Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂) 

အိန္ဒိယ၏ အရှေ့မျှော်မူဝါဒ သို့မဟုတ် မြန်မာတွင် မျက်နှာပန်းမလှသော အိန္ဒိယ၏ အခန်းကဏ္ဍ

(India Times မှ 2 Oct 2013 ရက်စွဲပါ Look East Policy: India underperforming its role in Myanmar ကိုဘာသာပြန်ဆိုသည်)

အိန္ဒိယနိုင်ငံအနေဖြင့် နိုင်ငံခြားကုန်သွယ်ရေးမြှင့်တင်ရန်အလို့ငှာလည်းကောင်း၊ တိုင်းပြည်စီးပွားရေး ပြန်လည်တိုးတက်ကောင်းမွန်လာရန် အလို့ငှာလည်းကောင်း အရှေ့ဘက်ဆီက အိမ်နီးချင်းမြန်မာနိုင်ငံကို အလေးထား ဂရုပြုသင့်သည်။

သို့သော်လည်း အိန္ဒိယသည် မြန်မာနှင့်ပတ်သက်၍ လက်လွတ်ဆုံးရှုံးနေရသည်ချည်းသာပင်ဖြစ်သည်။ ဘုရားပုထိုးပေါများသော မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနှင့် အိန္ဒိယအကြား မဟာဗျူဟာကျစွာတည်ရှိနေပြီး အိန္ဒိယ၏ အရှေ့မျှော်မူဝါဒ(Look East Policy)အတွက်လွန်စွာအရေးပါလှသည်။

သို့အတွက်ကြောင့် မြန်မာနိုင်ငံတွင် တရုတ်၊ အနောက်ပါဝါနိုင်ငံကြီးများနှင့် အိန္ဒိယတို့ ပါဝင်ပတ်သက်နေမှုနှင့်ပတ်သက်၍ မဟာယှဉ်ပြိုင်မှုကြီးအကြောင်း ရွှန်းရွှန်းဝေအောင်ပြောဆိုပြီးသကာလ မြန်မာနိုင်ငံနှင့် မြန်မာ့စီးပွားရေးတွင် အိန္ဒိယနိုင်ငံပါရှိနေမှုအတွက် မျှော်လင့်စရာဖြစ်လာသည်။

သို့တိုင်အောင် အဆိုပါ မဟာယှဉ်ပြိုင်မှုကြီး သို့မဟုတ် မဟာဂိမ်းကြီးတစ်ခုတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံရှိသော အိန္ဒိယ၏ စီးပွားရေးလုပ်ငန်းဆောင်တာများက လုပ်ဆောင်ပေးနိုင်ပါမည်လောဟူ၍ မေးစရာကား ရှိနေပါသည်။

မြန်မာ့စီးပွားရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်းမှာ ၂၀၁၃ ခုနှစ်တွင် ဒေါ်လာ ၄၃ ဘီလီယံရှိသည်။

“မြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံပေါင်း ၃၂ နိုင်ငံရှိပါတယ်၊ အဓိကမြှုပ်နှံကြတဲ့နယ်ပယ် တွေကတော့ စွမ်းအင်၊ ရေနံနဲ့သဘာဝဓာတ်ငွေ့၊ သတ္တုတူးဖော်ရေးနဲ့ ကုန်ထုတ်လုပ်မှုစတဲ့နယ်ပယ် တွေမှာဖြစ်ပါတယ်” ဟု မြန်မာ့စီးပွားရေးကော်မရှင်မှ အရာရှိတစ်ဦးက ပြောကြားသည်။ တရုတ်သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားသည့် နိုင်ငံဖြစ်ပြီး တရုတ်ပြီးလျှင် ထိုင်း၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ စင်ကာပူ၊ မလေးရှား၊ ပြင်သစ်၊ ဗီယက်နမ်နှင့် အိန္ဒိယတို့ရှိသည်။ မြန်မာနိုင်ငံတွင်း အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၂၃၇ သန်း ဝန်းကျင်ခန့်ရှိပြီး လာမည့်နှစ်များအတွင်း ဒေါ်လာ ၂ ဒဿမ ၆ ဘီလီယံထိမြင့်တက်လာမည်ဟု မျှော်လင့်ရသည်။

မြန်မာနိုင်ငံတွင်ရှိသော အိန္ဒိယကုမ္ပဏီကြီးများမှာ ONGC Videsh(OVL)၊ Jubilant Oil and Gas နှင့် Century Ply-Star Cement Group တို့ဖြစ်ကြသည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းအများဆုံး တင်သွင်းသည့် နိုင်ငံဖြစ်သည်။

ယမန်နှစ်က မြန်မာနိုင်ငံမှ စုစုပေါင်းကုန်ပစ္စည်းတင်ပို့မှု၏ ၄၁ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံသို့ဖြစ်ပြီး အိန္ဒိယမှာ ၁၅ ရာခိုင်နှုန်း၊ တရုတ်မှာ ၁၄ ရာခိုင်နှုန်းဖြစ်သည်။ မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်အတွင်း တရုတ်နိုင်ငံမှ အဓိကတင်သွင်းမှုများ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းများတင်သွင်းမှု၏ ၃၇ ရာခိုင်နှုန်းမှာ ထိုနှစ်ကတရုတ်နိုင်ငံမှ ဖြစ်သည်။ ၂၀ ရာခိုင်နှုန်းမှာမူ ထိုင်းနိုင်ငံမှဖြစ်သည်။

သို့သော် အိန္ဒိယမှ တင်သွင်းမှုမှာ ၃ ရာခိုင်နှုန်းသာရှိခဲ့သည်။ ယင်း ၂၀၁၂ ခုနှစ်တွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးပမာဏမှာ ဒေါ်လာ ၂၅ ဒဿမ ၁၆ သန်းရှိခဲ့သည်။

ကုန်သွယ်ရေးလိုငွေပြမှုမှာ ဒေါ်လာ ၅ ဒသမ ၇၆ ဘီလီယံထိရှိခဲ့သည်။ အကြောင်းမှာ ပြည်ပတင်ပို့မှုသည် ဒေါ်လာ ၉ ဒသမ ၆၉ ဘီလီယံတွင်ရှိခဲ့ပြီး ကုန်ပစ္စည်းတင်သွင်းမှုမှာ ဒေါ်လာ ၁၅ ဒသမ ၄၆ ဘီလီယံဖြစ်သည်။ မြန်မာနိုင်ငံသည် အိန္ဒိယနှင့် အသာစီးရသော ကုန်သွယ်ရေးချိန်ခွင်လျှာကိုရရှိထားသည်။ သို့သော် စုစုပေါင်း ကုန်သွယ်မှုမှာ ဒေါ်လာ ၁၈ ဘီလီယံဖြစ်သည်။

ကုန်သွယ်ရေးဌာနမှ အရာရှိတစ်ဦးဦးကို ရှင်းလင်းပြောဆိုရန် မေးမြန်းသည့်အခါတိုင်း စာရင်းဇယားများ၊ ကိန်းဂဏန်းများကိုသာထုတ်ပြလေ့ရှိကြသည်။ အိန္ဒိယနှင့် မြန်မာအပြန်အလှန်ကုန်သွယ်ရေးမှာ ၁၉၈၀ ပြည့်နှစ်နှင့် ၁၉၈၁ ခုနှစ်များတွင် ဒေါ်လာ ၁၂ ဒသ ၄ သန်းရှိရာမှ ၂၀၁၀-၁၁ ခုနှစ်များတွင် ဒေါ်လာ ၁၀၇၀ ဒသမ ၈၈ သန်းထိ သိသိသာသာတိုးမြင့်လာခဲ့သည်။

သို့ဖြစ်ရာ လာမည့် နှစ် ၂၀ တာကာလအတွင်း တိုးတက်ဖြစ်ထွန်းမှုရှိအောင်အဘယ့်ကြောင့် အလေးထား သင့်သနည်းဟု မေးစရာရှိလာသည်။ လွန်ခဲ့သည့် နှစ် ၂၀ တာကာလက တရုတ်နှင့် အိန္ဒိယကုန်သွယ်ရေးမှာ မည်သည့်အဆင့်တွင် ရှိခဲ့သနည်း။ ယခုဆိုလျှင် တရုတ်သည် အိန္ဒိယ၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်လာသည်။ ထိုသို့ဖြစ်လာသည်မှာ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင်ဖြစ်သည်။

အိန္ဒိယ၏ ပို့ကုန်တင်ပို့မှုမှာ ဒေါ်လာ ၃၃၄ ဒသမ ၄ ဘီလီယံဖြစ်သည်။ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းတင်ပို့မှုမှာ ဒေါ်လာ ၁ ဘီလီယံဖိုးခန့်ရှိသည်။

မြန်မာနိုင်ငံသို့ အဓိကတင်ပို့သည့် ကုန်ပစ္စည်းမှာ ဆေးဝါးဆိုင်ရာထုတ်ကုန်များ၊ သံနှင့် စတီး၊ လျှပ်စစ်ပစ္စည်း၊ စက်ယန္တရားနှင့် အပိုပစ္စည်းများဖြစ်သည်။ အိန္ဒိယသည် မြန်မာနိုင်ငံမှ ဟင်းသီးဟင်းရွက်နှင့် သစ်လုပ်ငန်းဆိုင်ရာ ထုတ်ကုန်များကို အမြောက်အမြားတင်သွင်းလျက်ရှိသည်။

အိန္ဒိယ၏ အိုင်တီနည်းပညာလုပ်ငန်းနှင့် ဖျော်ဖြေရေးလုပ်ငန်းများသည် မြန်မာဈေးကွက်ကို များစွာ အလေးအနက်ထားခြင်း မရှိသေးပေ။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတွေးအမြင်ဖြင့်ပြောရလျှင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးအခန်းဏ္ဍသည် များစွာအလားအလာရှိသည့် အခန်းကဏ္ဍများဖြစ်ကြပြီး မြန်မာနိုင်ငံတွင် အိန္ဒိယရင်းနှီးမြှုပ်နှံမှု အခိုင်အမာရှိစေမည့် အရာများလည်း ဖြစ်ကြသည်။

အိန္ဒိယမီဒီယာများသည် နိုင်ငံရေးပြောင်းလဲမှု၊ မီဒီယာလွတ်လပ်ခွင့်ရရှိမှုတို့ကြောင့် သတင်းဆာလောင်နေသည့်

မြန်မာဈေးကွက်တွင် ရင်းနှီးမြှုပ်နှံနိုင်သည့် အလားအလာများရှိသည်ကို သတိမူသင့်ပေသည်။ သို့သော် ပြဿနာဖြစ်နေသည်မှာ အိန္ဒိယသည် တိုင်းပြည်၏ ဟိုက်ဒရိုကာဗွန်ဟူသည့် အကြောင်းကိစ္စအတွက်သာ မြန်မာနိုင်ငံကို အလေးထားနေခြင်းဖြစ်သည်။ စွမ်းအင်တူးဖော်ရေးအတွက် တင်ဒါရရှိရန်ကြိုးပမ်းကြသော နိုင်ငံခြား ကုမ္ပဏီ ၅၉ တွင် အိန္ဒိယကုမ္ပဏီ ၇ ခုပါဝင်သည်။ ယင်းတို့အနက် ONGC-OVL၊ Jubilant နှင့် Cairn Energy တို့ပါဝင်သည်။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment