Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂) 

မိုင်းတုန် (သို့) တာဆန်းရေလှောင်တမံ စီမံကိန်းတိုးတက်မှုရှိအောင် မြန်မာကို ထိုင်း တိုက်တွန်း

(Bangkok Post မှ 9 Oct 2013 ရက်စွဲပါ “Myanmar dam progress urged” သတင်းကို ဘာသာပြန်ဆို သည်။)

မြန်မာနိုင်ငံမှ လျှပ်စစ်ဓါတ်အား ၁၀ ၀၀၀ မဂ္ဂါဝပ် ဝယ်ယူလိုသည့် ထိုင်းနိုင်ငံ ရည်မှန်းချက် အစီအစဉ်တစ်ရပ် ဖြစ်သော အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံတန် မိုင်းတုန် ရေအားလျှပ်စစ်စီမံကိန်းကို အရှိန်မြှင့်ရန် ထိုင်း စွမ်းအင်ဝန်ကြီး ပေါင်ဆပ် ကမြန်မာစွမ်းအင်ဝန်ကြီးကို တိုက်တွန်းလိုက်ပါသည်။

သံလွင်မြစ်အထက်ပိုင်းတွင် ၁၂ နှစ်ကြာ တည်ဆောက်ရမည့် စီမံကိန်းသည် မဂ္ဂါဝပ် ၇၀၀၀ ထုတ်လုပ်နိုင်စွမ်း ရှိမည်ဟု မျှော်လင့်ရသည်။

“မိုင်းတုန် (သို့) တာဆန်းရေလှောင်တမံနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဖက်က ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချဖို့ ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။ ခုထိတော့ ဒီစီမံကိန်းကို ဆက်လုပ်၊မလုပ် တိကျတဲ့ဆုံးဖြတ်ချက် မရှိသေးပါဘူး” ဟု ဝန်ကြီးပေါင်ဆပ်က ပြောကြားသည်။

ဝန်ကြီးက ဆက်လက်၍ “မြန်မာအစိုးရက မိုင်းတုန်ဆည်ကို တာဆန်းစီမံကိန်းအဖြစ် အကောင်အထည်ဖော် လိုပုံရကြောင်း၊ အကယ်၍ မြန်မာဖက်ရှေ့ဆက်ဆောင်ရွက်ရန် ခွင့်ပြုပါက အလားအလာရှိသော တရုတ်ကုမ္မဏီ၊ မြန်မာကုမ္မဏီများနှင့် ဓါတ်အားဝယ်ယူမှုသဘောတူညီချက်ရရှိရေးဆိုင်ရာ ဆွေးနွေးမှုများအရှိန်မြှင့် ပြုလုပ်ရန် ထိုင်း လျှပ်စစ်ဓါတ်အား အာဏာပိုင်အဖွဲ့ Egat ကို မိမိ ညွှန်ကြားမည် ဖြစ်ကြောင်း” ရှင်းလင်းပြောဆိုသည်။

တရုတ်နိုင်ငံမှ ကုမ္မဏီနှစ်ခု Sinohydro Corporation  နှင့် China Three Georges Corporation တို့လည်း ဖက်စပ်ရင်းနှီးမြှုပ်နှံကြမည့် အဆိုပါ စီမံကိန်းတွင် ထိုင်း နိုင်ငံက ရှယ်ယာ ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်ရန် မျှော်လင့် လျက်ရှိသည်။

ပတ်ဝန်းကျင် ထိခိုက်မှုအကဲဖြတ်ခြင်း နှင့် သေခံရပ်ရွာ အကာအကွယ်ပေးရေး အစီအစဉ်များကို ထည့်သွင်းစဉ်းစားလုပ်ဆောင်ရမည် ၎င်းအကြီးစားစီမံကိန်းကို အကောင်အထည်ဖော်ရန် ၁၂ နှစ်ကြာမြင့်မည် ဟု သိရှိရသည်။

ထားဝယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးလောင်စာသုံး ဓါတ်အားပေးစက်ရုံသည်လည်း မြန်မာအစိုးရ ၏ ဖက်စပ်ရင်းနှီးမြှုပ်နှံဥပဒေကို စောင့်ဆိုင်းနေသည်ဟု မစ္စတာပေါင်ဆပ်က ပြောကြားသည်။

၎င်းဥပဒေကို မြန်မာလွှတ်တော်က ထောက်ခံအတည်ပြုဖို့လိုသေးသည်ဟု ဆိုပါသည်။

“မိုင်းတုန်စီမံကိန်းကနေ မဂ္ဂါဝပ် ၇၀၀၀ နဲ့ ထားဝယ်ဓါတ်အားပေးစက်ရုံကနေ မဂ္ဂါဝပ် ၃၀၀၀၊ စုစုပေါင်း မဂ္ဂါဝပ် ၁၀၀၀၀ ဝယ်ယူဖို့ ထိုင်းနိုင်ငံက စီစဉ်ထားပါတယ်။ ဒီ ပူးပေါင်းဆောင်ရွက်မှုဟာ နှစ်နိုင်ငံစလုံးကို အပြန်အလှန် အကျိုးဖြစ်ထွန်းစေမှာပါ။ မြန်မာနိုင်ငံဟာ အဓိကပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့အတွက် နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့ လျှပ်စစ်ဓါတ်အားကို လိုအပ်နေပါတယ်။” ဟု ဝန်ကြီးပေါင်ဆပ်က ဆက်လက်ပြောကြားသည်။

ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓါတ်အား သုံးစွဲမှုသည်သိသိသာသာ ကြီးထွားလာနေပြီး၊ ထုတ်လုပ်မှုစရိတ်သက်သာ သော ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေးလောင်စာသုံး ဓါတ်အားပေးစက်ရုံများသည် ဓါတ်အားလိုအပ်သည့် ဒေသတွင်း မည်သည့်နေရာကိုမဆို ပို့ဆောင်ပေးမည့် Asean Smart Grid Initiative အစီအစဉ်တွင် ပါဝင်သည်ဟု ၎င်းကပြောကြားသည်။

ထိုင်းလျှပ်စစ်ဓါတ်အား အာဏာပိုင်အဖွဲ့ Egat ၏ လက်အောက်ခံကုမ္မဏီစွဲများဖြစ်သော Electricity Generating Plc နှင့် Ratchaburi Electricity Generating Holding Plc တို့ကထားဝယ်နှင့်မိုင်းတုန်စီမံကိန်း တို့တွင် အသီးသီးဖက်စပ် ပါဝင်ကြမည်ဟု သိရှိရသည်။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment