Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“နောက်လုပ်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေးဆိုင်ရာ အစည်းအဝေးတွေမှာ ပါတီ အလိုက် အဖွဲ့ဝင်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တစ်ဦးချင်း ဆွေးနွေးတာတွေရှိမှာပါ။ အကုန်လုံးညှိပြီးမှ ပြည်ထောင်စုလွှတ်တော်ကို တင်မှာပါ။ ကျစ်ကျစ်လစ်လစ်နဲ့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ် အချက်တွေပြင်ဆင်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေ ပါမှာပါ။ လက်ရှိအခြေအနေနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါဝင်တဲ့ အချက်တွေကို လေ့လာသုံးသပ်တင်ပြဖို့ရှိပါတယ်။”

အောက်တိုဘာလ ၁ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာကိစ္စများ အဓိကဆောင်ရွက်မည့် လွှတ်တော်အစည်းအဝေးများ ယနေ့စတင်မည်” သတင်းမှ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့အကြိမ်ကြိမ်တောင်းဆိုပေမယ့် အစိုးရက လုပ်ပေးတာဘာမှမရှိသေးဘူး။ ဒါကြောင့် ပြည်နယ် အစိုးရက အာဏာခွဲဝေခြင်း၊ ရင်းမြစ်သယံဇာတနဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်တွေ ကိုယ့်ပြည်နယ်အစိုးရရဲ့ လုပ်ပိုင် ခွင့်တွေ အခြေခံဥပဒေထဲမှာ ရေးဆွဲပြဌာန်းနိုင်မှ ပိုက်လိုင်းကိုဆက်ပို့ဖို့ တောင်းဆိုပါတယ်။ ဒီလိုအဆင့်ရောက် ဖို့အတွက် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးအရင်တည်ဆောက်ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား အားလုံးကလည်း ကိုယ့်ဒေသက ထွက်တဲ့ သယံဇာတကို ကိုယ်တိုင်ခံစားချင်ကြလို့ ဒီ စစ်ပွဲတွေဖြစ်နေတယ်။”

အောက်တိုဘာလ ၁ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “ပြည်တွင်းငြိမ်းချမ်းရေး ရရှိပြီးမှသာ ဓါတ်ငွေ့ပို့လွှတ်ရန် ကျောက်ဖြူ-တရုတ် ပိုက်လိုင်းဖြတ်သန်းရာဒေသများမှ လိုလား” သတင်းမှ ရွှေဂက်စ် လှုပ်ရှားမှုအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးဝင်းအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“အဲဒီလို ဝင်ရောက်တွေ့ဆုံစစ်ဆေးတာဟာတွေ ဥပဒေနဲ့အညီလုပ်တယ်ဆိုရင် ဘာမှပြောစရာမရှိပါဘူး။ ဒါပေမဲ့ ဥပဒေနဲ့အညီ လုပ်တာမဟုတ်ဘူးဆိုရင်တော့ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ လွတ်လပ် စွာ လုပ်ပိုင်ခွင့်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါအခွင့်အရေးကို ချိုးဖောက်ရာကျပါတယ်။ အဲဒီ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ချိုးဖောက်တဲ့သူက အစိုးရမဖြစ်ဖို့ အရေးကြီးတာပေါ့။ အစိုးရကိုယ်တိုင်က ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်မယ်ဆိုလို့ရှိရင် နိုင်ငံသူ၊နိုင်ငံသားတွေကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာဖို့ဆိုတာ ခဲယဉ်း သွားပြီ။”

အောက်တိုဘာလ ၁ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ် အတွဲ (၃) အမှတ် (၂၆) တွင်ပါရှိသော “နိုင်ငံရေးအကျဉ်း သားဟောင်းတွေကို စောင့်ကြည့်မှုတွေ ပိုမိုပြုလုပ်လာ” သတင်းမှ ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“၂၀၁၂ ခုနှစ် ဇွန် ၁၉ ရက်မှာ သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး နည်းဗျူဟာနဲ့ ပတ်သက်ပြီး လာမယ့် ငါးနှစ်အတွင်းမှာ တစ်ဦးကျဝင်ငွေတိုးတက်ဖို့ ပြောဆိုသွားတာတွေအမှန်တကယ် အကောင်အထည်ဖော်ဖို့ ဆိုရင် နယ်စပ်ဒေသ ကုန်သွယ်မှုတွေကို တအားမြှင့်တင်မှရမယ်။ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ တခြားနိုင်ငံတွေရဲ့ နယ်စပ်ဖွံ့ဖြိုးမှု သိပ်တိုးတက်တယ်။ ဒီဘက်မှာ ဘာမှမရှိဘူး။ စက်မှုစွမ်းအင်သုံးစွဲမှုမှာလည်း မရှိသလောက် နည်းပါးနေတယ်။ ဒါတွေကို မြှင့်တင်ဖို့ သိပ်အရေးကြီးတယ်။”

အောက်တိုဘာလ ၁ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဆင်းရဲမွဲတေမှု အချိုးမညီမျှမှုကို အာရုံစိုက်မဖြေရှင်းလျှင် လူမှုရေးမတည်ငြိမ်မှုများ ကြုံတွေ့နိုင်ဟု UNDP ထုတ်ပြန်” သတင်းမှ Economic Research Institute for Asian and East Asia (ERIA) ၏ စီးပွားရေးပညာရှင် Mr.Fukunari Kimura ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“လက်ရှိသမ္မတကြီး ဦးဆောင်တဲ့အစိုးရအဖွဲ့အနေနဲ့ ဒီလိုကိစ္စမျိုးတွေကို ပြေပြေပြစ်ပြစ်နဲ့ ကောင်းကောင်းမွန် မွန် နဲ့ ပြည်သူလူထုရဲ့ စိတ်ဆန္ဒထဲမှာ ကျေနပ်သည်အထိ ဆုံးဖြတ်ဆောင်ရွက်ပေးနိုင်ဖို့ အလုံးစုံချမှတ် ဆုံးဖြတ်ပြီးသား ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်တွေကို များမကြာတော့မယ့် အနာဂတ်တွေမှာ သိသာထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။ ကျွန်တော်တို့ကလည်း ပွင့်လင်းမြင်သာစွာပဲ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်းကို သိစေလိုပါတယ်။”

အောက်တိုဘာလ ၃ ရက်နေ့ထုတ် News Week Journal အတွဲ (၂) အမှတ် (၃) တွင်ပါရှိသော “ပြည်သူလူ ထုရဲ့ ငြိုငြင်မှုကို မကြာခဏခံရရင် ဒီအစိုးရဟာ အောင်မြင်တဲ့အစိုးရ တစ်ခုမဟုတ်နိုင်ဘူးဟု ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းပြော”သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ၏ ပြောကြားချက် အားကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment