Transparency Myanmar

transparency.myanmar@gmail.com

International Media (3)
Document

Snapshot of the item below:
International Media (3)

နိုင်ငံတကာသတင်းများ (၃)

UAE က မြန်မာနိုင်ငံမှ ရိုဟင်ဂျာ မွတ်ဆလင်များအတွက် ရေရှည်တည်တံ့မည့် အဖြေရှာရေး နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်း

(29 sept 2013 ရက်စွဲပါ Emirates News Agency မှ UAE urges international community to find lasting solutions for Rohingya Muslim minority ကိုဘာသာပြန်ဆိုသည်)

UAE ကမြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မွတ်ဆလင်လူနည်းစု အပေါ်တွင် ပစ်မှတ်ထား လုပ်ဆောင်နေသော အကြမ်းဖက်မှုများအပေါ် စိုးရိမ်မှုများကို ဖော်ပြခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာအစိုးရအား လူ့အခွင့် အရေး၏ အခြေခံမူများနှင့် ဆန့်ကျင်နေသောလုပ်ရပ်များ ရပ်တန့်ရေး၊ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မွတ်ဆလင် လူနည်းစု ရပိုင်ခွင့်များ ပြန်ရအောင် ကူညီရေးအတွက် လုပ်ဆောင်ပေးရန် အားပေးကြရန် တောင်း ဆိုခဲ့ပါသည်။

UAE က ၎င်းသည် အကြမ်းဖက်မှုခံရသောသူများကို လူသားချင်းစာနာသော အကူအညီများ ဆက်လက်ပေး သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ မွတ်ဆလင်လူနည်းစုများ၏ တရားဝင်ရပိုင်ခွင့်များကို အကာအကွယ်ပေးသွား မည်ဖြစ် ကြောင်း ပြန်လည်အတည်ပြုပြောကြားခဲ့ပါသည်။

အဆိုပါ ပြောကြားမှုများသည် နယူးယောက်တွင် ကျင်းပသော အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ ရိုဟင်ဂျာဆက်သွယ်ရေးအုပ်စု အစည်းအဝေးတွင် ဖတ်ကြားသော UAE ၏ ကျေညာချက်တွင် ပါဝင်ပါသည်။ အဆိုပါ အစည်းအဝေးကို နယူးယောက်တွင် ၆၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် မဆိုင်ပဲ သီးခြားပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး OIC ၏ အထွေထွေအတွင်းရေးမှူးချုပ် ပါမောက္ခ Ekmeleddin Ihsanoglu က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် UAE ၏ ကျေညာချက်ကို နိုင်ငံတကာ အဖွဲ့အစည်းများရေးရာ လက်ထောက် နိုင်ငံ ခြားရေး ဝန်ကြီး Dr.Saeed Mohammed Al Shamsi က ဖတ်ကြားခဲ့ပါသည်။

UAE တာဝန်ရှိသူက ရိုဟင်ဂျာမွတ်ဆလင်များကိစ္စ အဖြေရှာရေးနှင့် လူသားချင်းစာနာသော ဖွံ့ဖြိုးတိုးတက်မှု အကူအညီများပေးရေးအတွက် လိုအပ်သည့်လက်တွေ့ကျသည့် ခြေလှမ်းများလှမ်းနိုင်ရေးအား ကုလသမဂ္ဂနှင့် လူ့အခွင့် အရေးအဖွဲ့များအပေါ် ဆန္ဒပြင်းပြလာစေအောင် စုစည်းညီညွတ်စွာနှင့် လက်တွေ့ကျကျ ရပ်တည်ရန် တောင်းဆိုခဲ့ပါ သည်။

UAE ကျေညာချက်အဆိုအရ အဆိုပါကိစ္စအတွက် ရေရှည်တည်တံ့အမည်အဖြေရှာရေး၊ ဘာသာရေးအရ ပဋိပက္ခများ ကာကွယ်ရေးနှင့် အစွန်းရောက်များကို တားဆီးနိုင်ရေးအတွက် လူ့အခွင့်အရေးကောင်စီနှင့် အစွန်း ရောက်များကို တားဆီးနိုင်ရေးအတွက် လူ့အခွင့်အရေးကောင်စီတွင် အဆိုပါကိစ္စဆွေးနွေးခြင်း၊ အချက်အလက် ရှာဖွေ ရေး ကော်မတီဖွဲ့စည်းခြင်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စရပ်အပေါ် အထူးကိုယ်စားလှယ်မှ အဆိုပါ ကိစ္စကို အဆတ်မပြတ်အစီရင်ခံခြင်း၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးမှ ထိုကိစ္စကို မျက်ခြေမပြတ်ခြင်း၊ အထက်က ဆိုခဲ့ သော လုပ်ဆောင်ချက်များကို ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်ဖြင့် ထောက်ခံ အားပေးမှုပြုခြင်း၊ နိုင်ငံ တကာဖိအားပေးမှုမျိုးစုံပေးခြင်းများ လုပ်ဆောင်ရန် ပါဝင်ပါသည်။

Dr Al Shamsi က မြန်မာနိုင်ငံရိုဟင်ဂျာ မွတ်ဆလင်များကိစ္စအပေါ် လက်ခံနိုင်သော အဖြေရှာနိုင်ရေးအတွက် လက်ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စုစည်းညီညွတ်စွာ ရပ်တည်၍ လက်တွေ့ကျသော ထောက်ခံအကြံပြု ချက်များနှင့် လုပ်ဆောင်မှုယန္တရားများ ဖော်ထုတ်ကြရန် လိုအပ်ချက်ကို အလေးပေးပြောကြားခဲ့ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment