Transparency Myanmar

transparency.myanmar@gmail.com

International Media (1)
Document

Snapshot of the item below:
International Media (1)

-

နိုင်ငံတကာသတင်းများ (၁)

(Oil Gas Journal မှ 27 Sept 2013 ရက်စွဲပါ “Myanmar: Interest sought in oil, gas exploration” သတင်းကို ဘာသာပြန်ဆိုသည်)

(27 Sept 2013 ရက်စွဲပါ UPT မှ UN's Ban says Myanmar's progress fragile ကိုဘာသာပြန်ဆိုသည်)

(Bangkok Post မှ 24 Sept 2013 ရက်စွဲပါ “Dawei Speed up deal agreed” သတင်းကို ဘာသာပြန်ဆိုသည်)


ရေနံဓါတ်ငွေ့ရှာဖွေရေးကို မြန်မာတို့ ပိုမိုစိတ်ဝင်စားလာ

(Oil Gas Journal မှ 27 Sept 2013 ရက်စွဲပါ “Myanmar: Interest sought in oil, gas exploration” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရ စွမ်းအင်ဝန်ကြီးဌာနနှင့် နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE တို့သည် တိုင်းပြည်၌ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲနေသော ကာလတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ရှာဖွေရေးကို စိတ်ဝင်စားကြောင်း ပြသရန် ကြိုးပမ်းလျက်ရှိသည်။

တစ်ရက်လျှင် ရေနံစိမ်းစည်သန်းပေါင်း ၅၀ နှင့်ဓါတ်ငွေ့ ကုဗမီတာ ၂၈၃.၃ ဘီလီယံ ခန့်ထွက်ရှိမည်ဟု ခန့်မှန်း ရသော မြန်မာနိုင်ငံ၏ သယံဇာတရင်းမြစ်များကို ပြပွဲတင်ရန်အတွက် Exhibition နှင့် Conference အခမ်းအနားတစ်ခုကို ၂၀၁၄ ဖေဖော်ဝါရီမှ ၂၄ မှ ၂၇ အထိ ရန်ကုန်မြို့တော်၌ ကျင်းပရန် ITE Group PLc က ကမကထပြု စီစဉ်နေပါသည်။

မြန်မာနိုင်ငံသည် ကုန်းတွင်းနှင့် ကမ်းလွန်ရေနံဓါတ်ငွေ့ ရှာဖွေထုတ်လုပ်မှုများကို အကန့်အသတ်နှင့်သာ (အနည်းအကျဉ်းမျှသာ) လုပ်ကိုင်နိုင်သေးသည်။

မြန်မာနိုင်ငံတွင် မထုတ်ယူရသေးသလောက်နီးပါး သစ်လွင်လတ်ဆတ်သည့် ရေနံဓါတ်ငွေ့ကဏ္ဍ၏ အလား အလာကောင်းမှုကြောင့် နိုင်ငံတကာရေနံ ကုမ္ပဏီကြီးများ လွန်စွာစိတ်ဝင်စားနေသကဲ့သို့ ပြည်တွင်းမှ ဦးပိုင်နှင့် ခရိုနီ ကုမ္ပဏီများကလည်း တစ်တတ်တစ်အား ပါဝင်အမြတ်ထုတ်ရန် လုံးပမ်းနေကြသည်ဟု သိရှိရသည်။


မြန်မာနိုင်ငံမှ တိုးတက်မှုများမှာ ကျိုးပျက်လွယ်ဟု ကုလသမဂ္ဂမှ ဘန်ကီမွန်းပြောကြား

(27 Sept 2013 ရက်စွဲပါ UPT မှ UN's Ban says Myanmar's progress fragile ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ပဋိပက္ခများ၏ အကြောင်းအရင်းများကို ရှာဖွေထုတ်ဖော် မကိုင်တွယ်နိုင်ခြင်းသည် တိုးတက်မှု များကို အားနည်းစေမည်ဖြစ်ကြောင်း ကုလသမဂ္ဂ၏ အထွေအထွေအတွင်းရေးမှူးချုပ် ဘန်ကီးမွန်းမှ ပြောကြားလိုက်ပါ သည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်၌ အထွေအထွေရွေးကောက်ပွဲကျင်းပပြီး စစ်တပ်အုပ်ချုပ်မှုကို ရပ်ဆိုင်းခဲ့ပါသည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများသည် နိုင်ငံတကာချီးကျူးမှုကို အဆင့်တစ်ခုအထိ ရရှိစေခဲ့သော်လည်း တိုင်းပြည် အမျိုးသားလုံခြုံရေးနှင့် လူ့အခွင့်အရေးမှတ်တမ်းများတွင် စိုးရိမ်ပူပန်ရမှုများ ရှိနေဆဲဖြစ်ပါသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအဖွဲ့များသည် ၆၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အရန်ဆွေးနွေး ပွဲအဖြစ် မြန်မာနိုင်ငံ၏ အနာဂတ်ကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

ဘန်ကီမွန်းက ကိုယ်စားလှယ်များအား မြန်မာနိုင်ငံသည် နိုင်ငံရေးမျက်နှာစာတွင် မှတ်မှတ်ထင်ထင်တိုးတက်မှု များ ပြုလုပ်နိုင်ခဲ့သော်လည်း အချိန်မရွေး ကျိုးပျက်သွားနိုင်သည်ဟု ပြောဆိုခဲ့ပါသည်။

“တကယ်လို့ ဘာသာရေးနဲ့၊ တိုင်းရင်းသားအုပ်စုတွေနဲ့ အကြမ်းဖက်ထိပ်တိုက်ရင်ဆိုင်မှုတွေကို ပဋိပက္ခတွေရဲ့ ဇစ်မြစ်ကို မရှာဖွေနိုင်တာ အပါအဝင် ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းခြင်းမပြုနိုင်ရင် အခုတိုးတက်မှု အတော်များများ အားနည်းနိုင်ပါတယ်” ဟု၎င်းကကြာသပတေးနေ့က ကြေငြာချက်တွင် ဖော်ပြထားပါသည်။

ဘန်ကီမွန်း၏ မှတ်ချက်များကို ၂၀၀၇ ခုနှစ်က နယ်လ်ဆင်မင်ဒဲလား တည်ထောင်ထားခဲ့သော ငြိမ်းချမ်းရေး ကော်မတီ ဖြစ်သည့် The Elders မှအဖွဲ့ဝင်များကလည်း ထောက်ခံခဲ့ကြပါသည်။

မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော The Elders မှအဖွဲ့ဝင်များက ပြောကြားရာတွင် မြန်မာနိုင်ငံသည် အနာဂတ် အတွက် မည်သည့် မျှော်လင့်ချက်မဆို ရရှိရန် ၎င်းတို့လုပ်ဆောင်သော ငြိမ်းချမ်းရေး အစပြုလုပ်ဆောင်မှုများကို ပိုင်ရှင် နေရာမှ တာဝန်ယူမှုများ ရှိရန်လိုအပ်ပါသည်ဟု ဆိုပါသည်။

“မြန်မာနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို ရရှိဖို့ဆိုရင် ပဋိပက္ခတွေရဲ့ နောက်ကွယ်က အချက် တွေကို ဘယ်လိုစီမံနေတယ်ဆိုတာ သေချာစွာအာရုံပြုဖို့လိုပါတယ်” ဟု ဖင်လန်သမ္မတဟောင်း Martti Ahtisaari က ယခုအပတ် အစောပိုင်းတွင် နေပြည်တော်၌ ပြောကြားခဲ့ပါသည်။


ထားဝယ်စီမံကိန်း အရှိန်မြှင်ရန် သဘောတူညီမှုရ

(Bangkok Post မှ 24 Sept 2013 ရက်စွဲပါ “Dawei Speed up deal agreed” သတင်းကိုဘာသာပြန်ဆိုသည်)

ထိုင်းနှင့် မြန်မာတို့ ထားဝယ်စီးပွားရေးဇုံ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်ရန် သဘောတူညီမှု ရရှိကြပြန်ပြီဟု သိရှိရသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကာလတွင် ရေချိန်တက်လိုက်၊ ကျလိုက် ဖြစ်နေသော ထားဝယ်စီမံကိန်း ကိစ္စနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာနှင့် မြန်မာလွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့ ပြီးခဲ့သော တနင်္လာနေ့က ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

မြန်မာ အောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ထိုင်းနိုင်ငံသို့ ၅ ရက်အကြာခရီးစဉ် လာရောက်လည်ပတ် ခြင်းဖြစ်ပြီး ကြာသပတေးနေ့က ခရီးစဉ် ပြီးဆုံးခဲ့သည်။

ထားဝယ်စီမံကိန်းနှင့် သက်ဆိုင်သော သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး၊ ရေဖြန့်ဖြူးရေး အစရှိသည့် အခြေခံအဆောက်အဦးစနစ်များအပေါ် စီးပွားရေးဆိုင်ရာ လေ့လာသုံးအကဲဖြတ်ခြင်းကို အစိုးရဌာန အသီးသီးမှ တာဝန်ရှိ သူများက ဆောင်ရွက်နေကြသည်ဟု မစ္စယင်လပ်က ဦးရွှေမန်းကို ပြောကြားသည်။

မစ္စယင်လပ်က ဆက်လက်၍ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၏ အကျိုးကျေးဇူးများကို ပြည်သူလူထုသို့ အသိပေးရန်နှင့် စီမံကိန်းရှေ့ဆက်သွားရန်အတွက် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံစလုံး အတူတကွ  ပူးပေါင်းဆောင်ရွက်သွား ကြဖို့ လိုအပ်သည်ဟု ရှင်းလင်းပြောဆိုသည်။

ပြည်ပရောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ နောက်ကွယ်မှ ကြိုးကိုင်နေသော ထားဝယ်စီ မံကိန်းသည် ထိုင်းနိုင်ငံအတွက်သာ အမြတ်ထွက်ပြီး၊ မြန်မာတို့အတွက် ဆိုးကျိုးသက်ရောက်မှု များပြားနိုင်သည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့များက ပြောကြားထားသည့် အပြင်အဓိက ငွေကြေးစိုက်ထုတ် ရင်းနှီးမြှုပ်နှံ မည့် နိုင်ငံအဖြစ် မျှော်လင့်ထားသော ဂျပန်နိုင်ငံကလည်း စိတ်ဝင်စားခြင်း မရှိသောကြောင့် ထိုင်းနိုင်ငံက ထားဝယ်စီမံ ကိန်း အရွယ်အစားကို ၎င်းတို့ တတ်နိုင်သည့် အဆင့်သို့ လျှော့ချထားပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment