Transparency Myanmar

transparency.myanmar@gmail.com

International Media (1)
Document

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ (၁)

(UPI မှ 4 Oct 2013 ရက်စွဲပါ “ China touts Myanmar’s potential” သတင်းကိုဘာသာပြန်ဆိုသည်။)

(Xinhua မှ 4 Oct 2013 ရက်စွဲပါ “ Myanmar’s ruling party warns of danger in event of constitution redrawing” သတင်းကိုဘာသာပြန်ဆိုသည်။)


မြန်မာနိုင်ငံအလားအလာကောင်းကြောင်း တရုတ်ကြော်ငြာပေး

(UPI မှ 4 Oct 2013 ရက်စွဲပါ “ China touts Myanmar’s potential” သတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာအစိုးရကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ သဘောကျလာအောင် အားပေးနေသော ဖွံ့ဖြိုးရေးခေတ် ကာလ တစ်ခုထဲသို့ မြန်မာနိုင်ငံ ဝင်ရောက်နေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက သောကြာနေ့တွင် ပြောကြား လိုက်သည်။

သမ္မတဦးသိန်းစိန်သည် ၂၀၁၀ ထွေထွေရွေးကောက်ပွဲများအပြီး တိုင်းပြည်ကို နိုင်ငံရေးအရ တိုးတက်မှုရှိ အောင် ဖြောင့်ဖြောင့်တန်းတန်း ထိန်းကျောင်းမောင်းနှင်နေသည့်အတွက် ပြည်တွင်းပြည်ပမှ ချီးကျူးပြောဆို မှုကို ခံနေရခြင်း ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲများသည် အငြင်းပွားဖွယ်ဖြစ်ခဲ့သော်လည်း ကာလရှည် စစ်အုပ်ချုပ်ရေးကို အဆုံးသတ်စေ ခဲ့သည်။

“ဒေသတွင်း နိုင်ငံများ၏ မျှော်မှန်းချက် ပန်းတိုင်များကို မြန်မာအစိုးရကလည်း မျှဝေ ပိုင်ဆိုင်သည်” ဟု တရုတ်သံ အမတ်ကြီးယောင်ဟိုလန် က ဘေဂျင်းတွင် ရှင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံဟာ လူမှုစီးပွားရေး ဖွံ့ဖြိုးမှုခေတ်သစ် တစ်ခုထဲကို ဝင်ရောက်နေပါပြီ။ ဒီအချိန်မှာ နိုင်ငံဖွံ့ဖြိုးတိုး တက်ဖို့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာဗဟုသုတတွေ စီးဝင်လာဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မဲ့ အလားအလာ ဟာအရမ်းကြီးမားတယ်လို့ ပြောလို့ရပါတယ်။ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်ဟာ သိပ်ကိုကျယ်ပြန့်ပါတယ်” ဟုသောကြာနေ့က အင်တာဗျူးတွင် သံအမတ်ကြီး ယောင်ဟိုလန်က ဆိုပါသည်။

မြန်မာနိုင်ငံသည် အနောက်အုပ်စု အရေးယူပိတ်ဆို့မှု Sanctions များ ရုတ်သိမ်းသွားမှုကြောင့် နိုင်ငံတကာမှ ဈေးကွက်ချဲ့ထွင်လိုသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်လျှက် ရှိသည်။ ယင်းကဲ့သို့ Sanctions များဖြေလျှော့မှုကို စိတ်အနှောက်အယှက်ဖြစ်နေသော လူ့အခွင့်အရေးအုပ်စုများက “မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲလာအောင် Sanctions များက ရှေ့တန်းမှ တွန်းအားပေးခဲ့ကြခြင်းဖြစ်သည်” ဟု ထောက်ပြပြောဆိုထားကြသည်။

သို့သော် မြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက်ဖြစ်ပေါ်မှုများကို အမျိုးသားလုံခြုံရေးပြဿနာများက လောင်းရိပ်မိုး လျှက်ရှိသည်။ လတ်တလော လပိုင်းများအတွင်း နိုင်ငံ၏ လူများစု ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု မွတ်စလင် အသိုင်းအဝိုင်း တို့အကြား ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိသည်။

သမ္မတဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် အာဏာရလာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပဋိပက္ခဘေးဒဏ်သင့် ရခိုင်ပြည်နယ်သို့ ယခုသီတင်းပတ်အတွင်း သွားရောက်ခဲ့ရာ မွတ်ဆလင်များအပေါ် အကြမ်းဖက်သော အဓိကရုဏ်း ထပ်မံဖြစ်ပွားမှုနှင့် တိုက်ဆိုင်ခဲ့သည်။ သမ္မတက ၎င်းရောက်ရှိနေချိန်တွင် အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်သည်ဟု သံသယရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

 


အခြေခံဥပဒေပြန်လည်ရေးဆွဲလျှင် အန္တရာယ်ရှိကြောင်း မြန်မာအာဏာရပါတီသတိပေး

(Xinhua မှ 4 Oct 2013 ရက်စွဲပါ “ Myanmar’s ruling party warns of danger in event of constitution redrawing” သတင်းကိုဘာသာပြန်ဆိုသည်။)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်း၍ အသစ်ပြန်လည်ရေးဆွဲပါက အန္တရာယ်ကြီး၍ ဆိုးကျိုးများ ရှိနိုင်ကြောင်း အာဏာရ ပြည်ခိုင်ဖြိုးပါတီက စနေနေ့တွင် သတိပေးလိုက်သည်။

ယင်းသို့လုပ်ဆောင်မှုမှ ထွက်ပေါ်လာမည့်အကျိုးဆက်များကို နိုင်ငံနှင့် ပြည်သူတို့ ခံစားရလိမ့်မည်ဟု ယင်းပါတီ၏ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီက ကြေညာချက်ထုတ်ပြန်သည်။

အခြေခံဥပဒေကိစ္စနှင့်ပတ်သတ်၍ တိုင်းရင်းသားနိုင်ငံရေးပါတီများ အသိုင်းအဝိုင်းတွင် ပြင်ဆင်ရေးနှင့် အသစ်ပြန်လည်ရေးဆွဲရေးဟူ၍ သဘောထားနှစ်မျိုး ထွက်ပေါ်နေကြောင်း အကဲခတ်လေ့လာသူများက ပြောကြားသည်။

ထိုအတောအတွင်း အတိုက်အခံနိုင်ငံရေးပါတီ NLD ကလည်း အခြေခံဥပဒေကိစ္စနှင့်ပတ်သတ်၍ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြည်သူ့ဆန္ဒအပေါ်မူတည်နေသော ကိစ္စရပ် အပေါ်ဆုံးဖြတ်ချက်မ ချရသေးကြောင်း အစောပိုင်းကြေညာချက်တစ်ခုတွင် ပြောဆိုထားသည်။

အခြေခံဥပဒေပြင်ဆင်ရေး (သို့) ပြန်လည်ရေးဆွဲရေးနှင့် ပတ်သတ်၍ လူထုသဘောထားရရှိရန် တိုင်းရင်းသား ပါတီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ရရှိလာသော ထူထုသဘောထားဆန္ဒများကို လွှတ်တော်သို့ တင်ပြမည်ဟု NLD ပါတီက ဆိုပါသည်။

NLD ပါတီက “မနှစ်က ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့ခြင်းသည် ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်း ရေး၊ အခြေခံဥပဒေပြင်ဆင်ရေးတို့ ဆောင်ရွက်ရန် ရည်မှန်းခြင်းကြောင့်ဖြစ်ပြီး ၂၀၀၈ အခြေခံဥပဒေသည် ပါတီစုံဒီမိုကရေစီစနစ် အကောင်အထည်ဖော်ရာတွင် ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီခြင်း၊ နိုင်ငံသား တို့၏ တန်းတူညီမျှရေးကို အကာ ကွယ်မပေးနိုင်ခြင်း၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲများ၏ လွတ်လပ်မျှတမှု ကို ထိခိုက်စေမည့်စည်းကမ်းများ ပါဝင်နေခြင်းတို့ကို တွေ့ရှိထားကြောင်း” ရှင်းလင်းပြောဆိုထားသည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment