Transparency Myanmar

transparency.myanmar@gmail.com

International Media (1)
Document

Snapshot of the item below:
International Media (1)

-

နိုင်ငံတကာသတင်းများ (၁)

(Bangkok Post မှ  23 sept 2013 ရက်စွဲပါ “Thaksim bumps into Suu Kyi ” သတင်းကို ဘာသာပြန်ဆိုသည်)

(Thanh Nien  News  မှ  19 Sept 2013 ရက်စွဲပါ “Vietnam developer  to build industrial zone in Myanmar ” သတင်းကို ဘာသာပြန်ဆိုသည်)


ဒေါ်အောင်ဆန်းစုကြည်နှင့် သက်ဆင် မမျှော်လင့်ပဲဆုံ

(Bangkok Post မှ  23 sept 2013 ရက်စွဲပါ “Thaksim bumps into Suu Kyi ” သတင်းကို ဘာသာပြန်ဆိုသည်)

ပြည်ပရောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ က ၂၀၁၃ ဖော်မြူလာဝမ်း စင်ကာပူ ဂရင်းပရီပြိုင်ပွဲတွင် မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မမျှော်လင့်ဘဲ (သို့)  မတော်တဆ  တွေ့ဆုံနေသည့် ဓါတ်ပုံကို ၄င်း၏  Instagram တွင် တင်ထားပါသည်။

စင်ကာပူသို့ စီးပွားရေးကိစ္စဖြင့် ရောက်ရှိနေသော သမီးနှစ်ဦးနှင့်သမက်ကို တွေ့ဆုံရန်အတွက် ဖော်မြူလာဝမ်းကားပြိုင်ပွဲသို့ လာရောက်ခြင်းဖြစ်သည်ဟု သက်ဆင် က ဆိုပါသည်။

“ဖော်မြူလာဝမ်းပြိုင်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်မမျှော်လင့်ဘဲ ဆုံမိပါတယ်။ သူ့ကိုကြည့်ရတာ ကျန်းကျန်းမာမာ ၊ ပျော်ပျော်ရွင်ပါပဲ ” ဟု ဝန်ကြီးချုပ်ဟောင်းသက်ဆင်က ၄င်း၏ အင်စတာဂရမ် @thaksimlive တွင် တနင်္လာနေ့ နံနက်က ရေးသားထားသည်။

၎င်းအင်စတာဂရမ်တွင် တနင်္ဂနွေနေ့ညက  တင်ထားသောပို့စ်တွင်မူ သက်ဆင်ကို သမီးနှစ်ဦးဖြစ်သော ပင်သောင်သာ ၊ ပယ်သောင်တန် တို့နှင့်အတူ တွေ့ရပြီး “ဒီနေ့ စင်ကာပူမှာ ဖော်မြူလာဝမ်းပြိုင်ပွဲကြည့်ဖို့ သမီးတွေကို ခေါ်သွားတယ်။ တကယ်ကို ကောင်းတဲ့အတွေ့အကြုံသစ် တစ်ခုပါပဲ” ဟု သက်ဆင်က ရေးသားထားသည်။

ဝန်ကြီးချုပ်ဟောင်းသက်ဆင်သည် မြန်မာအစိုးရ အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)နှင့် ရင်းနှီးသူဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနားယူပြီးသော ကာလမှာပင် ထားဝယ်စီမံကိန်းကိစ္စနှင့် ပတ်သက်၍ လာရောက်ဆွေးနွေးလေ့ရှိသူဖြစ်သည်။

စီးပွားရေးအကွက် မြင်လွန်းသော သက်ဆင်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာရှိဆဲဟု လက်ခံထား သူဖြစ်ရာ ယခုကဲ့သို့ စင်ကာပူတွင်  ဒေါ်အောင်ဆန်းစုကြည်နှင့် မတော်တဆ ဖြစ်စေ၊ တမင်ဖြစ်စေ ဆုံတွေ့ခြင်းသည် မြန်မာနိုင်ငံ၏ တစ်ရွေ့ရွေ့ ပြောင်းလဲနေသော နိုင်ငံရေး အခင်းအကျင်းကို  အနည်းအကျဉ်း အသိအမှတ်ပြုလာသည့် သဘောဟု ယူဆရကြောင်း အကဲခတ်လေ့လာသူများကာ မှတ်ချက်ပေးကြသည်။


  မြန်မာနိုင်ငံတွင် စက်မှုဇုန်ထူထောင်ရန်  ဗီယက်နမ် ကုမ္ပဏီ ကြိုးစား

(Thanh Nien  News  မှ  19 Sept 2013 ရက်စွဲပါ “Vietnam developer  to build industrial zone in Myanmar ” သတင်းကို ဘာသာပြန်ဆိုသည်)

ဟိုချီးမင်းမြို့တော် အခြေစိုက် အိမ်ခြံမြေ လုပ်ငန်းနှင့် လက်လီဖြန့်ချီရေးလုပ်ငန်း လုပ်ကိုင်သူ C.T Group က မြန်မာနိုင်ငံတွင် စက်မှုဇုန်ထူထောင်ရန်အတွက်  မြန်မာအစိုးရထံ အဆိုပြုလွှာ တင်သွင်းထားသည်ဟု သိရှိရသည်။

သြဂုတ်လကုန်ပိုင်းက နေပြည်တော်တွင် ဒုတိယသမ္မတဦးဥာဏ်ထွန်းနှင့် တွေ့ဆုံစဉ် ကုမ္ပဏီအလုပ်အမှု    ဆောင်များက ၄င်းအစီအစဉ်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း ကြာသာပတေးနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ကုမ္ပဏီက ပြောကြားသည်။

ရန်ကုန်မြို့တွင် ထူထောင်ရန် အဆိုပြုထားသော ဗီယက်နမ်-မြန်မာစက်မှုဇုန်တွင်  ဗီယက်နမ် ကုမ္ပဏီများ စက်ရုံထူထောင်ရန် အခွင့်အလမ်းရရှိကြမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် စက်ရုံထူထောင်ရန်အတွက် မြေနေရာ အခက်အခဲဖြစ်နေသော ဗီယက်နမ်ကုမ္ပဏီများက ၄င်းအစီအစဉ်ကို ပံ့ပိုးအားပေးခဲ့ကြသည်ဟုလည်း သိရှိရသည်။

ပြီးခဲ့သော မတ်လက ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၏ တရားဝင် ဗီယက်နမ် ခရီးစဉ်တွင် ဟိုချီမင်းမြို့တော်ရှိ  C.T Group ရုံးသို့ လာရောက်လည်ပတ်စဉ် အဆိုပါစက်မှုဇုန်နှင့် ပတ်သက်သည့် အစီအစဉ်များကို ကုမ္ပဏီက ပထမဦး ဆုံး တင်ပြခဲ့ပြီးဖြစ်သည်။

မြန်မာဒုတိယသမ္မတ ဦးဥာဏ်ထွန်းကလည်း ၄င်းစီမံကိန်းအပါအဝင် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် အစီအစဉ်များကို ကူညီမည်ဟု ကတိပေးထားသည်။

ဗီယက်နမ် C.T Group သည် ၄င်း၏ ကုန်ပစ္စည်းများကို ဗီယက်နမ်၊ အင်ဒိုနီးရှား နှင့် မြန်မာနိုင်ငံတို့တွင် ဖြန့်ဖြူး ရန်အတွက်  C.T VIM ကုမ္ပဏီကိုလည်း ဖွဲ့စည်းထူထောင်ထားသည်။

ဗီယက်နမ်နိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာ တာဝန်ယူခဲ့စဉ်က ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ နေရာအတွက် မြန်မာနိုင်ငံကို ထောက်ခံပေးခဲ့ခြင်းကြောင့်  ရန်ကုန်မြို့လယ် စက်မှု (၁) ဝန်ကြီးဌာနပိုင် မြေနေရာတွင် ဟိုတယ်ဆောက်လုပ်ခွင့်ကို ယခင်တပ်မတော်အစိုးရထံမှ ရရှိခဲ့ဖူးသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment