Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“ပွင့်လင်းမြင်သာမှုမရှိဘူး။ ပြည်သူတွေက ကြောက်ကြောက်လန့်လန့်နဲ့ ပေးလိုက်ရတယ်။ ဟိုတုန်းက အလံစိုက်လိုက်ရင် သိမ်းလိုက်ပြီ။ ပြီးပြီ။ အမှန်က မြေသိမ်းဥပဒေအရဆိုရင် ကြေညာချက်တွေထုတ်ရမယ်။ အကြောင်းပြချက်ရှိရမယ်။ နိုင်ငံတော်က အလိုရှိရင်လည်း မြေသိမ်းဥပဒေအရ စနစ်တကျလုပ်ရမယ်။ ကြေညာချက်ထုတ်ရမယ်။ အသိပေးရမယ်။ မြေရဲ့ ရာဇဝင်တွေ လုပ်ရမယ်။ အဲဒါဆိုရင် အကြောင်းမဟုတ်ဘူး။ ပွင့်လင်းမြင်သာမှုမရှိဘူး။ အလံလေးစိုက်လိုက်တယ်။ တပ်က လည်း သိမ်းလိုက်တယ်။ ကုမ္မဏီကလည်း သိမ်းလိုက်ရင် ဒါပဲဆိုတော့။ ပြည်သူကလည်း အကြောက်တရားတွေရှိနေတော့ ခေါင်းငုံခံနေရတယ်။ ဒီနေ့ခေတ် ပွင့်လင်းမြင်သာမှုရှိလာတဲ့အခါကျတော့ လယ်ယာမြေအမှုတွေဖြစ်ကြပြီ။ ဒါကို လွှတ်တော်က ပြည်သူတွေကို ပွင့်လင်းအောင် ပြောနိုင်ဖို့ လုပ်နေတယ်။ အစိုးရကလည်း ပြည်သူတွေမနစ်နာအောင် ဆောင်ရွက်ပေးမယ်။”

စက်တင်ဘာလ ၂၈ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ (၂) အမှတ် (၂၉) တွင်ပါရှိသော “ဧရာဝတီ တိုင်းဒေသကြီးအတွင်း ကော်မရှင်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၊ မြေသိမ်းခံရမှုများတွင် တည်ဆဲဥပဒေများ နှင့်အညီ တိတိကျကျ ဆောင်ရွက်ထားခြင်းမရှိ” သတင်းမှ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အတွင်းရေးမှူး ဦးသိန်းထွန်း ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကောင်းတဲ့ အဆိုဆိုရင်တော့ ထောက်ခံရမှာပေါ့။ ပါတီခွဲခြားလုပ်တာမျိုးဆိုရင် အင်မတန်သေးသိမ်တာပေါ့။ အခု နောက်ပိုင်း လေ့လာကြည့်မိသလောက် ယေဘူယျအားဖြင့် လွှတ်တော်အရည်အချင်းတွေတက်လာတာ တွေ့ရတယ်။ အတိုက်အခံ လည်းရှိရမယ်။ ဝေဖန်သုံးသပ်မှုတွေရှိရမယ်။ ဘယ်လိုပဲဖြစ်ဖြစ်တိုင်းပြည်အတွက် အကျိုးရှိတာကို ဆွေးနွေးပြီး ပူးပေါင်း လုပ်ဆောင်မှု အမြဲရှိရမယ်။ အကောင်းဆုံးဝိုင်းဝန်းလုပ်ရမယ်။”

စက်တင်ဘာလ ၂၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ပြည်သူများအတွက် အမှန်တကယ်လိုအပ်နေသည့်အဆိုများ အတည်ပြုရာတွင် အာဏာရပါတီကိုယ်စားလှယ်များ လွတ်လပ်စွာ ဆုံးဖြတ်ခွင့် မရဟု အတိုက်အခံအင်အားစုများဝေဖန်” သတင်းမှ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ယခုလက်ရှိဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲရေးအရွေ့နှုန်းက အတော်လေးအားရကျေနပ်စရာ ကောင်းပါတယ်။ မြန်မာနိုင်ငံ ဟာ ပိုပြီးပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း တစ်ခုဖြစ်နေပါပြီ။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခြင်းဟာ ပိုပြီး စိတ်အားတက်စရာကောင်းပါတယ်။ သမ္မတကြီးက ကတိပေးခဲ့သလို ဒီနှစ်ကုန်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသား လုံးဝမရှိ လောက်တော့ဘူးလို့ ယုံကြည်ပါတယ်။”

စက်တင်ဘာလ ၂၇ ရက်နေ့ထုတ် ပြည်မြန်မာနေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “နိုင်ငံတော်သမ္မတ၏ ကတိစကားကို ယုံကြည်သဖြင့် ယခုနှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသားများ လုံးဝမရှိနိုင်တော့ကြောင်း အမေရိကန်သမ္မတဟောင်း ပြောကြား” သတင်းမှ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ၏ ပြောကြား ချက်အားကောက်နှုတ်ချက်။


“ဒီကော်မတီမှာ အပြင်ကပညာရှင်တွေ၊ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေအရ ပညာရှင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပေါင်းပြီးတော့ ပြည်သူတွေရဲ့ ငွေစာရင်းတွေကို တိကျသေချာမှန်ကန်စွာ အသုံးချဖို့၊ လာဘ်ပေးလာဘ်ယူမှုတွေ ပပျောက်ဖို့ရည်ရွယ်ပြီး လွှတ်တော်ရဲ့ကော်မတီအနေနဲ့ ရှိသင့်တယ်လို့ပြောခဲ့တယ်။ ဒါ လွှတ်တော်ရဲ့အရေးကြီးတဲ့ ကော်မတီလည်းဖြစ်တယ်။ ဒါကို လွှတ်တော်ကို တိုက်တွန်းပေမယ့် ဥက္ကဌကြီးက ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုပြီး ပယ်ချခဲ့တယ်”

အောက်တိုဘာလ ၁ ရက်နေ့ထုတ် News Watch Journal အတွဲ (၈) အမှတ် (၁၇) တွင်ပါရှိသော “တိုင်းဒေသ ကြီး အစိုးရအဖွဲ့၏ ငွေကြေးသုံးစွဲမှုကို စောင့်ကြည့်စစ်ဆေးရန် တိုင်းဒေသကြီးလွှတ်တော်၌ ပြည်သူ့ငွေစာရင်း ကော်မတီ လိုအပ်ဟုဆို” သတင်းမှ ဗဟန်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း ၏ပြောကြားချက်အားကောက်နှုတ်ချက်။


“လွတ်လပ်ရေးမတိုင်မီကတည်းက စခဲ့တဲ့ပျက်ပြားတဲ့ ပြည်တွင်းငြိမ်းချမ်းရေးအခုထိ မပြီးသေးဘူး။ ၁၉၆၂ ခုနှစ်လောက် ကစပြီး ပျက်လာတဲ့ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေကလည်း ဆိုးသထက်ဆိုးလာတယ်။ ဗိုလ်ချုပ်အောင်ဆန်း ပြောဖူး တဲ့ စကားအတိုင်း ပြောရမယ်ဆိုရင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ လွှတ်တော်အဖွဲ့ဝင်တွေ အဲဒီလူတွေကို ကပ်မြှောင် စားသောက်နေတဲ့ မင်းကပ်မင်းမြှောင်တွေ၊ အဲဒီလိုလူတွေအတွက်သာ အကျိုးရှိတယ်။ လွတ်လပ်ရေးအရသာကို သူတို့ပဲ ခံစားနေရတာဖြစ်တယ်။ အထူးသဖြင့် ခရိုနီတွေ အင်မတန်တိုးတက်ကြီးပွားခဲ့တယ်။ စစ်မှန်တဲ့ဒီမိုကရေစီ၊ စစ်မှန်တဲ့ ဖက်ဒရယ်မူတွေရဖို့အတွက် အများကြီးအလုပ်လုပ်ရမယ်။”

စက်တင်ဘာလ၂၉ ရက်နေ့ထုတ် မွန်းတည့်နေ ဂျာနယ် အတွဲ (၁) အမှတ် (၄၀) တွင်ပါရှိသော “ဒီမိုကရေစီတိုက်ပွဲကြီး မပြီးဆုံးသေးဟုဆို” သတင်းမှ အင်းစိန်ထောင်တွင်းသပိတ်တိုက်ပွဲတွင် ပါဝင်သူ ဦးဇော်ဖေဝင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment