Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂)

(NK News မှ 25 Sept 2013 ရက်စွဲပါ “Investigation shows Burma, N.Koera military ties still exist” သတင်းကို ဘာသာပြန်ဆိုသည်)

(Bangkok Post မှ 25 Sept 2013 ရက်စွဲပါ “Japan to ease more visa rules” သတင်းကို ဘာသာပြန်ဆိုသည်)


မြန်မာ-မြောက်ကိုရီးယား စစ်ဖက်ဆက်ဆံမှုများရှိနေသေးကြောင်း စုံစမ်းတွေ့ရှိ

(NK News မှ 25 Sept 2013 ရက်စွဲပါ “Investigation shows Burma, N.Koera military ties still exist” သတင်းကို ဘာသာပြန်ဆိုသည်)

ပြုံယမ်းနှင့် လက်နက်အရောင်းအဝယ်ရပ်ဆိုင်းကြောင်း နေပြည်တော်က ပြောဆိုထားသော်လည်း မြန်မာနှင့် မြောက်ကိုရီးယားတို့သည် စစ်ဖက်ဆက်ဆံရေးကို လျှို့ဝှက်စွာ ထိန်းသိမ်းထားသည်ဟု NK News သတင်းစုံစမ်းမှု များက ဆိုပါသည်။

၎င်းနည်းလမ်းများတွင် နာမည်ခံ ရှေ့ထွက် ကုမ္ပဏီများ အသုံးပြုခြင်း၊ မြန်မာရေနက်ပိုင်၌ မြောက်ကိုရီးယား သင်္ဘောများ ခုတ်မောင်းစဉ် အခြားနိုင်ငံအလံများကို အသုံးပြုခြင်းတို့ပါဝင်သည်ဟု ဆိုသည်။ မြန်မာနှင့် မြောက်ကိုရီးယားအကြား တရားဝင် သံတမန်ဆက်ဆံရေး ရှိနေသော်ငြားလည်း မြောက်ကိုရီးယားအား ၎င်း၏ အရေးပါ သော လက်နက်ဖောက်သည် နိုင်ငံနှင့် အဆက်ဖြတ်ရန်အတွက် ယခင်စစ်ဖက်အုပ်ချုပ်သော မြန်မာနိုင်ငံ၏ တံခါးဖွင့်ပြု ပြင်ပြောင်းလဲရေးကိစ္စများကို အမေရိကန်ပြည်ထောင်စုက အာရုံစိုက်ကြိုးပမ်းလျက်ရှိသည်။

မြန်မာနိုင်ငံတွင် တပ်မတော်အစိုးရ ဖျက်သိမ်းပြီး၊ နိုင်ငံရေးလွတ်လပ်ခွင့် အတော်အတန်ပေးထားပြီ ဖြစ်သော် လည်း မြန်မာ့ တပ်မတော် (သို့) စစ်တပ်သည် ၎င်း၏ အရေးပါ အရာရောက်မှုနှင့် အင်အားကို ပြသနိုင်ရန်အတွက် လက်နက်အင်အား တိုးချဲ့ခြင်းကို ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်ဟု သိရှိရသည်။

ယခင် တပ်မတော်အစိုးရထိပ်ပိုင်း တာဝန်ရှိသူတစ်ဦးဖြစ်ခဲ့သူ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းနှင့် ကွန်ဂရက် လွှတ်တော် ဥက္ကဌ ဂျွန်ဘော်နာ အပါအဝင် အမေရိကန်နိုင်ငံရေးသမားများ၊ ပြည်ပရောက်မြန်မာများ တွေ့ဆုံခဲ့ကြသော ဦးရွှေမန်း ၏ ၉ ရက် ကြာအမေရိကန် ခရီးစဉ်ကို စီစဉ်နိုင်ခဲ့သည့်အလျှောက် အမေရိကန်နှင့် မြန်မာအကြား ဆက်ဆံရေး သိသိသာသာတိုးတက်လာပြီဟု ဆိုနိုင်ပါသည်။

သို့ရာတွင် မြန်မာနှင့် မြောက်ကိုရီးယားတို့ တရားမဝင်လက်နက်အရောင်းအဝယ် ဆက်လက်ပြုလုပ်နေသည်ကို သိရှိကြောင်း အမေရိကန်ပြည်ထောင်စုက ရည်ညွှန်းပြောဆိုထားပါသည်။ သြဂုတ်လကုန်တွင် ကျင်းပခဲ့သော အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး ချတ်ဟေဂယ် က မြန်မာနိုင်ငံ၏ လူ့အခွင့် အရေး အနေအထားတိုးတက်မှုရှိလာသော်လည်း မြောက်ကိုရီးယားနှင့်ဆက်လက် ဆက်ဆံနေခြင်းကို ဂရုစိုက်စောင့် ကြည့် ရဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရေးသည် ၁၉၈၃ ခုနှစ်တွင် ရန်ကုန်မြို့၌ တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ် ကို မြောက်ကိုရီးယားအေးဂျင့်များက လုပ်ကြံရန် ဗုံးပေါက်ကွဲမှုကြောင့် တရားဝင်ပြတ်တောက်သွား ခဲ့သော်လည်း ၎င်းတို့ နှစ်နိုင်ငံစလုံး တရုတ်နိုင်ငံနှင့် ရင်းနှီးခြင်း၊ အမေရိကန်တို့ကို နှစ်နိုင်ငံစလုံး ကြောက်ရွံ့ခြင်းစသော အကြောင်းအရင်းများ ကြောင့် ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် စစ်ဖက်ဆက်ဆံမှုများ လျှို့ဝှက်စွာပြုလုပ်ခဲ့ပြီး၊ ၂၀၀၇ ခုနှစ်တွင် တရားဝင် ဆက်ဆံရေး ပြန်လည်ထူထောင်ခဲ့ကြသည်။


ဗီဇာ စည်းကမ်းများ ပိုမို ဖြေလျှော့ပေးရန် ဂျပန် စီစဉ်

(Bangkok Post မှ 25 Sept 2013 ရက်စွဲပါ “Japan to ease more visa rules” သတင်းကို ဘာသာပြန်ဆိုသည်)

ဂျပန်နိုင်ငံသည် တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးမှု မဟာဗျူဟာ ကို အားပေးမည့် ခရီးသွား တိုးရစ်ဇင် ကဏ္ဍကို မြှင့်တင်ရန် ကြိုးပမ်းသည့် အနေဖြင့် မြန်မာ ၊ ကမ္ဘောဒီးယား ၊ လာအို နိုင်ငံများအတွက် ဗီဇာ စည်းကမ်းများ ကို ဖြေလျှော့ပေးရန် စီစဉ်နေကြောင်း ဂျပန် အစိုးရ သတင်းရပ်ကွက်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ဂျပန်နိုင်ငံ၏ အရောင်းခွန် နှုန်းထားအား လက်ရှိ ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းသို့ တိုးမြှင့်မည့် ဆုံးဖြတ်ချက်ကို ကြေညာသည့် အချိန်တွင် အထက်ပါ အစီအစဉ်ကို ထုတ်ဖော်လိမ့်မည်ဟု မျှော်လင့် ရကြောင်း ၎င်းတို့က ဆက်လက် ပြောကြားသည်။

ဇွန်လက ရေးဆွဲခဲ့သော Abenomics မြားသုံးစင်း မူဝါဒများတွင် ငွေကြေးဆိုင်ရာ ကြီးကြီးမားမား ဖြေလျှော့ရေး ၊ ဘဏ္ဍာငွေ များများစားစား အသုံးပြုရေး တို့နှင့်အတူ တစ်ခု အပါအဝင် ဖြစ်သော စီးပွားရေးဖွံ့ဖြိုးရေး မဟာဗျူဟာ အစီအစဉ်တစ်ရပ် အနေဖြင့် ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားများ ပိုမိုလာရောက်အောင် အားပေးရန်အတွက် ဗီဇာစည်းကမ်းများ ဖြေလျှော့ပေးရန် ဂျပန်အစိုးရက ကတိပြုထားသည်။

ထိုင်းနှင့် မလေးရှားမှ short-stay တိုးရစ်များအတွက် ဗီဇာ ကင်းလွတ်ခွင့်ကိုလည်း ဇူလိုင်လတွင် ခွင့်ပြုခဲ့ပြီး ဖြစ်သည်။

ယခုအခါ ဂျပန်အစိုးရသည် မြန်မာ ၊ ကမ္ဘောဒီးယား ၊ လာအိုနိုင်ငံများမှ ခရီးသွားများအတွက် ပြည်ဝင် ဗီဇာ အမျိုးမျိုး  ထုတ်ပေးရေးကို ခွင့်ပြုရန် စဉ်းစားနေသည်ဟု အစိုးရ သတင်းရပ်ကွက်က ဆိုပါသည်။

တိုကျိုတွင် ကျင်းပမည့် ၂ဝ၂ဝ နွေရာသီ အိုလံပစ် ပြိုင်ပွဲ မတိုင်မှီ အာရှ တိုးရစ်ခရီးသည် အရေအတွက်ကို မြှင့် တင်ရန် နှင့် နိုင်ငံတွင်း ခရီးသွား စီးပွားရေးလုပ်ငန်းကို အားပေးရန် ဂျပန်အစိုးရက ရည်ရွယ်ခြင်း ဖြစ်လိမ့်မည်ဟု ၎င်းတို့ က ဆက်လက်ပြောကြားသည်။

ရှင်ဇိုအာဘေး အစိုးရသည် ဂျပန်နိုင်ငံတွင် ငွေရင်း၊ငွေနှီး အသုံးချမှု အားပေးရန်အတွက် အခွန်အကောက် လျှော့ချရေးကိစ္စ အပါအဝင် ဖွံ့ဖြိုးရေး မဟာဗျူဟာ နှင့် ဆက်စပ်သော ဥပဒေကြမ်း ၈ ချက်ကို အောက်တိုဘာ ၁၅ ရက်နေ့တွင် စည်းဝေးမည့် ပါလီမန် အထူး အစည်းအဝေးသို့ တင်ပြသွားရန် စီစဉ်နေသည်ဟု သိရှိရသည်။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment