Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂)

နယ်စပ်ဒေသ ကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင်ရန် ထိုင်းနှင့် မြန်မာစီစဉ်

(Bernama သတင်းဌာန၏ 22 Sept 2013 ရက်စွဲပါ Neighbours plan border health control ကိုဘာသာပြန်ဆိုသည်)

ထိုင်း-မြန်မာ နယ်စပ်ဒေသနှင့် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းနေထိုင်သူများအတွက် ပြည်သူ့ကျန်းမာရေး အဆင့်မြှင့်တင်နိုင်ရန် သုံးနှစ်တာ ပူးတွဲစီမံချက်တစ်ရပ်ကို နှစ်နိုင်ငံအစိုးရတို့ စတင်အကောင်အထည်ဖော်လျှက်ရှိ ကြောင်း သိရသည်။

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး Pradit Sintawanarong နှင့် မြန်မာကျန်းမာရေးဝန်ကြီး ဦးဖေသက်ခင်တို့ သည် မြန်မာနိုင်ငံမန္တလေးမြို့တွင် ကျင်းပပြုလုပ်သည့်  ထိုင်း-မြန်မာ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်ဆွေးနွေးပွဲတွင် အဆိုပါကျန်းမာရေးပူးပေါင်းဆောင်ရွက်မည့် အစီအစဉ် အတွက် နားလည်မှုစာချွန်လွှာ တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

၂၀၁၃-၂၀၁၅ ပူးတွဲစီမံချက်ဟု အမည်ပေးထားသည့် အဆိုပါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တွင် အစားအသောက်၊ ဆေးဝါးနှင့် အလှအပပစ္စည်းထိန်းချုပ်မှုများ၊ ကျန်းမာရေးမြှင့်တင်ရေးနှင့် တိုင်းရင်းဆေးဝါး ဖွံ့ဖြိုးရေးတို့ပါဝင်သည်။

ယခုအစီအစဉ်အရ နယ်စပ်ဒေသတစ်လျှောက် ရောဂါစောင့်ကြည့်လေ့လာရေးနှင့် ထိန်းချုပ်ရေးတို့ကို ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ ပူးတွဲဆောင်ရွက်သွားမည်ဖြစ်သည်ဟု Dr Pradit Sintawanarong ကပြောကြားသည်။

ထို့ပြင် လူသားအရင်းအမြစ်နှင့် သုတေသနဖွံ့ဖြိုးရေးတို့ကို မြှင့်တင်လုပ်ဆောင်သွားရန်လည်း နှစ်ဖက်သဘောတူညီထားကြသည်။

“နယ်ပယ်တွေအားလုံးဟာ နှစ်နိုင်ငံစလုံးအတွက် ဦးစားပေးရမယ့်ကိစ္စတွေပဲဖြစ်ပါတယ်။ ဒီအစီအစဉ် အမှန်တကယ်ဖြစ်မြောက်လာအောင် ကျွန်တော်တို့တတွေအတူပူးတွဲလုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ၎င်းကပြော ကြားသည်။

ထိုင်းအလုပ်အကိုင်ဖွံ့ဖြိုးရေးဌာနမှ ထုတ်ပြန်သောစာရင်းများအရ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သား ၇၈ ရာခိုင်နှုန်းခန့်မှာ မြန်မာနိုင်ငံမှဖြစ်ကြောင်းသိရသည်။

ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက မြန်မာရွှေ့ပြောင်းလုပ်သားတစ်သန်းခန့်မှာ ထိုင်းနိုင်ငံတွင်း လုပ်ကိုင်လျက်ရှိပြီး ၁ ဒသမ ၆ သန်းခန့်မှာ နယ်စပ်ဒေသတွင်လုပ်ကိုင်လျက်ရှိသည်ဟု ခန့်မှန်းသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများအကြား HIV နှင့် ဆေးယဉ်နေသည့် တီဘီရောဂါဖြစ်ပွားမှုနှုန်းမှာ ၁ ရာခိုင်နှုန်းနှင့် ၄ ရာခိုင်နှုန်းခန့်ရှိပြီး နယ်စပ်ဒေသ ငှက်ဖျားရောဂါဖြစ်ပွားမှုမှာ ၈၃၆၇ မှုရှိကြောင်း ယင်းဝန်ကြီးဌာနက ဆိုသည်။

မြန်မာကျန်းမာရေးဝန်ကြီး ဦးဖေသက်ခင်က နယ်စပ်ဒေသတစ်လျှောက်ရှိ ကျန်းမာရေးစောင့်ရှောက်မှုမှာ မြန်မာနိုင်ငံတွင်း ကျန်းမာရေးစောင့်ရှောက်မှုလောက် ကောင်းမွန်မှုမရှိကြောင်း ဝန်ခံပြောဆိုသည်။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment