Transparency Myanmar

transparency.myanmar@gmail.com

International Media (1)
Document

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ (၁)

(6 Oct 203 ရက်စွဲပါ The Nation မှ Buddhist mob destroys 5 Muslim-owned houses in Myanmar ကို ဘာသာပြန်ဆိုသည်)

(UPI  မှ 7 Oct 2013 ရက်စွဲပါ “Myanmar facing Constitutional crisis” သတင်းကို ဘာသာပြန်ဆိုပါသည်။)

(Business Line မှ & Oct 2013 ရက်စွဲပါ “Tata Power to set up coal-fired plant in Myanmar ” သတင်းကို ဘာသာပြန်ဆိုသည်)


ဗုဒ္ဓဘာသာလူအုပ်ကြီးက ကျောင်းကုန်းတွင် မွတ်ဆလင်ပိုင်အိမ်ငါးလုံးကို ဖျက်ဆီး

(6 Oct 203 ရက်စွဲပါ The Nation မှ Buddhist mob destroys 5 Muslim-owned houses in Myanmar ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် တနင်္ဂနွေနေ့အစောပိုင်းက ၁၄ နှစ်အရွယ် ဗုဒ္ဓဘာသာအမျိုးသမီးငယ်တစ်ဦးကို မတရားပြုကျင့် သည်ဟူသော သတင်းများကြောင့် ဒေါသထွက်နေသော ဗုဒ္ဓဘာသာလူအုပ်ကြီးသည် မွတ်ဆလင်များ၏ အိမ် ငါးလုံးကို ဖျက်ဆီးခဲ့သည်ဟု တာဝန်ရှိသူများက ဆိုပါသည်။

ယခုနောက်ဆုံးဖြစ်ပွားသော လူမျိုးရေးအရ အကြမ်းဖက်မှုသည် ရန်ကုန်နှင့် မိုင် ၅၀ အကွာရှိ ကျောင်းကုန်းတွင် သန်းခေါင်အကျော်၌ လူတစ်ရာခန့်က အဓမ္မမှုကျူးလွန်သူ မွတ်ဆလင် မသင်္ကာသူအားထုတ်ပေးရန် ရဲစခန်း တွင် တောင်းဆိုရာမှ စတင်ဖြစ်ပွားခဲ့ပါသည်။

“ကျွန်တော်တို့က သူတို့တောင်းဆိုချက်ကို ငြင်းဆိုခဲ့တော့ သူတို့စိတ်ဆိုးပြီး မွတ်ဆလင်အိမ်တွေကို စဖျက်တော့ တာပဲ။” ဟု မြို့နယ်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

နောက်ထပ်မွတ်ဆလင်တစ်ဦး ပိုင်သော အိမ်မှာ တစ်ဝက်တစ်ပျက် မီးရှို့ခံရကြောင်း မျက်မြင်သက်သေတစ်ဦး ၏ အဆိုအရ သိရှိရပါသည်။

ယခု အကြမ်းဖက်မှုတွင် ဒဏ်ရာရရှိသော သတင်းဖော်ပြမှုများ မရှိပေ။

ဗုဒ္ဓဘာသာများနှင့် မွတ်ဆလင်များကြား ရန်ပွဲများမှာ ပြီးခဲ့သည့်နှစ်မှ စ၍ စတင်ပျံ့နှံ့ခဲ့ပါသည်။ ဘာသာရေးအရ ရန်ပွဲများကြောင့် အနည်းဆုံး (၁၆၇) ဦးသေဆုံးပြီး (၁၄၀၀၀၀) ခန့် အိုးမဲ့၊အိမ်မဲ့ ဖြစ်ကြရပါသည်။ အများစုမှာ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာမွတ်ဆလင်များ ဖြစ်ကြပါသည်။


အခြေခံဥပဒေ ပြင်ဆင်ရေးအကျပ်အတည်းနှင့် မြန်မာတို့ရင်ဆိုင်နေရ

(UPI  မှ 7 Oct 2013 ရက်စွဲပါ “Myanmar facing Constitutional crisis” သတင်းကို ဘာသာပြန်ဆိုပါသည်။)

၂၀၀၈ ခုနှစ်က အတည်ပြုဆုံးဖြတ်ခဲ့သော လက်ရှိအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ခြင်းသည် အမျိုးသား လုံခြုံရေး အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံမှ အာဏာရပါတီက ပြောကြားလိုက် ပါသည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအလွန်ကာလတွင် ကသုတ်ကရက်အတည်ပြုခဲ့သော အငြင်းပွားဖွယ်အခြေခံဥပဒေ အား ပြန်လည်ပြင်ဆင် (သို့) ရေးဆွဲရန် တောင်းဆိုနေမှုများကို အာဏာရပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်လျက် ရှိသည်။

အကယ်၍ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်း (သို့) ပြန်ရေးလျှင် ဆိုးဝါးသော အကျိုးဆက်များကို တိုင်းပြည် နှင့် လူထုက ခံစားရလိမ့်မည်ဟု ၎င်းပါတီက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုအတောအတွင်း အဓိက အတိုက်အခံပါတီ NLD က အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲမှုနှင့် ပတ်သက်ပြီး လူထု ဆန္ဒခံယူရန် စဉ်းစားနေပြီး၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ဖော်ပြောကြား ထားသည်။

အငြင်းပွားဖွယ်၂၀၀၈ အခြေခံဥပဒေကို ယခင်တပ်မတော်အစိုးရ လက်ထက်က ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ယင်း အခြေခံဥပဒေတွင် ပြင်ဆင်မှုများကို ခွင့်ပြုထားသော်လည်း တစ်ခုလုံးမည်သို့ အသစ်ရေးဆွဲရမည်ကို ဖော်ပြ ထားခြင်း မရှိပေ။ အတိုက်အခံပါတီများနှင့် တိုင်းရင်းသားပါတီများကမူ အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲ မှသာ အမျိုးသား ပြန်လည်သင့်မြတ်ရေး လွယ်ကူချောမွေ့လိမ့်မည်ဟု ပြောကြားကြပါသည်။

“ဒီ အခြေခံဥပဒေမှာ အသစ်ပြန်ရေးဖို့ ခွင့်ပြုတဲ့စည်းကမ်းချက် မပါပါဘူး။ ဒီ ကိစ္စဟာ တပ်မတော်နဲ့ ထိပ်တိုက် တွေ့နိုင်ပါတယ်။” ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း က ထိုင်းအခြေစိုက် ဧရာဝတီသတင်းဌာန သို့ ပြောကြားသည်။

NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မနှစ်က ကြားဖြတ်ရွေးကောက်ပွဲများတွင် အနိုင်ရကာ လက်ရှိလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ဆောင်ရွက်လျက်ရှိသည်။

လွှတ်တော်တွင် အမျိုးသမီးများ ယခုထက် ပိုမိုပါဝင်သင့်သည်ဟု သူမက ယခင်အပတ်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲများအပြီးတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့ခြင်းကြောင့် ပြည်တွင်းပြည်ပမှ ချီးကျူးကြိုဆိုမှုများကို လက်ခံရရှိနေသော်လည်း လူမျိုးရေးအဓိကရုဏ်းများနှင့် တိုင်းရင်း သားစစ်ပွဲမျာက လောင်းရိပ်မိုးလျက်ရှိသည်။

လက်ရှိမြန်မာ့နိုင်ငံရေးသည် အလွန်ရှုတ်ထွေးကာ မှန်းဆရန်ခက်ခဲနေပြီး၊ နောက်ကွယ်မှ နိုင်ငံရေးပယောဂ ဆရာကြီးများ၏ လှည့်ကွက်များကို မကြာမှီမြင်တွေ့ရဖွယ်ရှိကြောင်း ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူများက မှတ်ချက်ပေး ပြောဆိုထားသည်။


 

မြန်မာနိုင်ငံတွင်  ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေးစက်ရုံတည်ရန် Tata Power ပြင်ဆင်

(Business Line မှ & Oct 2013 ရက်စွဲပါ “Tata Power to set up coal-fired plant in Myanmar ” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာဈေးကွက်သို့ ချဲ့ထွင်ရန် ပြင်ဆင်ထားသော အိန္ဒိယ Tata Power ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်အတွက် အကြိုတိုင်းတာမှုလုပ်ငန်းများ စတင်လိုက်ပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် Tata ကုမ္ပဏီက ပထမဆုံးအကောင်အထည်ဖော်မည့် ၄င်းစီမံကိန်းသည် ၂၀၁၉-၂၀၂၀ တွင် ပြီးစီးမည်ဟု မျှော်လင့်ရသည်။

“ဟုတ်ပါတယ်။ Tata Power ကုမ္ပဏီက ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့အတွက် မြန်မာအစိုးရနဲ့ နားလည်မှုစာချွှန်လွှာ လက်မှတ်ရေးထိုးပြီးပါပြီ ” ဟု ကုမ္ပဏီ အကြီးတန်းတာဝန်ရှိသူတစ်ဦးက Business Line သတင်းသို့ ပြောကြားသည်။

Tata Power သည် ၄င်း၏ ပင်လယ်ရပ်ခြားလုပ်ငန်းများကို တိုးချဲ့ရန်အတွက် ရူပီးယား ၁၉၃၉၉ ကုဋေ အထိ သုံးစွဲရန် မျှော်လင့်ထားသည်။ လက်ရှိတွင်  ဘူတန်၊ ဂျော်ဂျီယာ၊ ဇမ်ဘီယာနိုင်ငံများ၌ ရေအားလျှပ်စစ် စီမံကိန်းများ တည်ဆောက်နေပြီး တောင်အာဖရိကနိုင်ငံတွင်လည်း လေအားလျှပ်စစ်စီမံကိန်းနှစ်ခုကို အကောင်အထည်ဖော်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် ဓာတ်အားပေးစက်ရုံမှာ ဧရာဝတီတိုင်းဒေသကြီး  ငရုတ်ကောင်းတွင် တည်ရှိပြီး အမှုန်မထွက်သော ကျောက်မီးသွေး လောင်စာသုံးစနစ် ဖြစ်မည်ဟု သိရှိရသည်။ ဓာတ်အားပေးစက်ရုံ၏ ထုတ်လုပ်နိုင်စွမ်း ပမာဏကိုမူ ကုမ္ပဏီ တာဝန်ရှိသူက ပြောကြားခြင်း မပြုပါ။

“ကနဦးဖြစ်နိုင်ခြေ တိုင်းတာမှုလုပ်ငန်းတွေ ပြီးစီးမှ ထုတ်လုပ်နိုင်စွမ်း ပမာဏကို ပြောနိုင်မှာပါ။ ၂၀၁၉-၂၀၂၀မှာ  စီမံကိန်းပြီးစီးဖို့ မျှော်မှန်းထားပါတယ် ” ဟု ၄င်းတာဝန်ရှိသူက ပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment