Transparency Myanmar

transparency.myanmar@gmail.com

International Media (1)
Document

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ (၁)

(3 Oct 2013 ရက်စွဲပါ UPI မှ Myanmar’s oil progress continue ကို ဘာသာပြန်ဆိုသည်)

(4 Oct 2013 ရက်စွဲပါ Bangkok Post မှ Thein Sein tours riot-torn Rakhine ကို ဘာသာပြန်ဆိုသည်)


မန်မာနိုင်ငံမှ ရေနံထုတ်လုပ်မှုတိုးတက်လျက်ရှိ

(3 Oct 2013 ရက်စွဲပါ UPI မှ Myanmar’s oil progress continue ကို ဘာသာပြန်ဆိုသည်)

စင်္ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သော Interra Resources က ၎င်းသည် မြန်မာနိုင်ငံရေနံ ချောင်းရှိ ရေနံမြေ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပြီးစီးခဲ့ပြီဖြစ်ကြောင်း ကြာသာပတေးနေ့ ကပြော ကြားခဲ့ပါသည်။

Interra ကပြောကြားရာတွင် ၎င်းသည် ရေနံချောင်းရှိ ရေနံတွင်းအမှတ် YNG 3258 အား တိုးတက်ထုတ်ယူ ရေးလုပ်ငန်းများ ပြီးစီးပြီဖြစ်ပြီး ၎င်းအတွက် ၁၈ တွင်းမြောက်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

Interra ကပြောကြားရာတွင် ၎င်းသည် ရေနံချောင်းရှိ ရေနံတွင်းအမှတ် YNG 3258 ၌ ၎င်း၏ မူလရည်ရွယ်ချက်မှာ လက်ရှိထုတ်ယူနေသော တွင်းများမှ ထုတ်လုပ်မှု အရှိန်မြှင့်တင်ရန် ဖြစ်ကြောင်း ဆိုပါသည်။ အဆိုပါ တွင်းအား စမ်းသပ်ခဲ့စဉ်က တစ်ရက်လျှင် စည်ပေါင်း ၆၀ နှုန်းရှိသဖြင့် ရေနံ ထုတ်လုပ်နိုင်မည့် တွင်း အဖြစ် အတည်ပြုခဲ့ပါသည်။

ကုမ္ပဏီသည် YNG 3258 ကိုဇူလိုင်လတွင် စတင်တူးဖော်ခဲ့ပါသည်။ အဆိုပါ တွင်း သည် အောက်တွင်ရှိမည့် ရေနံပမာဏ အားအလာများအတွက် အချက်ပြသမှုမရှိခဲ့ပေ။ သို့သော် အမေရိကန်စွမ်းအင် စီမံရေးသတင်းအချက်အလက်များက ပြောကြားရာတွင် မြန်မာနိုင်ငံမှ ရေနံစိမ်းထုတ်လုပ် မှုသည် အနည်းဆုံးပမာဏတွင် ရှိသော်လည်း တဖြည်းဖြည်းတိုးတက်လာနိုင်ကြောင်း ဆိုပါသည်။ မြန်မာနိုင်ငံသည် ဆီတင်သွင်းရသော နိုင်ငံ ဖြစ်ပါသည်။

လှုံဆော်သော အုပ်စုများကမူ မြန်မာနိုင်ငံတွင် လုပ်ငန်းများလုပ်ကိုင်ရန် စိုးရိမ်ရမှုများရှိကြောင်း ဖော်ပြခဲ့ပါသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် အရေးယူမှုများ ဖြေလျော့ပေး ခဲ့ပါသည်။ သို့သော် လူ့အခွင့်အရေးအုပ်စုများက ပြောကြားရာတွင် အဆိုပါ အရေးယူမှုများသည် ဖွံ့ဖြိုး တိုးတက်မှုကို အားပေးသော အရာများဖြစ်သည်ဟု ဆိုပါသည်။

Earth Right International က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော  ၎င်း၏ကျေညာချက်တွင် ဖော်ပြ ထားရာ၌ အချို့ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် တွဲလျက်ရှိနေသော လူ့အခွင့်အရေးများနှင့် စွန့်စားရ မည့် အဂတိလိုက်စားမှုများကို စိစစ်လျက်ရှိကြောင်း၊ အချို့ကမူ အဆိုပါကိစ္စများအပေါ် တာဝန်မယူ လိုကြောင်း ငြင်းဆိုကြသည်ဟု ဆိုပါသည်။


အဓိကရုဏ်းဒဏ်ခံ ရခိုင်ပြည်နယ်သို့ ဦးသိန်းစိန်သွားရောက်

(4 Oct 2013 ရက်စွဲပါ Bangkok Post မှ Thein Sein tours riot-torn Rakhine ကို ဘာသာပြန်ဆိုသည်)

မြန်မာသမ္မတဦးသိန်းစိန်သည် ကြာသာပတေးနေ့က မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှု ဒဏ်ခံရသော အသိုင်းအဝိုင်းများနှင့် တွေ့ဆုံခဲ့ပါသည်။ အကြမ်းဖက်မှုတွင် လူအုပ်ကြီးသည် နေအိမ် များကို မီးရှို့ခဲ့ကြပြီး၊ ရဲများက ခြောက်လှန့်သည့်အနေဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ပါသည်။

ရခိုင်ပြည်နယ်တွင် ရက်အနည်းငယ်တင်းမာမှုဖြစ်ပြီးနောက် အင်္ဂါနေ့က သွေးထွက်သံယိုဖြစ်ပွား ခဲ့ရာ ခြောက်ဦး အထိသေဆုံးခဲ့ပြီး အားလုံးမွတ်ဆလင်များဖြစ်ကြောင်းနှင့် လူခြောက်ဦးအားဖမ်းဆီး ထားကြောင်းရဲတပ်ဖွဲ့က ဆိုပါသည်။

ဦးသိန်းစိန်သည် သံတွဲမြို့၌ ဒေသခံများ၊ ဟိုတယ်လုပ်ငန်းရှင် များနှင့် တွေ့ဆုံခဲ့သော်လည်း ဝေးလံ၍ အန္တရာယ်ရှိသော ရွာများသို့မူ သွားရောက်ခြင်းမရှိခဲ့ပေ။

သမ္မတကြီး ရခိုင်ပြည်နယ်တွင် ရှိနေသော်လည်း အဓိကရုဏ်းများသည် ဗုဒ္ဓဟူးနေ့ညနေက အရှိန်ပြန်မြင့်လာခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူရခိုင်ပြည်နယ်မှ ရဲအရာရှိတစ်ဦးက AFP သို့ပြောပါသည်။

“အခြေအနေကို ထိန်းသိမ်းဖို့ ရဲက သေနတ်နဲ့ပစ်ခဲ့ရပါတယ်။ ” ဟု ၎င်းက ပြောပါသည်။ သံတွဲ မြို့ပြင်တွင် မြို့ခံမွတ်ဆလင်များပိုင်သော အိမ်နှစ်လုံးမီးရှို့ခံခဲ့ရရာ မည်သူမျှဒဏ်ရာရခြင်းမရှိကြောင်း ၎င်းက ဖြည့်စွက်ပြောပါသည်။

ဗုဒ္ဓဘာသာဝင် သုံးဘီးဆရာနှင့် မွတ်ဆလင်တစ်ဦးတို့ စကားအခြေအတင်ဖြစ်ခြင်းမှ စတင်ဖြစ် ပွား ခဲ့ရာ၊ အဆိုပါ မွတ်ဆလင်ဘာသာဝင်၏ အိမ်မှာမီးရှို့ခံရပြီး၊ ၎င်းကိုလည်း သံတွဲရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ ပါသည်။

ကြာသာပတေးနေ့က အကြမ်းဖက်မှုတွင် လူ ၈၀၀ ခန့်ရှိသော ဗုဒ္ဓဘာသာလူအုပ်ကြီးက သံတွဲမြို့အပြင်မှ ရွာများကို မီးရှို့ကြရာ မွတ်ဆလင်မိသားများမှာ တောထဲသို့ ထွက်ပြေးခဲ့ရပါသည်။

အဓိကရုဏ်းအတွင်း အသက် ၉၄ နှစ်အရွယ် အဘွားအိုတစ်ဦးမှာ ဓါးထိုးခံရ၍ သေဆုံးခဲ့ပါ သည်။

လူ့အခွင့်အရေးအုပ်စုများက ယခင်ကတည်းက မြန်မာအာဏာပိုင်များသည် အဓိကရုဏ်း ကျူးလွန်သူများနှင့် အတူပါဝင်ခဲ့ကြောင်း စွပ်စွဲမှုများပြုလုပ်ခဲ့သော်လည်း အစိုးရကမူငြင်းဆိုခဲ့ပါသည်။

နိုင်ငံတကာအသိုင်းအဝိုင်းကလည်း လူမျိုးရေးအရ အငြင်းပွားမှုဒဏ်ခံရသော ရခိုင်ပြည်နယ်မှ နောက်ဆုံး အဖြစ်အပျက်ကြောင်း စိုးရိမ်ပူပန်မှု များတိုးလာရကြောင်း ဖော်ပြလာကြပါသည်။

အမေရိကန်ပြည်ထောင်စုနှင့် ကုလသမဂ္ဂကလည်း နောက်ဆုံးဖြစ်ပျက်မှုအတွက် စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ပြီး၊ ပဋိပက္ခများ ရပ်တန့်ရေးနှင့် ကျူးလွန်သူများကို တရားဥပဒေ ဖြင့်အရေးယူရေးကို အမြန်ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါသည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment