Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂)

မြန်မာသမ္မတက ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှု ရပ်ဆိုင်းရေးအတွက် အိုင်ဒီယာအသစ်များ ကတိပြု

(4 Oct 2013 ရပ်စွဲပါ NIKKEI မှ Gwen Robinson ရေးသားသော Myanmar President promise 'new idea' to end Rakhine violence ကိုဘာသာပြန်ပါသည်)

မြန်မာသမ္မတ ဦးသိန်းစိန်က ၎င်း၏အစိုးရသည် ရခိုင်ပြည်နယ်မှ နောက်ဆုံးဖြစ်ပွားသော ဘာသာရေးအရ အကြမ်းဖက်မှု များကို အိုင်ဒီယာ အသစ်များဖြင့် လျင်မြန်စွာ တုန့်ပြန်သွားမည်ဖြစ်ပြီး၊ ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များကို လည်း အရှိန်မြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက ဗုဒ္ဓဘာသာနှင့် မူဆလင် အသိုင်းအဝိုင်းများအားလုံးကို ရန်မူမှုများ ထိန်းချုပ်ကြရန်လည်း တောင်းဆိုခဲ့ကြပါသည်။

ဦးသိန်းစိန်နှင့် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်တစ်ခွင် သွားရောက်ကြစဉ် သံတွဲဝန်းကျင်၌ မူဆလင်များ အပေါ် အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး၊ ၎င်းတို့သည် ဘာသာရေးနှင့် အရပ်သားခေါင်းဆောင်များ ဖြင့်တွေ့ဆုံခဲ့ပြီး သုံးရက်တာခရီးစဉ်အတွင်း အိမ်ယာမဲ့ပြည်သူများ၏ စခန်းများသို့လည်း သွားရောက်ခဲ့ပါသည်။

သမ္မတ၏ ခရီးစဉ်အပြီးတွင်၊ ဒေသဆိုင်ရာတာဝန်ရှိသူများက သောကြာနေ့တွင် အတည်ပြုပြောကြားရာ၌ တိုက်ခိုက်မှုများ နှင့် ဆက်စပ်၍ စီးပွားရေးလုပ်ငန်းရှင်နှစ်ဦးနှင့် ဒေသခံနိုင်ငံရေးသမားတစ်ဦး အပါအဝင် ခြောက်ဦးအား ထိန်းသိမ်းထား ကြောင်း ဆိုပါသည်။

တိုင်းပြည်၏ အဆင်းရဲဆုံး ဒေသများတွင် တစ်ခုအပါအဝင်ဖြစ်သော ရခိုင်ပြည်နယ်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအား ကူညီရန် ဦးသိန်းစိန်က တောင်ခံခဲ့ပါသည်။ "ကျွန်တော် တို့ တိုးတက်ကြီးပွားဖို့ ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်တွေလိုအပ်ပါတယ်ဟု၎င်းက Nikkei သို့ပြောပါသည်။ "ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဒါအောင်မြင်အောင် ကူညီဖို့ ကျွန်တော့မှာ အိုင်ဒီယာ အသစ်တွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကျွန်တော်တို့ပြည်သူတွေကို လေ့ကျင့်ပေး ဖို့တွေ လိုအပ်နေသေးတယ်။ အထူးသဖြင့် ကမ္ဘာ့ဘဏ်လို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အခြားရင်းနှီးမြှုပ်နှံ သူတွေဆီက အကူအညီနဲ့ လေ့ကျင့်ပေးမှု တွေပေါ့။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေးကနေတစ်ဆင့်သာ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုရနိုင်မှာဖြစ်ပါတယ်ဟု၎င်းက ရခိုင်ပြည်နယ်တွင် ပြောကြားခဲ့ပါသည်။

သမ္မတ၏ အစီအစဉ်အတွက် ဒေါက်တိုင်တစ်ခုမှာ ပြည်နယ်အတွင်း ခရီးသွားလာရေး ဖွံ့ဖြိုးလာစေရန်တွန်း အားပေးရေး ဖြစ်ပြီး အထူးသဖြင့် သံတွဲအနီးရှိ ငပလီဝန်းကျင်တွင် ဖြစ်ပါသည်။

ကျွန်တော်တို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ အလိုရှိပါတယ်။ ဟော့ဒီမှာကြည့်ပါ။ ဘာလီထက်သာနိုင်ပါတယ်။ ကျွန်တော်တို့ လိုတာက ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာပါပဲဟုကမ်းခြေကို ညွှန်ပြရင်း ပြောပါသည်။ ရခိုင်ပြည်နယ်၏ ကမ်းရိုးတမ်းတစ် လျှောက်သည် အစိုးရမကြာမီက လက်ခံခဲ့သော အာရှဖွံ့ဖြိုးရေးဘဏ်၏ အကူအညီဖြင့်ရေးဆွဲသော မဟာဗျူဟာမြောက် ခရီးသွားလာရေး မာစတာပလန်တွင် ပါဝင်ပါသည်။

ငပလီကမ်းရှိ အပန်းဖြေစခန်းများမှာ မုန်သီရာသီအတွင်း ပုံမှန်သုံးလပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်ခါစ ရှိသေးသည်။ သမ္မတနှင့် တွေ့ဆုံသည့်အစည်းအဝေးတွင် ဒေသခံ ခရီးသွားလုပ်ငန်းရှင်များက သံတွဲတွင် ဖြစ်ပွားသော အကြမ်းဖက်မှု အသစ်ကို စိုးရိမ်ကြောင်း ဖော်ပြကြပြီး အထူးသဖြင့် အင်္ဂါနေ့ကချမှတ်သော ညနေ ၆ နာရီ ကာဖျူး အတွက် ပြောဆိုကြပါ သည်။

ပြည်သူတွေရဲ့ လုံခြုံရေးကိုလည်း ကျွန်မတို့လိုလားပါတယ်။ ဒါပေမယ့် ဒါကလည်း ပုံရိပ်နဲ့လည်း ဆိုင်ပါတယ်။ တိုးရစ်တွေက ကာဖျူးအကြောင်း ကြားသိရပြီး၊ စိတ်ပူနေကြတာဟုအမရာအုပ်စုဟော်တယ်များမှ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်ကလျာမိုးက ဆိုပါသည်။

အင်္ဂါနေ့က သံတွဲအနီး ကျေးရွာလေးငါးရွာတွင် ဖြစ်ပွားခဲ့သော လူစုလူဝေးဖြင့် အကြမ်းဖက်မှုကြောင့် နေအိမ် ၁၁၀ ကျော် ဖျက်ဆီးခံရ၍ လူငါးရာကျော် အိုးမဲ့အိမ်မဲ့ဖြစ်ရပြီး၊ အနည်းဆုံး မူဆလင်ငါးဦး အသတ်ခံရကာ အများအပြားဒဏ်ရာ ရရှိခဲ့ပါ သည်။

အဆိုပါ တိုက်ခိုက်မှုများမှာ မူဆလင်တစ်ဦး ပိုင်ဆိုင်သော ဆိုင်တစ်ဆိုင်ရှေ့တွင် ယာဉ်ရပ်နားရာမှ အငြင်းပွားမှုမှ တဆင့် စတင်ခဲ့ရပြီး မြန်မာဗုဒ္ဓဘာသာအများစုနှင့် လူနည်းစုမူဆလင်များအကြား နက်ရှိုင်းစွာ ရှိနေသေးသော မကျေနပ်ခြင်းများစွာ ကို ပိုမိုထကြွလာအောင် လုပ်ပေးလိုက်သကဲ့သို့ ဖြစ်ခဲ့ပါသည်။ သမ္မတ၏ နှစ်ဖက်သော အဖွဲ့အစည်းများအကြား၊ သိမ်မွေ့ သော ကျေနပ်အောင် လုပ်ဆောင်ပေးနိုင်မှု လုပ်ငန်းစဉ်၏ လိုအပ်ချက်များဖြစ်ပါသည်။ (delicate balancing act)

ဘာသာပြန်သတင်းများ (၃) တွင် ဆက်လက်ဖတ်ရှုရန် -

                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment