Transparency Myanmar

transparency.myanmar@gmail.com

International Media (1)
Document

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ (၁)

(8 Oct 2013 ရက်စွဲပါ UN News Center မှ Violence in Myanmar’s Rakhine State must end for sake of children-UNICEF ကိုဘာသာပြန်ဆိုသည်။)

(Offshore News မှ 8 Oct 2013 ရက်စွဲပါ “Zawtika Platform prepares for voyage to Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)


ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုများ ကလေးများ၏ အကျိုးကို ကြည့်၍ ရပ်ပစ်ရမည်ဟု UNICEF ပြော

(8 Oct 2013 ရက်စွဲပါ UN News Center မှ Violence in Myanmar’s Rakhine State must end for sake of children-UNICEF ကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံရခိုင်ပြည်နယ်မှ လူမျိုးရေးနှင့် ပတ်သက်သော ရန်ပွဲများသည် အဆိုပါဒေသမှ ကလေးငယ်များ အပေါ် သက်ရောက်မှုရှိသည်ဟု ရှုမြင်သောကြောင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) သည် အဖွဲ့အစည်းအားလုံးသို့ အကြမ်းဖက်မှုများရပ်ဆိုင်းရန် ယနေ့တိုက်တွန်းခဲ့ပါသည်။

“ကလေးတွေဖက်က ကြည့်ပြီးပြောရရင် အခုအချိန်မှာ အကြမ်းဖက်မှုတွေ ရပ်သင့်တဲ့အချိန် ဖြစ်ပါတယ်။ အမုန်းတရားပွားစေတဲ့ သတင်းစကားတွေ၊ လောင်ကျွမ်းစေမယ့်ဝါဒဖြန့်မှုတွေဟာ အကြမ်းဖက်သံသရာကို သက်တမ်းရှည်စေပါတယ်။ နောက်ဆုံးတော့ ကလေးတွေပဲ ခံစားကြရတာပါ။” ဟု ရန်ကုန်ရှိ UNICEF ကိုယ်စားလှယ် Bertrand Bainvel ကပြောပါသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ဇွန်လမှစ၍ တိုင်းရင်းသားရခိုင်ဗုဒ္ဒဘာသာများနှင့် ရိုဟင်ဂျာမွတ်ဆလင်များကြားတွင် လူမျိုးရေးအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရာ အစိုးရကနောက်ဆုံးတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ရပါသည်။ ၂၀၁၂ ဇွန်လတွင် ဖြစ်ပွားသော အဓိကရုဏ်းမှ လူပေါင်း ၇၅၀၀၀ ခန့် မြေလှန်ဖျက်ဆီးခံရပြီး၊ ၂၀၁၂ အောက်တိုဘာလ ဒုတိယအဓိကရုဏ်းတွင် နောက်ထပ် ၃၆၀၀၀ ခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်ကြရပါသည်။

နောက်ဆုံးအကြမ်းဖက်မှုသည် ယခု ၂၉ ရက်စက်တင်ဘာလက သံတွဲမြို့နယ်တွင် ဖြစ်ပွားခဲ့ပါသည်။ ကနဦး ထွက်ပေါ်လာသော သတင်းများအရ ရန်ပွဲများကို ထိန်းချုပ်နိုင်ပြီဟု ဆိုသော်လည်း နောက်ပိုင်း ဖော်ပြလာသော သတင်းများအရ အောက်တိုဘာ ၁ ရက်နေ့တွင် ရန်ပွဲများ ထပ်မံဖြစ်ပွားခဲ့ပြီး သဗြုချိုင်၊ ပေါက်တော၊ ရွှေလှေ နှင့် မီးကျွန်းများသို့ ပျံ့နှံ့သွားခဲ့သည်ဟု သိရှိရပါသည်။ အိမ်ပေါင်း ၁၁၀ ခန့် ဖျက်ဆီးခံရရာ သေဆုံးမှုရှိကြောင်း သတင်းများ ဖော်ပြခဲ့ပါသည်။

ယခုအကြမ်းဖက်မှုသည် အိုးမဲ့ အိမ်မဲ့ ဖြစ်ရသော မိသားစုများ ထပ်မံတိုးပွားလာရပြီး၊ ပြီးခဲ့သည့်နှစ်က အိမ်ယာမဲ့ ဖြစ်ရသူများကလည်း ကြောက်ရွံ့မှုများ ပိုမိုဖြစ်ရပါသည်။

“အကြမ်းဖက်မှုတွေကြောင့် လူတွေ အိမ်ယာမဲ့ ဖြစ်ကြရတဲ့ အခါကျတော့ ဒီမိသားစုတွေက ကလေးတွေနဲ့ ဒီ အိမ်ယာမဲ့တွေကို လက်ခံထားရတဲ့ အိမ်ရှင်တွေရော ခံစားကြရပါတယ်။” ဟု Mr.Bainvel ကပြောပါသည်။ “အိုးမဲ့၊ အိမ်မဲ့ ဖြစ်ရမှုတွေဟာ ကလေးတွေအဖို့ မိသားစုတွေ တကွဲတပြားဖြစ်စေမှုရယ် ပြည်တွင်းအကြမ်းဖက် မှုတွေဖြစ်ဖို့ရယ်။ အန္တရာယ်ရှိပါတယ်။ အလေးတွေဟာ ကျောင်းမတက်နိုင်တော့ပဲ ခန္ဓာကိုယ်မှာရော စိတ်ခံစား မှုမှာရော ဒဏ်ရာအနာတရတွေ ဖြစ်ရပါတယ်။” ဟု ၎င်းကဆိုပါသည်။

လက်ရှိ လူမျိုးရေးအရ အကြမ်းဖက်မှုများကြောင့် လူ့အသိုင်းအဝိုင်းကြား နှစ်ခြမ်းကွဲရခြင်းများ၏ ရလဒ်ကြောင့် မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသော အရေးကြီးသော ပြုပြင်ပြောင်းလဲရေး အများစုအားရပ်တန့်သွားစေခြင်း သို့မဟုတ် အန္တရာယ်ရှိလာခြင်းများဖြစ်စေနိုင်ကြောင်း၊ မြန်မာနိုင်ငံမှ ကလေးများအားလုံးအပေါ် အနုတ်လက္ခဏာဆောင်သော ရိုက်ခတ်တုန့်ပြန်မှုများအတွက် UNICEF က စိုးရိမ်ပူပန်ပါသေးသည်။

“ကလေးတွေအတွက် အနာဂတ်ရှိဖို့ ထိုက်တန်ပါတယ်။ သူတို့ရဲ့ ရပိုင်ခွင့်ပါ။ ဒီလိုဖြစ်ဖို့အတွက် ငြိမ်းချမ်းရေး တည်ဆောက်ရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးကို ဦးစားပေးရပါမယ်။” ဟု Mr.Bainvel ကပြောပါသည်။

UNICEF ကငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးမှုများ၊ အကြမ်းဖက်မှု ကျူးလွန်သူများကို ဖမ်းဆီး ရန် တောင်းဆိုမှုများကို ကြိုဆိုခဲ့ပြီး၊ ကလေးများ၏ ရပိုင်ခွင့်များကို ချိုးဖောက်သူများ-အထူးသဖြင့် ကလေးများ အပေါ်အကြမ်းဖက်မှုကျူးလွန်သူများကို တရားစီရင်မှုစနစ်ဖြင့် အရေးယူရန် UNICEF ကတောင်းဆိုခဲ့ပါသည်။


မြန်မာကမ်းခြေသို့ ဓါတ်ငွေ့ခရီးနှင်ရန် ဇောတိကပလက်ဖောင်း ကြိုတင်ပြင်ဆင်

(Offshore News မှ 8 Oct 2013 ရက်စွဲပါ “Zawtika Platform prepares for voyage to Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာကမ်းလွန်မုတ္တမပင်လယ်ကွေ့ရှိ ဇောတိကလုပ်ကွက်အတွက် ထုတ်လုပ်ရေးနှင့် လူနေဆောင် ပလက်ဖောင်း တည်ဆောက်မှုကို စင်္ကာပူ SOME ကုမ္မဏီက အပြီးသတ်လိုက် ပြီဖြစ်သည်။

ဇောတိကလုပ်ကွက်သည် ထားဝယ်မြို့၏ အနောက်ဖက် ၂၉၀ ကီလိုမီတာအကွာတွင် တည်ရှိသည်။

စီမံကိန်းအော်ပရေတာ ထိုင်းကုမ္မဏီ PTTEP က ၂၀၁၃ နှစ်ကုန်တွင် ပထမဆုံးဓါတ်ငွေ့ထွက်ရှိရန် မျှော်လင့်ထားပြီး၊ တစ်ရက်လျှင်ဓါတ်ငွေ့ ကုဗပေ ၃၄၅ သန်းနှုန်းဖြင့် ထုတ်လုပ်ရန် ပြင်ဆင်နေသည်။

ဇောတိက တွင်းတူးစင်၏ ထိပ်ပိုင်းပလက်ဖောင်းသည် မက်ထရစ်တန် ၁၆၅၀၀ တန် အလေးချိန်ရှိပြီး ၂၈ လ အတွင်း ပုံစံထုတ်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

စီမံကိန်းအကောင်အထည်ဖော်မှုအဆင့် 1 A တွင် တွင်းတူးစင်ပလက်ဖောင်း ၃ ခု၊ ပင်လယ်ပြင်လုပ်ကွက် အတွင်းရှိ ပိုက်လိုင်းများ၊ ထိုင်း မြန်မာ နယ်စပ် ကန်ချနာဘူရီပြည်နယ် ဘန်အိုင်တန်ရှိ PTT ဓါတ်ငွေ့ပိုက်လိုင်း သို့ သွားရောက်ချိတ်ဆက်မည့် ကမ်းလွန်နှင့်ကမ်းခြေဓါတ်ငွေ့ပို့ ပိုက်လိုင်းများ တည်ဆောက်မှုတို့ပါဝင်သည်။

ဇောတိက ဓါတ်ငွေ့စီမံကိန်းကို အော်ပရေတာအဖြစ် လုပ်ကိုင်သူ ထိုင်း PTTEP ကုမ္မဏီက ရှယ်ယာ ၈၀ ရာခိုင်နှုန်းနှင့် ပူးတွဲပါတနာ မြန်မာ့ရေနံနှင့် ဓါတ်ငွေ့လုပ်ငန်း MOGE က ရှယ်ယာ ၂၀ ရာခိုင်နှုန်း အသီးသီး ထည့်ဝင်ကာ အကောင်အထည်ဖော်နေခြင်းဖြစ်သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment