Transparency Myanmar

transparency.myanmar@gmail.com

Current News (2)
Document

Snapshot of the item below:
Current News (2)

 

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ် (၂)

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး (သို့) အသစ်ပြန်ပြင်ရေးဆွဲခြင်းနှင့် ငြိမ်းချမ်းရေးမှာ တစ်ဆက်တည်းဖြစ် ကြောင်း တိုင်းရင်းသားပါတီ ၁၂ ဖွဲ့နှင့် NLD မှသဘောတူ

မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (သို့) အသစ်ပြန်ပြင်ရေးဆွဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးတို့မှာ တစ်ဆက်တည်းဖြစ်၍ ခွဲခြား၍မရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနှင့် အခြား တိုင်းရင်းသားပါတီ ၁၂ ခုမှ ကိုယ်စားလှယ်များက သဘောတူညီကြောင်း ကြေညာချက်တစ်စောင်ကို စက်တင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ ဗပာန်းမြို့နယ်ရှိ NLD ရုံးချုပ်တွင် ပြုလုပ်ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် NLD နှင့်တိုင်းရင်းသားပါတီများရှိ ကိုယ်စား လှယ်တို့၏ အပတ်စဉ်ပြုလုပ်သော ဆွေးနွေးပွဲတွင် ထိုသို့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးက ဒွန်တွဲနေတယ်ဆိုတာကို NLD ကစပြီးချပြတယ်။ ဒီပေါ်မှာတက်လာ တဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကလည်း အကုန်လုံးသဘောတူတယ်” ဟု ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဝင် ကမန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးတင်ငွေက ပြောသည်။

ထို့ပြင် NLD ပါတီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ပြည်သူလူထုအား အခြေခံဥပဒေနှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းရာတွင် အဖွဲ့ငယ်များ ဖွဲ့စည်းရန်နှင့် တာဝန်ခွဲဝေယူရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများကို စက်တင်ဘာ ၂၆ ရက်နေ့က  NLD အဖွဲ့ချုပ်(ဗဟို) ရုံးတွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင်ဆုံးဖြတ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲ၏ ဆုံးဖြတ်ချက်အရ အဖွဲ့ငယ် တစ်ဖွဲ့လျှင် ဗဟိုမှ ဥပဒေ ပညာရှင်တစ်ဦး၊ လွှတ်တော် ကိုယ်စားလှယ်နှင့် အလုပ်အမှုဆောင်အဖွဲ့များက ပြည်နယ်နှင့်တိုင်း ဥပဒေ ထောက်ကူပြုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ခရီးစဉ်များကို အောက်တိုဘာလ ဒုတိယပတ်မှ စတင်၍ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ သတ်မှတ်ထားကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။

''ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်နယ်နဲ့ တိုင်းတွေရဲ့သဘောထား တွေကိုမေးတယ်။ ဘာတွေပြင်ဆင် သင့်တယ်ဆိုတဲ့ ပြည်သူလူထုဆီက အသံကိုလည်းရဖို့ ယူဖို့ ဆွေးနွေးကြပါတယ်။ အခြေခံဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် နားလည်တာ မလည်တာထက် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သွားနေတဲ့ လမ်းကြောင်း ကြီးထဲမှာ လူထုက ခံစားပြီးတော့မှ မကြိုက်တာလေ။ စာဖတ်ပြီး မကြိုက်တာကိုပြောတာ မဟုတ်ဘူး။ ဒါကြောင့် အဲဒါကိုပြင်ဖို့ လိုတယ်လို့ ပြောတာကိုး။ ရှမ်းပြည်နယ် အနေနဲ့ကတော့ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီလို့ ပြောရင်လဲ မိမိဒေသအလိုက် ကိုယ့်ကြမ္မာ ကိုယ်ဖန်းတီးရတာ ဖြစ်လေတော့၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရတဲ့ ဖက်ဒရေးတစ်ကိုတော့ အများပြည်သူက တောင်းဆိုကြတာပဲလေ'' ဟု ရှမ်းပြည်နယ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစိုင်းမြင့်မောင်က ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အသစ်ပြင်ဆင်ရေးဆွဲခြင်းကို သဘောမတူဘဲ ပြင်ဆင်ရေးနည်းလမ်းကသာ လျှင် လက်တွေ့ကျသော နိုင်ငံရေးဖြေရှင်းမှုဟု ယုံကြည်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်သော KNU အဖွဲ့၏ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောကြားခဲ့သည်။

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အသစ်ပြန်လည်ရေးဆွဲပါက အစိုးရနှင့် ထိပ်တိုက်တွေ့နိုင်ဖွယ်ရှိပြီး နောက်ကြောင်းပြန်လှည့်သွားနိုင်သော အခြေအနေမျိုးလည်းရှိသည့်အတွက် လက်ရှိဖွဲ့စည်းပုံဥပဒေကို အသစ်ရေးဆွဲ မည့်အစား ပြင်ဆင်ရေးဆွဲသည်ကို ဦးစားပေး သင့်ကြောင်း ၎င်းကဆိုသည်။

“အစိုးရကို ထိပ်တိုက်ရင်ဆိုင်တာထက် ပူးပေါင်းတာက ပိုကောင်းပါတယ်။ သမိုင်းကြောင်းတွေလည်း အများ ကြီးရှိပါတယ်”ပာု ၎င်းကဆက်လက်ပြောကြားသည်။

ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ ပါဝင်သော ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ UNFC နှင့် UNA တိှု့မှ ပူးပေါင်း၍ အခြေခံဥပဒေအသစ်ကို သြဂုတ်လအတွင်း စတင် ရေးဆွဲခဲ့ပြီး ၂၀၁၄ တွင် ကျင်းပမည်ဖြစ်သော တိုင်းရင်းသား ညီလာခံတွင် အစိုးရထံ တင်သွင်းသွားမည် ဖြစ်ကြောင်း UNFC မှ ထုတ်ပြန် ကြေညာမှုများရှိနေခဲ့သည်။

အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေး အပါအဝင် ကြေညာချက် ငါးချက်ကို စက်တင်ဘာ ၂၃ ရက်နေ့ တောင်ကြီးမြို့တွင် သုံးရက်တိုင် ကျင်းပခဲ့သော ရှမ်း၊ ကယား၊ မွန်တိုင်းရင်းသား ညီလာခံတွင်  ထုတ်ပြန်ခဲ့သည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment