Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

 

“အဲဒီ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးတာနဲ့ ဘာလုပ်မလဲ။ ခိုင်မာတဲ့လုပ်ငန်းစဉ်တွေ။ ဥပမာ နိုင်ငံရေး ဆွေးနွေး တိုင်ပင်ဖို့ Planning တွေချထားပြီလား။ ဒါတွေအားလုံးသဘောတူပြီးတော့မှ တိုင်းရင်းသား တွေနဲ့ လက်မှတ်ထိုးမယ် ဆိုရင်တော့ တစ်မျိုးပေါ့။ ဒါမှမဟုတ်ဘဲ လက်မှတ်ထိုးလိုက်၊ ပြန်ပစ်လိုက် ဒီလို ခဏခဏ လက်မှတ်ထိုးတာ မကောင်းဘူး။”

အောက်တိုဘာလ ၄ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲ KIO လက်မှတ်မထိုးသင့်ဟု ကချင်လူမှုအဖွဲ့အစည်းတို့ပြော” သတင်းမှ ကချင် အတိုင် အပင်ခံအဖွဲ့ အတွင်းရေးမှူး ဦးဂမ်အောင် ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုရင် ပြင်ဆင်ရမယ့်နည်းလမ်း ရှိပါတယ်။ အသစ်ဆွဲရမယ်ဆိုတဲ့ နည်းလမ်းမပါဘူး။ အသစ်ဆွဲမယ်ဆိုရင် ဒါကြီးဖျက်ပစ်ရမယ်။ ဘယ်သူဖျက်မလဲ။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ  ပျက်ရင် လက်ရှိသမ္မတ ဦးသိန်းစိန်အစိုးရ ပျက်သွားမှာပေါ့။ ဒီလွှတ်တော်ပျက်သွားမှာပေါ့။ ကျွန်တော်တို့ ပါတီတွေလည်း တရားဝင်ပါတီတွေ မဟုတ်တော့ဘူး။ ဒါတွေက ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ထားတာဆိုတော့ ဖျက်မယ်ဆိုရင် ကျွန်တော်တို့လည်း မဟုတ်တော့ဘူး။ လွှတ်တော်လည်း မဟုတ်တော့ဘူး။ အစိုးရလည်း မဟုတ်တော့ဘူး။”

အောက်တိုဘာလ ၄ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ပြန်လည်ရေးဆွဲမည်ဆိုပါက အစိုးရ၊ လွှတ်တော်နှင့် ပါတီများ၏ အခန်းကဏ္ဍပျောက်ဆုံးသွားမည်” သတင်းမှ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌဦးဌေးဦး၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“EITI လုပ်ဆောင်ခြင်းက အစိုးရ၊ ကုမ္ပဏီနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း သုံးဖက်စလုံးကို အကျိုးကျေးဇူးရစေပါတယ်။ EITI လုပ်ဆောင်ရင် ပွင့်လင်းမြင်သာမှုရှိခြင်း၊ တာဝန်ခံမှုရှိခြင်းအပေါ် နိုင်ငံတကာရဲ့ထောက်ခံမှု၊ လက်ခံမှုရရှိနိုင်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။ သဘာဝသယံဇာတတူးဖော်ထုတ်လုပ်ရေး နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို တစ်နေရာတည်းမှာ ရရှိနိုင်ပါတယ်။”

အောက်တိုဘာလ ၄ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “EITI လုပ်ဆောင်ခြင်းက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရာတွင် အထောက်အကူပြုနိုင်” သတင်းမှ EITI အရပ်ဘက်လူမှု စုပေါင်းအဖွဲ့မှ ဒေါက်တာ စောမွန်သိမ့် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့ရထားတဲ့ အချက်အလက်တွေနဲ့ပဲ သိသလောက်ကြည့်ရတဲ့အခါ အဆိုးတွေပဲများနေတယ်။ ကောင်းကျိုးနဲ့ ဆိုးကျိုးကိုယှဉ်ပြီး ပြည်သူကိုချပြရမယ်။ Public Hearing လိုတယ်။ ဟိုတယ်တစ်ခုမှာ ပွဲလုပ်ပြီး ရှင်းလင်းတာက ပြည်သူ ကိုချပြတယ်လို့ မပြောနိုင်ဘူး။”

အောက်တိုဘာလ ၄ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၇၇) တွင်ပါရှိသော “မြစ်ဆုံစီမံကိန်း ပြည်သူ့ ဆုံးဖြတ်ချက်အပေါ်မူတည်” သတင်းမှ သဘာဝပတ်ဝန်းကျင်ပညာရှင် ဦးဝင်းမျိုးသူ ၏ပြောကြားချက် အား ကောက်နှုတ်ချက်။


“တရားစီရင်တယ်ဆိုတာ ပြည်သူအချင်းချင်းဖြစ်တဲ့ကိစ္စရော၊ ပြည်သူနဲ့ နိုင်ငံတော်ကြားဖြစ်တဲ့ ကိစ္စကိုပါ အားလုံးကို တရားရုံး က စီရင်ပေးရတယ်။ တရားသူကြီးတွေဟာ ဘယ်ဘက်ကမှ မရပ်ရဘူး။ နိုင်ငံတော်ဘက်က မှားလည်း နိုင်ငံတော်မှားတယ်လို့ ဆုံးဖြတ်ရမယ်။ နိုင်ငံသားဘက်ကမှားလည်း နိုင်ငံသားမှားတယ်လို့ ဆုံးဖြတ်ရမယ်။ အဲဒီအနေအထားမျိုးမရှိသေးဘူး။ များသောအားဖြင့်ဆရာတို့ တရားရေးဌာနက ပုဂ္ဂိုလ်တွေက နိုင်ငံတော်ဘက်ကပဲ ရပ်နေကြတယ်။ တရားဥပဒေစိုးမိုးမှု မရှိခြင်းရဲ့ သင်္ကေတတစ်ခုပဲ။”

အောက်တိုဘာလ ၆ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ် အတွဲ (၁) အမှတ် (၄၁) တွင်ပါရှိသော “တရား စီရင်ရေးအားနည်းခြင်းသည် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်နေဟု ဒေါက်တာသောင်းထွန်းဆို” သတင်းမှ တရားလွှတ်တော်ရှေ့နေဦးကိုနီ ၏ပြောကြားချက်အားကောက်နှုတ်ချက်။


 

 


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment