Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဖွဲ့စည်းပုံအခြေခံဥပဒေကြီးက ဘယ်လိုမှ ပြင်လို့မရဘူးလို့ ယုံကြည်တဲ့သူတွေရှိတယ်။ တစ်ချို့က တစ်ဆင်ချင်း၊ တစ်ဆင့် ချင်း ပြင်သွားတာ ထိရောက်မယ်လို့ထင်တယ်။ ကျွန်မတို့က ၂၀၁၅ ရွေးကောက်ပွဲအမီလည်း လုပ်စရာရှိတယ် တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ ဒါဟာ အငြင်းပွားစရာ မဟုတ်ဘူး။ အမြင်ချင်းမတူတာ ပြည်သူတွေရဲ့အသံကို ဆွေးနွေးလိုက်ရင် ကျွန်မတို့ အမြင်တွေ ပိုပြီးရှင်းသွားတာပေါ့”

အောက်တိုဘာလ ၇ ရက်နေ့ထုတ် The Messenger Journal အတွဲ ၄၊ အမှတ် ၂၀ ပါ "၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မလား၊ အသစ်ရေးဆွဲမလား မေးခွန်းအပေါ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝါရင့် နိုင်ငံရေးသမားများ၏ အမြင်များ” သတင်းမှ NLD ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဖွဲ့စည်းပုံအခြေခံဥပဒေကြီးက ဘယ်လိုမှ ပြင်လို့မရဘူးလို့ ယုံကြည်တဲ့သူတွေရှိတယ်။ တစ်ချို့က တစ်ဆင်ချင်း၊ တစ်ဆင့်ချင်း ပြင်သွားတာ ထိရောက်မယ်လို့ထင်တယ်။ ကျွန်မတို့က ၂၀၁၅ ရွေးကောက်ပွဲအမီလည်း လုပ်စရာရှိတယ် တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ ဒါဟာ အငြင်းပွားစရာ မဟုတ်ဘူး။ အမြင်ချင်းမတူတာ ပြည်သူတွေရဲ့အသံကို ဆွေးနွေးလိုက်ရင် ကျွန်မတို့ အမြင်တွေ ပိုပြီးရှင်းသွားတာပေါ့”

အောက်တိုဘာလ ၇ ရက်နေ့ထုတ် The Messenger Journal အတွဲ ၄၊ အမှတ် ၂၀ ပါ "၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မလား၊ အသစ်ရေးဆွဲမလား မေးခွန်းအပေါ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝါရင့် နိုင်ငံရေးသမားများ၏ အမြင်များ” သတင်းမှ NLD ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ဒေါ်လာ ၁၁ သန်းကိစ္စကြောင့် အကြွေးမလျော်ပေးတာ မဟုတ်ပါဘူး။ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ဟာ ဘယ်တုန်းကမှ အကြွေးလျော်ပေးလေ့မရှိပါဘူး။ ရှင်းလင်းနိုင်မယ့် နည်းလမ်းလေးခုကိုတော့ အကြံပေးခဲ့ပါတယ်။ အဲ့ဒီ အကြံပေးချက် လေးချက်ထဲက ကျွန်တော်တို့ နိုင်ငံနဲ့ သင့်တော်ပြီး ဖြစ်လည်းဖြစ်နိုင်မယ့် ပေါင်းကူးချေးငွေကို ရယူပြီး အကြွေးဟောင်းဆပ်ခြင်းအားဖြင့် အကြွေးသစ်ရယူနိုင်မယ့် နည်းလမ်းကို ကျင့်သုံးခဲ့ပါတယ်။ ဒါကြောင့် မီဒီယာတွေမှာ ဖော်ပြသလို ဒေါ်လာ ၁၁ ဘီလီယံလေက်ရှိနေတဲ့ ဘဏ်စာရင်း ငါးခုကြောင့် ကမ္ဘာ့ဘဏ်က မြန်မာ့အကြွေးတွေကို မလျော်ပစ်တာ မဟုတ်ပါဘူး”

အောက်တိုဘာလ ၈ ရက်နေ့ထုတ် သမဂ္ဂအပတ်စဉ်ထုတ် ဂျာနယ်အတွဲ ၁၊ အမှတ် ၄၀ ပါ "ကန်ဒေါ်လာ ၁၁ သန်းကြောင့် ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံအပေါ် အကြွေးမလျော်ခဲ့သည့် ကိစ္စပြည်ထောင်စုလွှတ်တော်တွင် ရှင်းပြီ” သတင်းမှ ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“နိုင်ငံရေး ပြဿနာကို ငြိမ်းချမ်းတဲ့ နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖြေရှင်းချင်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ က အပစ်အခတ်ရပ်စဲပြီး ဖြစ်ပါတယ်။ ဆွေးနွေးတယ်ဆိုတဲ့ နေရာမှာ အပေါ်စီးယူခြင်းမျိုးမဖြစ်စေဘဲနဲ့ တန်းတူတဲ့ အဆင့်မျိုး ကနေ ဆွေးနွေးမှု အလျှော့အတင်းပြုလုပ်နိုင်မှသာ သဘောတူညီချက်တွေ ရနိုင်မှာဖြစ်ပါတယ်”

အောက်တိုဘာလ ၅ ရက်နေ့ထုတ် 7Day နေ့စဉ်ထုတ်သတင်းစာပါ “၂ နှစ်တာကာလအတွင်း တိုက်ပွဲပေါင်း တစ်ရာကျော် တပ်မတော်မှ စတင်တိုက်ခိုက်ခဲ့ဟု RCSS/SSA ပြော”သတင်းမှ RCSS/SSA ၏ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် စိုင်းဘောင်ခေး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ကျွန်တော်တို့က အားလုံးသော အဖွဲ့အစည်းတွေနဲ့ အတူတူသွားဖို့ပဲ ဆန္ဒရှိတာပါ။ တစ်ဖွဲ့ချင်းသွားဖို့တော့ ကျွန်တော်တို့ မှာ ဆန္ဒမရှိဘူး။ အဲ့ဒီကို မသွားခင်မှာ လောလောဆယ် အစိုးရက ပြင်ဆင်ထားတဲ့ အခင်းအကျင်းတွေအရလည်း ကျွန်တော်တို့က မသွားချင်သေးဘူးဗျ။ ဒီလိုလုပ်မယ်ဆိုရင်တော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ညှိနှိုင်းပြီးတော့ ကျလာတဲ့ ဆုံးဖြတ်ချက် အပေါ်မှာ သွားသင့်တယ်လို့ ထင်တယ်။ အခုဟာကတော့ အစိုးရက သိပ်ပြီးလက်တွေ့မကျဘူးလို့ ကျွန်တော်တို့ ယူဆရပါတယ်”

အောက်တိုဘာလ ၅ ရက်နေ့ထုတ် Daily Eleven နေ့ထုတ်စဉ်သတင်းစာပါ“UNFC အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အကြိုညှိနှိုင်းချက်များကို အစိုးရဘက်က လက်မခံပါက တစ်နိုင်ငံလုံးအတိုင်းအတာအရ အပစ်ရပ်ရေး လက်မှတ်ရေးထိုးပွဲ ပျက်ပြယ်ဖွယ်ရှိ” သတင်းမှ ကရင်နီအမျိုးသားတိုးတက် ရေးပါတီ (KNPP) ၏ဒုတိယ ဥက္ကဋ္ဌ ဦးခူးရယ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ဘဏ်တိုးနှုန်းလျှော့ဖို့ ပထမအချက်က ငွေကြေးဖောင်ပွမှုကို လျော့နိုင်သမျှ လျော့အောင် (နိမ့်နိုင်သမျှ နိမ့်အောင်) လုပ်ရမယ်။ ကာလတစ်ခုအထိ ဖြစ်နိုင်ရင် တောက်လျှောက် ထိန်းထားနိုင်ဖို့လိုတယ်။ လက်ရှိငွေကြေးဖောင်းကြွမှုနှုန်းကို အတိအကျ မပြောနိုင်သေးဘူး။ ခန့်မှန်းခြေ ၆ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ပြောတယ်။ ခန့်မှန်းငွေးကြေးဖောင်းကြွမှုနှုန်း (Expected Inflation Rate) ကို အမြဲတွက်ထားဖို့လိုတယ်။ နောက်တစ်ခါ ဘဏ်တိုးနှုန်းလျှော့မယ်ဆိုရင် အစုရှယ်ယာ ဈေးကွက်တွေ၊ အရင်းအနှီး ဈေးကွက်တွေကလည်း မဖွံ့ဖြိုးသေးဘူး။ ငွေကြေးဖောင်းကြွမှုနှုန်းကို ၅ ရာခိုင်နှုန်းအောက် ထိန်းဖို့လိုတယ်ဆိုတာ ငွေကြေးဖောင်းကြွမှုနှုန်းကို နိမ့်အောင် တောက်လျှောက်ထိန်းထားနိုင်ခြင်းရှိ မရှိဆိုတာကို အကဲခတ်ဖို့ ပြောတာပါ။ ဘဏ်တိုးနှုန်း ငွေကြေးဖောင်းကြွမှုနှုန်းက နိမ့်မှဖြစ်မယ်။ ဘဏ်တိုးနှုန်းထက် ငွေကြေးဖောင်ကြွမှု နှုန်းက အတတ်နိုင်ဆုံးနိမ့်နေမှ ဖြစ်မယ်။ နောက်အရင်းအနှီးဈေးကွက်ကို ၂၀၁၅ မတိုင်ခင်လေး၊ ငါးခြောက်လ အလိုမှာ ပေါ်အောင်လုပ်ပါ။ ၂၀၁၅ မတိုင်ခင် ပေါ်အောင်လုပ်ဖို့က အရေးကြီးတယ်။ နောက်တစ်ချက်ကလည်း မြန်မာနိုင်ငံလူဦးရေ သန်း ၆၀ မှာ ၄ ရာခိုင်နှုန်းပဲ ငွေစုကြတယ်”

 အောက်တိုဘာလ ၇ ရက်နေ့ထုတ် The Voice Weekly ဂျာနယ်ပါ "စီးပွားရေးဝါဒရေးရာ ပညာရှင် ဒေါက်တာ အောင်ကိုကို နှင့် တွေ့ဆုံခြင်း” အင်တာဗျူးမှ ဒေါက်တာအောင်ကိုကို၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment