Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေ တရားဝင်အခွင့်အရေး အပြည့်အဝရရှိရေးတွေ၊ တန်းတူအခွင့်အရေးတွေ ရရှိဖို့အတွက် အခုလိုအစည်းအဝေးတွေလုပ်ပြီး ကြိုးပမ်းနေကြတာပါ။ နိုင်ငံအားလုံးရဲ့ သဘော တူညီမှုနဲ့ အားလုံးလိုက်နာရမယ့် တူညီချက်၊ သတ်မှတ်မှုစံနှုန်းရဖို့တော့ အတော်ကြိုးစားရပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံ တိုင်းက ကိုယ့်လူမျိုးအကျိုး ရှေးရှုပြီး လုပ်နေကြတာကိုး။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဥပဒေလည်း အားလုံးမတူကြဘူး။ သတ်မှတ် ချက်တွေရော၊ ယဉ်ကျေးမှုတွေရောပေါ့။ ဒါ့ကြောင့် အတော်ကြိုးစား ရပါဦးမယ်။ ၂၀၁၃ အကုန်မှာ ရွှေ့ပြောင်းအလုပ်သမား များရဲ့ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်း နဲ့ မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံစာချုပ်(မူကြမ်း) ထွက်နိုင်အောင် ကြိုးစားနေတယ်။ ၂၀၁၄ မှာ ကျင်းပမယ့် အာဆီယံ အလုပ်သမားဝန်ကြီးများအစည်းအဝေးမှာ ရွှေ့ပြောင်းအလုပ်သမားကိစ္စနဲ့ ပတ်သက်ပြီး အပြုသဘော တစ်ရပ်ရရှိစေဖို့ အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးဝိုင်းဝန်းကြိုးစားနေပါတယ်”

စက်တင်ဘာလ ၂၅ ရက်နေ့ထုတ် ပြည်မြန်မာနေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “အာဆီယံနိုင်ငံ ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်း နှင့် မြှင့်တင်ခြင်းဆိုင်ရာ စာချုပ်ကိစ္စ ဆွေးနွေး” သတင်းမှ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“ကျွန်တော်တို့အဖွဲ့အနေနဲ့ကတော့ အခြေခံစဉ်းစားတာနှစ်ချက်ရှိပါတယ်။ တစ်ခုကတော့ ဒီအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကြီးမှာ အဖွဲ့အားလုံးပါဖို့လိုပါတယ်။ တစ်ဖွဲ့တစ်လေ ကျန်တာကျန်ပါစေ။ နောက်မှ ထိုးခိုင်းမယ်။ ရှိတဲ့သူ ထိုးပါဆိုရင်တော့ ကျွန်တော်တို့ ဆန့်ကျင်တယ်။ ဥပမာတစ်ခုပြောရမယ်ဆိုရင်တော့ KIO မပါရင် ကျွန်တော် တို့လည်း ပါမှာမဟုတ်ဘူး။ နောက်တစ်ချက်က လက်နက်ကိုင် တော်လှန်ရေး လုပ်တာဟာ နိုင်ငံရေးပြဿနာကြောင့် ဖြစ်တယ်။ နိုင်ငံရေးပြဿနာကို ပစ်ပယ်ပြီး အပစ်အခတ်ရပ်စဲရေးပဲ လုပ်လိုက်ကြ။ နောက်မှ ကြည့်လုပ်ပါ့မယ် ဆိုရင်တော့ ကျွန်တော်တို့ မပါနိုင်ပါဘူး”

စက်တင်ဘာလ ၂၅ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “အောက်တိုဘာ နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးပွဲတွင် အဖွဲ့အားလုံးမပါဝင်ပါက အပစ်ရပ်ပြီးသည့် အဖွဲ့များပါ ပါဝင်ဖွယ်မရှိဟုဆို” သတင်းမှ ကယန်းပြည်သစ်ပါတီမှ တွဲဖက်အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စောလွင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တပ်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ရင် ကချင်လက်နက်ကိုင်အဖွဲ့က ကချင်လူမျိုးရှိတဲ့နေရာကို ပြည်သူ့စစ် လိုမျိုးဖွဲ့ပြီး လက်နက်တွေ တပ်ဆင်ပေးလိုက်တယ်။ အဲဒီနယ်မြေကို သူတို့နယ်မြေဆိုပြီး ပြောလို့မရဘူး။ ပြည်သူရှိတဲ့နေရာမှာ သူတို့နေရာဆိုပြီး စခန်းတွေလာတိုးချဲ့ရင်တော့ မသင့်မြတ်တာတွေ ဖြစ်မှာပဲ”

စက်တင်ဘာလ ၂၅ ရက်နေ့ထုတ် ရွှေနိုင်ငံသစ် နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “KIO/KIA နဲ့ ဒီတစ်ခါ ဆွေးနွေးရင် ရှမ်းနီပါမယ်၊ တပ်ပိုင်းဆိုင်ရာကိစ္စကို အသေးစိတ်ဆွေးနွေးမယ်” သတင်းမှ တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်ရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဆန္ဒထုတ်ဖော်မယ့်သူတွေအတွက်ကို လိုအပ်တဲ့ကန့်သတ်ချက်တွေထားရှိတဲ့ ဥပဒေမျိုးတွေရှိသလို အင်္ဂလန်နိုင်ငံမှာဆို တစ်ဦးချင်းဆန္ဒထုတ်ဖော်တဲ့ နေရာပေးထားတယ်။ အဲဒီလိုမျိုးပဲ မြန်မာနိုင်ငံမှာလဲ ဆန္ဒထုတ်ဖော် မယ့်နေရာတစ်ခုပြန်လည် ဖန်တီးပေးလိုက်နိုင်မယ်ဆိုရင် လမ်းပေါ်ထွက်ဆန္ဒပြတာတွေ လျော့နည်းသွားမှာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံက   ပေးထားတဲ့ အခွင့်အရေးတွေကို ပိုမိုရရှိလာမှာ ဖြစ်ပါတယ်”

စက်တင်ဘာလ ၂၅ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ် သတင်းစာ တွင်ပါရှိသော “ရန်ကုန်တွင် တရားဝင်ဆန္ဒပြဖို့ နေရာတောင်းဆို” သတင်းမှ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွှန့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့ ကလေးဒေသအတွက် လွှတ်တော်မှ တင်ပြတောင်းဆိုခဲ့တာတွေရှိတယ်။ ဥပမာ- မဟာဓါတ်အားလိုင်း ဆိုပါ တော့ (၂၀၁၃-၂၀၁၄) မှာစမ်း။ အခုထိ ဘာမှတိုင်းတာချက်မရှိသေးဘူး။ နောက် ကလေးမြို့ ဆေးရုံတိုးချဲ့ဖို့ ဘာမှမ လုပ်သေးဘူး။ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး အဆောက်အဦးတွေ လုပ်စရာလုပ်ငန်းတွေ အများကြီးဖြစ်ပါတယ်။ လွှတ်တော်က ခွင့်ပြုခဲ့ပေမယ့် သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက် နှေးကွေးနေတဲ့အတွက် အောက်ခြေမှာ အခက် အခဲတွေနှင့် ကြုံနေရတယ်။”

စက်တင်ဘာလ ၂၇ ရက်နေ့ထုတ် လူထုပုံရိပ်သတင်းဂျာနယ် အတွဲ (၁) အမှတ် (၅၂) တွင်ပါရှိသော “လွှတ်တော်ဆုံးဖြတ်ချက် သက်ဆိုင်ရာဌာနလုပ်ဆောင်မှု နှေးကွေးဟုဆို” သတင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်လှိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment