဲမှာလည်း အလားတူ ညီလာခံ လုပ်သွားပါမယ်။”

စက်တင်ဘာလ ၂၄ ရက်နေ့ထုတ် အင်ပါယာနေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “တောင်ကြီးမြို့တွင် ကျင်းပသော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးဆွေးနွေးပွဲ အချက် (၅) ချက် ထုတ်ပြန်၍ အောင်မြင်စွာ ပြီးဆုံး” သတင်းမှ ကယန်းပြည်သစ်ပါတီတွဲဘက်အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီးစောလွင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment