Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ခွင့်နှင့် ပတ်သက်သည့်အချက်များအား ပြင်ရန်မလိုအပ် ဟု တ.စ.ည ပါတီပြော

မြန်မာနိုင်ငံတွင် တပ်မတော်အစိုးရလက်ထက်က ရေးဆွဲခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပါဝင်သည့် သမ္မတဖြစ်ခွင့်နှင့် စပ်လျဉ်းသည့်ပုဒ်မများကို ပြင်ဆင်ရန် မလိုအပ်ကြောင်း တိုင်းရင်းသား  စည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးသိန်းထွန်းက စက်တင်ဘာလ ၂၄ ရက်၌ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းတွင်ရှိသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရုံးချုပ်၌ ပြုလုပ်သည့် (၂၅)နှစ်ပြည့် ငွေရတုအခမ်းအနားတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဆွေးနွေးပွဲ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသော သမ္မတ၊ ဒု-သမ္မတ အရည်အချင်း သတ်မှတ်ချက်များသည် နိုင်ငံတော်အကြီးအကဲများအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး အမျိုးသားညီလာခံ ကျင်းပစဉ်တည်းကပင် ဆွေးနွေးခဲ့ပြီး လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သော သမ္မတ၊ ဒုသမ္မတ အရည်အချင်းသတ်မှတ်ချက်သည် လုံလောက်နေသဖြင့် ပြင်ဆင်ရန်မလိုအပ်ခြင်းဖြစ်သည်ဟု  တ.စ.ညပါတီ ဗဟိုအလုပ် အမှုဆောင် ဦးဟန်ရွှေကလည်း ပြောကြားခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃) ပုဒ်မ(၅၉)(စ)တွင် သမ္မတ၊ ဒု-သမ္မတဖြစ်ခွင့် ရှိသူ၏ အရည်အချင်းကန့်သတ်ချက်များနှင့်ပတ်သက်၍ “မိမိကိုယ်တိုင်သော်လည်းကောင်း၊ ဇနီး သို့မဟုတ် ခင်ပွန်း၊ သားသမီး၊ သားသမီး၏ ဇနီး/ ခင်ပွန်းသည် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ”ဟု ပါရှိသည်။

“ဒီပုဒ်မက သမ္မတဖြစ်မယ့်သူ ရှိသင့်တဲ့အချက်တွေ ရေးထားတာဖြစ်တယ်။ နိုင်ငံခြားသားနဲ့ လက်ထပ်သူဖြစ်စေ၊ သူ့မိဘသားသမီး သမက်ချွေးမကအစ နိုင်ငံခြားသားဖြစ်ရင် ခွင့်မပြုဘူးဆိုတာက နိုင်ငံအတွက် လိုအပ်လို့ပြဋ္ဌာန်းထားတာ ဖြစ်တဲ့အတွက် ပြင်စရာမလိုဘူး”ဟု ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးသိန်းထွန်းက ဝေဖန်ပြောဆိုခဲ့သည်။

၂၀၀၈  ခုနှစ် ဖွဲ့စည်းပုံအခြခံဥပဒေတွင် ရေးဆွဲထားသည့် သမ္မတအရည်အချင်း သတ်မှတ်ချက်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပိုင်ခွင့်မရှိစေရန်ရည်ရွယ်ပြီး ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု ဒီမိုကရေစီ အင်အားစုများနှင့် နိုင်ငံတကာမှ သုံးသပ်ခဲ့ကြသည်။

“တိုင်းရင်းသားတွေကတော့ ပြင်ဆင်ရင် ပြင်ဆင်ချင်တာပဲ ပြင်မယ်။ မပြင်ချင်တာကိုထားခဲ့မယ်။ ဒါကြောင့် အသစ်ရေးဆွဲလိုက်တာ ကောင်းတယ်ဆိုပြီး၊ ပြောကြတယ်။ တိုင်းရင်းသားညီလာခံမှာ အသစ်ပြန်လည်ရေးဆွဲဖို့ သဘောတူ ထားတယ်”ဟု UNA အဖွဲ့ဝင် ဦးအေးသာအောင်က ယင်းအမြင်ကို ပြောဆိုခဲ့သည်။

လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် NLD နှင့် တိုင်းရင်းသားပါတီများက ဆောင်ရွက်နေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပါဝင်သော ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့(UNA) တို့ကလည်း အခြေခံဥပဒေအား အသစ်ပြန်လည်ရေးဆွဲရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

သမ္မတ၊ ဒု-သမ္မတ များ၏ အရည်အချင်းကန့်သတ်ချက်များနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က ယင်းပုဒ်မသည် မိမိအတွက်၊ နိုင်ငံအတွက် မလိုအပ်သဖြင့် ပြင်ဆင်ရမည့်ပုဒ်မ ဖြစ်သည်ဟု ၂၀၁၃ ခုနှစ် ဇန်နဝါရီလက ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့ဖူးကြောင်း သိရသည်။

၂၀၁၁ ရွေးကောက်ပွဲတွင် တ.စ. ည သည် မဲဆန္ဒနယ် ၉၉၇ နေရာဝင်ရောက်ယှဉ်ပြိုင်ရာ၌ ၆၄ နေရာ အနိုင်ယူရရှိခဲ့သော်လည်း ၂၀၁၂ ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒနယ်တိုင်း ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

 YC


မြန်မာ့လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ကမ္ဘာ့ဘဏ်ကူညီမည်

လက်ရှိ မြန်မာနိုင်ငံအတွင်း လိုအပ်ချက်အထူးမြင့်မားလျက်ရှိသော လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လွှတ်နိုင်ရေး အတွက် လျှပ်စစ် ဓာတ်အားပေး စက်ရုံတစ်ရုံ ထပ်မံတည်ဆောက်ရာတွင် ကမ္ဘာ့ဘဏ်မှ အကူအညီများ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်မှ အဆိုပါ အသစ်တည်ဆောက်မည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကို အတိုးမဲ့ချေးပေးသွားမည်ဖြစ်ပြီး ယင်းဓာတ်အားပေးစက်ရုံကို မွန်ပြည်နယ်အတွင်းတည်ဆောက်သွား မည်ဖြစ်ကြောင်း သိရသည်။ ယင်းဓာတ်အားပေးစက်ရုံတည်ဆောက်ပြီးစီးသွားပါက မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး မှု တိုးချဲ့ရေး အစီအစဉ်ကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်မှယခုကဲ့သို့ မြန်မာ့လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးခြင်းသည် မြန်မာ့စွမ်းအင်ကဏ္ဍအတွက် မှတ်တိုင်တစ်ခုဖြစ်လာနိုင်မည်ဖြစ်ပြီး ယင်းဓာတ်အားပေးစက်ရုံကို စရိတ်စကအသက်သာဆုံး အသုံးပြု၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုတွင် ဆင်းရဲမွဲတေမှု လျော့ချရေးအတွက် များစွာအလားအလာ ရှိပါသည်။ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးမှု စိတ်ချလာရသည်နှင့်အမျှ အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ဘဝများ တိုးတက်လာမည် ဖြစ်ပါသည်”ဟု ကမ္ဘာ့ဘဏ်၏ မြန်မာပြည်မန်နေဂျာ Kanthan Shankar က ပြောကြားခဲ့သည်။

ထိုသို့ လျှပ်စစ်ဓာတ်အားပေးစက်ရုံသစ်တစ်ခု တည်ဆောက်ရာတွင် မူလတာဘိုင်စက်အပောာင်းများကို ဓာတ်ငွေ့သုံး ခေတ်မီ တာဘိုင် စက်သစ်များဖြင့် အစားထိုးသွားမည်ဖြစ်သည့်အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်စွမ်း ၂၅၀ ရာခိုင်နှုန်းပိုများလာနိုင်ပြီး ထုတ်လုပ်မှုပမာဏ ပိုနည်းလာနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်းက ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ကြီးမားမှုများနှင့်အတူ လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ပွားခဲ့သည့်အတွက် ဆန္ဒပြမှုများ ဖြစ်ခဲ့ပြီး အစိုးရမှ ဓာတ်အားဖြည့်ဆည်းမှုမြှင့်တင်နိုင်မည့်  အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်။

YC


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment