Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေးဟာ အရမ်းကိုအရေးပါတာပေါ့လေ။ ပြည်တွင်းစစ်ဖြစ်တဲ့ နှစ် ၆၀ ကျော် တစ်လျှောက်လုံးမှာ တစ်ဖက်ကတော့ ဒီတုန်းက ဖဆပ အစိုးရပေါ့နော်။ စစ်အစိုးရက တစ်ဖက် အခွင့်အရေးတွေ ဆုံးရှုံးခဲ့တဲ့ တိုင်းရင်းသားအားလုံးက တစ်ဖက်၊ တို့ဖက်က အဖွဲ့တစ်ဖွဲ့၊ အစိုးရက တစ်ဖွဲ့၊ တပ်တစ်တပ်ပဲ၊ တစ်သွေးတစ်သံတစ်မိန့်ပဲ။ တိုင်းရင်းသားအားလုံးက အခွင့်အရေးရဖို့ပေါင်းပြီးတော့၊ ဘုံအစိုးရပေါ့နော်။ တိုက်နေပေမယ့် တစ်ပြည်လုံး အတိုင်းအတာ ဆောင်တဲ့တပ်ပေါင်းစုတစ်ခု အခုထိမတည်ဆောက်နိုင် သေးဘူး။”

စက်တင်ဘာလ ၃၀ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၅) အမှတ် (၃၉) တွင်ပါရှိသော “တစ်ပြည်လုံး အတိုင်း အတာဆောင်သည့် တိုင်းရင်းသားတပ်ပေါင်းစု ယနေ့အချိန်ထိမဖြစ်သေးဟု မွန်ပြည်သစ်ပါတီဆို” သတင်းမှ မွန်ပြည်သစ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးနိုင်ဝင်း၏ ပြောကြားချက်အားကောက် နှုတ်ချက်။


“ဧရာဝတီမြစ်ပေါ်မှာရှိတဲ့ ရေအားလျှပ်စစ်ကိစ္စ ဖြစ်ပါတယ်။ အဲဒါရဲ့ focal ministry ကတော့ ပို့ဆောင်ရေး ဝန်ကြီးဌာန ဖြစ်ပါတယ်။ ကျွန်တော်တို့ ဌာနကတော့ ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်တဲ့ဓါတ်အားကို ယူပြီးတော့မှ နိုင်ငံတော်ကို ဖြန့်တဲ့ အဆင့် ကျွန်တော်တို့လုပ်ပါမယ်။ ဒါပေမယ့် ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့တော့ ပူးပေါင်းပါဝင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါကို ကျွန်တော် အကြမ်းဖျင်းသိတာကတော့ ဥရောပတိုက်မှာ ဒီလိုရေအားလျှပ်စစ်စီမံကိန်းမျိုးက နိုင်ငံတိုင်းမှာ လုပ်ပါတယ်။ သူတို့လုပ်တာက သဘာဝကို လုံးဝမထိခိုက်ဘူး။ ရေကိုလည်း ထိန်းပြီးသားဖြစ်တယ်။ လျှပ်စစ်လည်းထုတ်တယ်။ သူတို့က တော့ dam အနိမ့်လေးတွေနဲ့ မြစ်ရေ စီးရာကနေ ရေအားလျှပ်စစ်ထုတ်ပေးခြင်း ဖြစ်ပါတယ်။ မြစ်ကြီးတစ်ခုလုံးမှာ သင်္ဘော က ကြိုက်သလိုသွားလို့ ရပါတယ်။ ဘာတစ်ခုကောင်းလာလဲဆိုတော့ မြစ်ရေကိုအဲလိုထိန်းလိုက်တဲ့အတွက် ရေကြောင်း ပိုကောင်းလာတယ်။ ဥပမာ- ဧရာဝတီမြစ်ဆိုရင် နွေဆိုသွားလို့မရတော့ဘူး။ အထက်ပိုင်းရောက်လေ ပိုဆိုးလေပဲ။ မန္တလေး၊ ဗန်းမော်ဘက်မှာဆို နွေဆိုရင် သင်္ဘောသောင်တင်ပြီး ၇ ရက်၊ ၁၀ ရက် အထိကြာတယ်။ ရေကြောင်းကြီးက ပိတ်သွားတာကို။ ပို့ဆောင်ရေးဝန်ကြီးဌာနက ဒါကို မြစ်ကြောင်းထိန်းသိမ်းတဲ့အနေနဲ့ ရေကြောင်းလမ်းလည်း ပြန်ကောင်းအောင် ဥရောပတိုက် မှာလုပ်တဲ့ ပုံစံမျိုးလုပ်ဖို့ သူတို့စီစဉ်နေပါတယ်။”

စက်တင်ဘာလ ၃၀ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၈) အမှတ် (၅၁) တွင်ပါရှိသော “လက်ရှိအစိုးရလက်ထက်တွင် ဧရာဝတီမြစ်မှ ရေအားလျှပ်စစ်ထုတ်ယူနိုင်ရန် အနည်းဆုံးစီမံကိန်းတစ်ခု သို့မဟုတ် နှစ်ခု အကောင်အထည်ဖော်မည်” သတင်းမှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ၏ပြောကြားချက်အားကောက်နှုတ်ချက်။


“ရခိုင်ပြည်နယ်လုံခြုံရေးအတွက် နိုင်ငံတော်အစိုးရနဲ့ ရခိုင်ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ မြို့နယ်အသီး သီးမှာ ပြည်သူ့စစ်အဖွဲ့များဖွဲ့စည်းပေးဖို့တောင်းဆိုပါတယ်။ ကျွန်တော်တို့  ရခိုင်တိုင်းရင်းသား တွေကို ယုံကြည်ပါ။ ကျွန်တော်တို့ကို တာဝန်ပေးပါ”

စက်တင်ဘာလ ၃၀ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဒေသလုံခြုံရေးအားနည်း သဖြင့် ပြည်သူ့စစ်များဖွဲ့ပေးရန် ရခိုင်အဖွဲ့အစည်းများ သူရဦးရွှေမန်းထံ တင်ပြ” သတင်းမှ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“နယ်စပ်ဒေသတွေမှာ စက်ရုံ၊အလုပ်ရုံတွေပေါ်ဖို့က အမှန်ကိုလိုအပ်နေတာပါ။ ဒေသဖွံ့ဖြိုးရေးပဲကြည့်ကြည့် နိုင်ငံစီးပွားရေး ပဲပြောပြော လုပ်သင့်တဲ့အလုပ်တွေပါ။ အစိုးရက လုပ်ငန်းရှင်တွေ အဲဒီနေရာတွေမှာ စက်ရုံလုပ်ဖို့ တွေ့ဆုံပြောဆိုမယ်ဆိုရင် မဖြစ်စရာမရှိပါဘူး။ တစ်ဖက်နိုင်ငံတွေဆိုလဲ သူတို့စက်ရုံတွေ ကိုယ့်နယ်စပ်မှာတည်ပြီး ဈေးပေါတဲ့မြန်မာလုပ်သားကို ယူသုံးပြီး ထွက်ကုန်တွေကို တခြားပြန်ပို့နေတာပဲ။ တစ်ခုပဲလိုတာက နယ်စပ်မှာ စက်ရုံတည်ပြီး ပြည်တွင်းပြန်သွင်းတာမ ဟုတ်ဘဲ တစ်ဖက်နိုင်ငံကို တင်ပို့မယ့် ပစ္စည်းမျိုးထုတ်ဖို့ တော့ လိုတာပေါ့။”

အောက်တိုဘာလ ၃၀ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအတွက် နယ်စပ်အခြေတည် စီးပွားရေးဇုန်များ တည်ဆောက်ရန် လိုအပ်နေ” သတင်းမှ လှိုင်သာယာ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဌ ဦးမြတ်သင်းအောင် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီ အကျဉ်းထောင် စုံစမ်းစစ်ဆေးရေးကော်မတီနဲ့ ပတ်သက်ပြီး လက်ရှိတောင်းဆိုထားတာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ပြဿနာအလိုက် စုံစမ်းစစ်ဆေးရေးကော်မတီတိုင်းဟာ ပွင့်လင်းမြင်သာမှု ဘာမှမသိခဲ့ဘူး။ ဘာ့ကြောင့်လဲဆို တော့ တကယ်လက်တွေ့ကျတဲ့သူတွေ မပါဝင်လို့ပါပဲ။ ဒါ့ကြောင့် အကျဉ်းသားတွေအတွက် ကော်မတီဖွဲ့မယ်ဆိုရင် အကျဉ်းကျခံ ရသူတွေ ပါဝင်သင့်ပါတယ်။”

အောက်တိုဘာလ ၁ ရက်နေ့ထုတ် သမဂ္ဂဂျာနယ် အတွဲ (၁) အမှတ် (၃၉) တွင်ပါရှိသော “အစိုးရမှ ဖွဲ့စည်းသော ထောင်တွင်းစုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့မှုတွင် နိုင်ငံရေးအကျဉ်းသားအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ ပါဝင်သင့်” သတင်းမှ ရွှေဝါရောင်ပညာဒါနကျောင်း ဆရာတော် ဦးပြည့်ကျော် (ဦးပဏ္ဍဝံသ) ၏ပြောကြားချက်အား ကောက်နှုတ်ချက်



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment