Transparency Myanmar

transparency.myanmar@gmail.com

Current News (2)
Document

Snapshot of the item below:
Current News (2)

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ် (2)

မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းမှ ရရှိသည့် ဓာတ်ငွေ့ဖြင့် တည်ဆောက်မည့် မြင်းခြံနှင့် ကျောက်ဆည်မြို့များရှိ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများအတွက် စတင်၍ တင်ဒါခေါ်ယူ

မြင်းခြံမြို့ နှင့် ကျောက်ဆည်မြို့တွင် တည်ဆောက်သွားမည်ဖြစ်သည့် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ နှစ်ခုကို မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းမှ ရရှိသည့်ဓာတ်ငွေ့ဖြင့် လည်ပတ်မည် ဖြစ်ပြီး အဆိုပါ တည်ဆောက်မည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ နှစ်ခုအတွက် ရင်းနှီးမြှုပ်နှံမည့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအနေဖြင့် တင်ဒါများ စတင်လျှောက်ထား နိုင်ပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ သဘာဝ ဓာတ်ငွေ့ကဏ္ဍမှ ၇၅၆ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန်အတွက် မဂ္ဂါဝပ် ၁ဝဝ နှင့် ၁၅၈ အကြား ထုတ်ယူနိုင်သည့် စက်ရုံများကို ကျောက်ဆည် ၊ မြင်းခြံ နှင့် ဘီလင်း မြို့နယ်များတွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တည်ဆောက်သွားရန်ရှိကြောင်း နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထုတ် ပြန်ခဲ့ခြင်း ဖြစ်သည်။

“မဂ္ဂါဝပ် ဘယ်လောက်ထုတ်မယ် ဆိုတာတော့ မပြောနိုင်သေးဘူး။ ဓာတ်ငွေ့ ဘယ်လောက်ရမယ် ဆိုတာကို ကြည့်ပြီး စက်တပ်အင်အား ဘယ်လောက်ထုတ်ရမယ်ဆိုတာ ပြောပြလို့ရမယ်”ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် တည်ဆောက်မည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများသို့ ဓာတ်အားများ ပေးပို့နိုင်ရန်အတွက် ပိုက်နှင့်ပိုက်ဆက်ပစ္စည်းများ ဖိအားထိန်းချုပ်ဖြန့်ဖြူးရေး စခန်းသုံးပစ္စည်းများကို ဝယ်ယူရန် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့်  ယခု လဆန်းပိုင်း ကတည်းက တင်ဒါစတင်ခေါ်ယူနေခဲ့ပြီး ဖြစ်သည်ဟု သိရှိရသည်။

မြင်းခြံဒေသတွင် တည်ဆောက်မည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ရရှိသည့် ဓာတ်ငွေ့ များနှင့်ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာန နှင့် ညှိနှိုင်း ဆွေးနွေးပြီးမှသာ ဓာတ်အားပမာဏ မည်မျှထုတ်ယူရမည်ကို အတိအကျ သိရှိရမည်ဖြစ်ပြီး အဆိုပါဓာတ်အားပေး စက်ရုံနှင့် အတူ သံမဏိစက်ရုံကိုပါ တည်ဆောက်သွားမည် ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူ၏ ဆက်လက် ပြောကြားချက်အရ သိရသည်။

သို့ရာတွင် ယခုတည်ဆောက်မည့် ဓာတ်အားပေး စက်ရုံများ အနီးရှိ ဒေသခံများအတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ရှိ၊ မရှိကိုမူ အတိအကျ မသိရှိရသေးသည့်အပြင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်း ဖောက်လုပ်ထားသော ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ပိုက်လိုင်းအနီးအနားရှိ ဒေသခံများအား စက်တင်ဘာလ ၁၅ ရက်နေ့ ကတည်းက လျှပ်စစ်ဓာတ်အားပေးရန် စီစဉ်ထားသော်လည်း လျှပ်စစ်ဓာတ်အား မည်မျှ ပေးမည်ဟု ဝန်ကြီးဌာန အနေဖြင့် တရားဝင် ထုတ်ပြန်ထားခြင်း မရှိပေ။

ယခု ဓာတ်အားပေးစက်ရုံတည်ဆောက်တော့မည့် ကျောက်ဆည်ဒေသတွင် ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရန် ဓာတ်ငွေ့အင်ဂျင်စက်များ ဌားရမ်းမည့် တင်ဒါကို ယခုစက်တင်ဘာလ ၃ဝ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထား ရမည်ဖြစ်ပြီး မြင်းခြံဒေသတွင် ကွန်ဘိုင်းနင်း ဆိုင်ကယ် ပါဝါပလန့် တည်ဆောက်ပြီး Independent Power Producer (IPP) စနစ်ဖြင့် တင်ဒါလျှောက်ထားမှုအတွက်ကိုမူ နိုဝင်ဘာလ ၃ဝ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment