Transparency Myanmar

transparency.myanmar@gmail.com

International Media (1)
Document

Snapshot of the item below:
International Media (1)

-

နိုင်ငံတကာသတင်းများ (၁)

(Bangkok Post မှ 25 Sept 2013 ရက်စွဲပါ “Myanmar ties remain flawed” ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည်)

(24 Sept 2013 ရက်စွဲပါ Reuters မှ World Bank approves $ 140 million for Myanmar electricity ကို ဘာသာပြန်ဆိုသည်)


မြန်မာတို့နှင့်ဆက်ဆံရေး ပြစ်ချက်မကင်းနိုင်သေး

(Bangkok Post မှ 25 Sept 2013 ရက်စွဲပါ “Myanmar ties remain flawed” ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည်)

Myanmar (သို့) Burma နှင့် Thailand (သို့) Siam တို့ အကြား ဆက်ဆံရေးသည် လက်ရှိအချိန်ထက် ပိုမို ဆိုးဝါးခဲ့ဖူးသလို ပိုမိုကောင်းမွန်ခြင်းများလည်း ရှိခဲ့သည်။

စစ်ပွဲများသည် လက်ရှိ ဒစ်ပလိုမေစီ ဆက်ဆံရေးထက် အသေအချာ ပိုမိုဆိုးရွားခဲ့ရာ ခရီးသွားဧည့်သည်များ အပြန်အလှန်လည်ပတ်သွားရောက်ကြခြင်းက မြို့တော်များကို သိမ်းပိုက်ခြင်းထက် အမှန်တကယ် ပိုကောင်းပါသည်။ သို့ရာတွင် မြန်မာစစ်ဖက်အကြီးအကဲက ထိုင်းမြန်မာ ဆက်ဆံရေးသည် သမိုင်းတစ်လျှောက် အနွေးထွေးဆုံးဟု ပြော ခဲ့ခြင်းမှာမူ ကောင်းကောင်းကြီး အဓိပ္ပာယ်ကောက်လွဲသွားနိုင်တယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံအတွက် အရေးပါသော တပ်မတော်ချစ်ကြည်ရေးမစ်ရှင် စစ်စစ်အနေဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ၁၉၆၂ မှ မနှစ်ကအထိ မြန်မာစစ်ဖက် အကြီးအကဲတစ်ဦး၏ ခရီးစဉ်သည် နိုင်ငံရေးကိစ္စသာ ဖြစ်ခဲ့ပါသည်။

အစိမ်းရောင်ဝတ်ထားသော ပုဂ္ဂိုလ်များသည် တိုင်းပြည်ကို သိမ်းပိုက်ကာ စစ်တပ်၏အကျိုးစီးပွားအတွက် အသုံးပြုသော အကျဉ်းစခန်းတစ်ခုသဖွယ် အုပ်ချုပ်ခဲ့ကြသည်။ ယခုတော့ ဤစနစ်အဆုံးသတ်သွားပြီ။ သို့ရာတွင် တပ်မတော် (သို့) စစ်တပ်ကို ဗိုလ်ကျစိုးမိုးသောနေရာမှ ဖယ်ရှားရန် (သို့) သံပတ်လျှော့ရန်အတွက် မြန်မာပြည်သူများ အချိန်ယူရဦးမည် ဖြစ်သော်လည်း အစိုးရ၏ ဒီမိုကရေစီပုံစံမှာမူ တစ်ဖြည်းဖြည်းပုံပေါ်လာနေသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှာမူ ထိုင်းစစ်တပ်အကြီးအကဲများနှင့် စစ်ဖက်ရေးရာကိစ္စ စစ်စစ်များ ဆွေးနွေးရန် အတွက်သာ ထိုင်း နိုင်ငံသို့ လာခဲ့ခြင်းဖြစ်သည်။

မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ကမ္ဘာကျော် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ထိုင်းနိုင်ငံသို့ လာရောက်ခဲ့သော ခရီးစဉ်များမှာမူ မြန်မာနိုင်ငံတွင်းမှ ကြီးမားသော အပြောင်းအလဲများအတွက် ထင်ရှားသော အထောက်အထားများပင်ဖြစ်သည်။ သို့သော် သူတို့သည် ထိုင်း-မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်၍ အနည်းအကျဉ်း သာ ပြောဆိုခဲ့ကြသည်။ လွန်ခဲ့သော ၂ နှစ်ခန့်က ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့သော်ငြားလည်း ယခင် စစ်အာဏာရှင် များ ကျင့်သုံးခဲ့သည့် နိုင်ငံခြားဆက်ဆံရေး အားနည်းချက် အနာအဆာများကို ဖယ်ရှားမှု (သို့) ဖြေရှင်းမှု အနည်းငယ် သာရှိသည်။

ပထမဦးဆုံးနှင့်အရေးကြီးဆုံးမှာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ မြန်မာနိုင်ငံသို့ မူးယစ်ဆေးဝါး များ အဆက်မပြတ်စီးဝင်နေခြင်းပင်  ဖြစ်သည်။ ပြီးခဲ့သော အပတ်က မြန်မာစစ်ဖက် အကြီးအကဲ ထိုင်းနိုင်ငံသို့ ရောက်ရှိနေဆဲအခိုက်မှာပင် ရဲတပ်ဖွဲ့က သုဝဏ္ဏဘူမိလေဆိပ် ကားရပ်နားသည့်နေရာတွင် မီသိုင်းအင်ဖက် တာမင်း (သို့) ယာဘဆေးပြား ၄ သိန်းခန့် သိမ်းဆည်းရမိခဲ့သည်။ ထိုမှတစ်ဆင့် ခြေရာခံကာ အယုဓ္ဒယတွင် နောက်ထပ်ယာဘ ဆေးပြား ၁၆၈ ၀၀၀ နှင့် သံသယရှိတရားခံလေးဦးကို ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

မြန်မာအစိုးရသည် အခြားစစ်ဖက်အရာရှိများကဲ့သို့ မူးယစ်ဆေးဝါးဂိုဏ်းများနှင့် တိုက်ရိုက်ပတ်သက်ခြင်း မရှိပါ။ သို့ရာတွင် ထိုင်းနိုင်ငံသို့ မူးယစ်ဆေးဝါး ထုတ်လုပ်တင်ပို့နေသော ဂိုဏ်းများအပေါ်တွင်လည်း မည်သည့်ဖိအား သက် ရောက်မှုမှ မရှိပါ။ မြန်မာအစိုးရသစ်သည် ဘိန်းနှင့် ဟီရိုးအင်း ကြီစိုးခဲ့သော ကာလအား ပြည်ဖုံးကားချမည့် အစီအစဉ်ကို ကတိပြု ရေးဆွဲခဲ့သော်လည်း တိုင်းပြည်ကို ဘေးဥပဒ်ဖြစ်စေသော ကုဋေကြွယ် ယာဘဆေးပြား ကုန်သည်များအပေါ် နှိမ်နှင်းဖြိုခွဲသော ဆောင်ရွက်ချက်များ ပြုလုပ်ခြင်းမရှိပါ။

နောက်ကိစ္စတစ်ခုမှာ လူမှောင်ခိုကူးသည့် ပြဿနာဖြစ်သည်။ ရိုဟင်ဂျာတို့သည် အစိုးရတာဝန်ရှိသူတို့၏ စကား အတိုင်း သူတို့ကို မလိုလားသော နိုင်ငံတွင် အနှိမ်ခံရမှုကြောင့် ထိုနိုင်ငံကို စွန့်ခွာထွက်ပြေး လျက်ရှိသည်။ ထိုင်း နိုင်ငံတွင် အိမ်မဲ့၊ ယာမဲ့၊ နိုင်ငံမဲ့ အလုပ်သမားများအဖြစ် ရောက်ရှိနေသော မြန်မာနိုင်ငံသား မည်မျှရှိသည်ကို မည်သူမျှ အတိအကျ မသိနိုင်ပါ။ မြန်မာနိုင်ငံကို စွန့်ခွာလာကာ ထိုင်းနိုင်ငံအပေါ် သက်ရောက်မှုရှိလာသော ၎င်းတို့၏ အရေအတွက်မှာ တစ်သန်း (သို့) ထို့ထက်ပိုများနိုင်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက် ထိုင်း-မြန်မာစစ်ဖက် ဆက်ဆံရေးကို မသက်မသာလက်သင့်ခံပေး ရသည့်တိုင်အောင် အမွှန်းတင်စကားဆိုလာခြင်းကိုမူ ရှိပါစေဟုသာ သဘောပေါက်ထားလိုက်ပါ။ ပြီးခဲ့သော စနေနေ့ ကပင် မြန်မာရေတပ်သည် ၎င်းတို့ပိုင်နက်သို့ ထိုင်းငါးဖမ်းစက်လှေတစ်စင်းဝင်လာသည်ဟု စွပ်စွဲကာ ပစ်ခတ်ခဲ့ကြသည်။ နိုင်ငံတကာ၌ နယ်စပ်ကျူးကျော်မှု (သို့) တရားမဝင်ဝင်ရောက်မှုများကို ကိုင်တွယ်သည့် နည်းလမ်းများစွာရှိသည့်  အထဲတွင် လက်နက်မဲ့အရပ်သားများကို ပစ်ခတ်သည့် နည်းလမ်းတစ်ခုမှ မရှိပါ။ အကယ်၍ မြန်မာတို့၏ နည်းလမ်း အတိုင်း ထိုင်းနိုင်ငံက လိုက်ပါကျင့်သုံးမည်ဆိုပါက နှစ်နိုင်ငံနယ်စပ်တွင် ထိုင်း နိုင်ငံသို့ ခိုးဝင်လာသော မြန်မာနိုင်ငံသား တစ်သန်းကျော်တို့၏ အလောင်းများဖြင့် ဖုံးလွှမ်းသွားပေလိမ့်မည်။

အချုပ်အားဖြင့်ဆိုရသော် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်စေလိုသော ပုဂ္ဂိုလ်များ (အမျိုးသားနှင့်အမျိုးသမီး) များက ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံစလုံးကို စီမံအုပ်ချုပ်နေကြသည်ဆိုသော အချက်အပေါ် သံသယအနည်းငယ်သာရှိပါ သည်။ ဤနေရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောသည့်အတိုင်း မြန်မာ့တပ်မတော် (သို့) စစ်တပ်လည်း ပါဝင်ပုံ ရပါသည်။ သို့သော် အကောင်အထည်မပေါ်သေးသော (သို့) အကောင်အထည်ဖော်နေဆဲ အဆင့်၌သာ ရှိနေပြီး၊ မိမိ ဖာသာ မိမိ အမွှန်းတင်စကားမဆိုမှီ များစွာပိုကောင်းလာအောင် လုပ်ရဦးမည် (သို့) လုပ်ဖို့လိုသေးသည်ဟု သုံးသပ် ရေးသား လိုက်ပါသည်။


ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအတွက်  ဒေါ်လာသန်း(၁၄၀) ချေးငွေထောက်ပံ့ ရန် အတည် ပြု

(24 Sept 2013 ရက်စွဲပါ Reuters မှ World Bank approves $ 140 million for Myanmar electricity ကို ဘာသာပြန်ဆိုသည်)

ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကိုကူညီရန် ကြိုးစားလျက်ရှိရာ  အင်္ဂါနေ့က ကမ္ဘာ့ဘဏ် ဘုတ်အဖွဲ့သည် ပိုမိုအားကောင်းသော လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံ ပိုမိုဆောက်လုပ်နိုင်ရန် အတိုးမဲ့ချေးငွေ ဒေါ်လာသန်း(၁၄၀) ထောက်ပံ့ရန် အတည်ပြုခဲ့ပါသည်။

ကမ္ဘာ့ဘဏ်သည် သယံဇာတကြွယ်ဝသော်လည်း စစ်အစိုးရအောက်တွင် ဆယ်စုနှစ်များစွာ အထီးကျန်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသော  မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ရှေ့သို့ တိုးတက်မြှင့်တင်ခဲ့ပြီး ဖြစ်ပါသည်။ အမည်ခံ အရပ်သားအစိုးရသည် နိုင်ငံတကာ ငွေချေးသူများနှင့် ပြန်လည်ချိတ်ဆက်ခဲ့ပြီး နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင်ပြောင်းလဲမှု များကို  စတင်အကောင်အထည်ဖော်ခဲ့ပါသည်။

မြန်မာနိုင်ငံသည် စစ်အစိုးရလက်ထက်တွင် စုဆောင်းလာခဲ့သော နိုင်ငံတကာ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးရန်ရှိသော ဒေါ်လာသန်း(၄၂၀)နှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇန်နဝါရီလက ရှင်းလင်းနိုင်ခဲ့ရာ  ကြီးမားသော အတားအဆီးတစ်ခုကို  ကျော်လွှားနိုင်ခဲ့ပါသည်။

မွန်ပြည်နယ်တွင်  ၁၀၆ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ဓာတ်ငွေ့သုံး ဓာတ်အားပေးရုံတစ်ခု ဆောက်လုပ်မည်ဖြစ်ရာ ပြည်နယ်၏ အများဆုံးဓာတ်အား လိုအပ်ချက်တစ်ဝက် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ၄င်းပမာဏမှာ တိုင်းပြည်လိုအပ်ချက်၏ ၅% ရှိကြောင်း ကမ္ဘာ့ဘဏ် ကပြောပါသည်။

အဆိုပါနေရာတွင်ရှိသော  ဓာတ်အားထုတ်လုပ်သော စက်ရုံဟောင်းမှာ နှစ်ပေါင်းလေးဆယ်ခန့်ရှိပြီဖြစ်ကာ  ယခုအခါအသုံးမပြုတော့သည့် နည်းပညာကို အသုံးပြုနေပြီး ၄၀ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်ပါသည်။ မြန်မာနိုင်ငံ၏ ဓာတ်အား ထုတ်လုပ်မှု၏ သုံးပုံတစ်ပုံဖြစ်သော  ၃၅၀၀ မဂ္ဂါဝပ်ခန်းကို ဓာတ်ငွေ့သုံးစက်ရုံများမှ ထုတ်လုပ်သော်လည်း စက်ရုံအများစုမှာ ဆယ်စုနှစ်များစွာ သက်တမ်းရှိပြီး အိုဟောင်းနေပြီ ဖြစ်ပါသည်။

အိုဟောင်းနေသော စက်ရုံများသည် တိုင်းပြည်၏ ဓာတ်အားလိုအပ်ချက် ကြီးမားစွာ ဖြစ်ပေါ်နေမှုကို ပြသနေပါသည်။ တိုင်းပြည်တွင်  ၂၉% ကသာ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ခြင်းကြောင့်  ကမ္ဘာပေါ်တွင် အနိမ့်ဆုံး အဆင့်တွင် ရှိနေပါသည်။

ပြီးခဲ့သည့်နှစ်က ရန်ကုန်မြို့တွင် ဓာတ်အားလိုအပ်ချက် ကြီးမားမှုကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ  အစိုးရက ဓာတ်အားဖြည့်ဆည်းမှု မြှင့်တင်နိုင်မည့် အရေးပေါ် အခြေအနေများ ကြေညာခဲ့ရပါသည်။

“မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုတွင် ဆင်းရဲမွဲတေမှု လျော့ချရေးအတွက် များစွာအလားအလာ ရှိပါသည်။ လျှပ်စစ် ဓာတ်အားဖြည့်ဆည်းပေးမှု စိတ်ချလာရသည်နှင့်အမျှ အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ဘဝများတိုးတက် လာမည်ဖြစ်ပါသည်”ဟု  ကမ္ဘာ့ဘဏ်၏ မြန်မာပြည် မန်နေဂျာ Kanthan Shankar က ကြေညာချက်တွင် ဖော်ပြ ထားပါသည်။

ဆင်းရဲမွဲတေမှုကို တိုက်ဖျက်လျက်ရှိသော ကမ္ဘာ့ဘဏ်သည် ကျေးလက်ဧရိယာများတွင် ဓာတ်အားပေး စက်ရုံဆောက်ရေးအတွက် ငွေထောက်ပံ့ရန်  အထူးလိုလားသည်ဟု ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Axel van Trotsenburg ကပြောပါသည်။ တိုင်းပြည်၏ စွမ်းအင်လိုအပ်ချက် အများစုသည် ရန်ကုန်တွင်ဖြစ်ပြီး တိုင်းပြည်၏ အဆင်းရဲဆုံး လူများမှာ ကျေးရွာများတွင် နေထိုင်ကြပါသည်။

စက်ရုံအများစုမှာ ပြင်ဆင်ချိန်လပေါင်း ၁၈ လမှ  လ ၂၀ ခန့်အထိ ကြာတက်သော်လည်း မြန်မာနိုင်ငံမှ ယခု ဓာတ်အားပေး စီမံကိန်းများကို  ကိုးလသတ်မှတ်ထားပြီး  အစိုးရ၏ ပြုပြင်ပြောင်းလဲရေးအတွက် ကတိကဝတ်များ၏ အရေးကြီးမှုကြောင့် ဖြစ်သည်ဟု ၄င်းကပြောပါသည်။

ကမ္ဘာ့ဘဏ်သည် စီမံကိန်းများကို ဦးစားပေးအမြန်လုပ်ဆောင်မည်ဖြစ်သော်လည်း  လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်ထိန်းသိမ်းမှုများကိုလည်း  ဆက်လက်ထိန်းထားမည် ဖြစ်ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment