Transparency Myanmar

transparency.myanmar@gmail.com

International Media (1)
Document

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ (၁)

မြန်မာနိုင်ငံတွင် ကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံများဆောက်ဖွယ်ရှိ

(9 Oct 2013 ရက်စွဲပါ UPI မှ Myanmar to get more coal-fired power ကို ဘာသာပြန်ဆိုသည်)

အိန္ဒိယနှင့်စင်္ကာပူတို့သည် စွမ်းအင်လိုအပ်နေသော မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အားစက်ရုံတစ်ခု ပူးတွဲဆောက် လုပ်ရန် သဘောတူခဲ့ပါသည်။

မဂ္ဂါဝပ် ၅၀၀ ထုတ်လုပ်နိုင်သော ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတစ်ခုကို ရန်ကုန်တိုင်းကျောက်တန်း တွင် မြန်မာ့လျှပ်စစ်ဓါတ်အားဝန်ကြီးဌာန၊ အိန္ဒိယ၏ Orange Powergen Pvt Ltd, စင်္ကာပူ၏ Global Adviser Pte Ltd နှင့် မြန်မာနိုင်ငံမှ Diamond Palace Services Co.Ltd တို့က ဆောက်လုပ်သွားမည်ဟု တရုတ်နိုင်ငံ ပိုင် Xinhua လ ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ခဲ့ပါသည်။

တချိန်တည်းမှာပင် တနလာင်္နေ့က The Hindu သတင်းစာက အိန္ဒိယ၏ Tata Power သည်လည်း မြန်မာနိုင်ငံ တွင် ၎င်း၏  ပထမဆုံးအဖြစ် ကျောက်မီးသွေးသုံးဓါတ်အားစက်ရုံတစ်ခု တည်ဆောက်ရန် ဖြစ်နိုင်ခြေလေ့လာမှုများ စတင်နေ ကြောင်း ပြောကြားခဲ့ပါသည်။

ဓါတ်အားပေးစက်ရုံအတွက် အဆိုပြုထားသောနေရာမှာ ဧရာဝတီတိုင်းတွင်ရှိပါသည်။ ကျောက်မီးသွေးငွေ့များ ကို စနစ်တကျသိုလှောင်ထားမည့် အစီအစဉ်များလည်း ပါဝင်ပါသည်။

အမည်မဖော်လိုသူ ကုမ္မဏီ၏တာဝန်ရှိသူတစ်ဦးက The Hindu သို့ ပြောကြားရာတွင် စက်ရုံ၏ ထုတ်လုပ်နိုင်မည့် ပမာဏကို လေ့လာမှုများပြီးမှ ထုတ်ပြန်နိုင်မည်ဖြစ်ပြီး၊ ၂၀၁၉ တွင် စတင် လည်ပတ်နိုင်မည်ဟု မျှော်လင့်ထားကြောင်းဆို ပါသည်။

မြန်မာနိုင်ငံသည် ၂၀၁၂-၂၀၁၃ တွင် လျှပ်စစ်ဓါတ်အား ၉.၇၃ ဘီလီယံ Kilowalt-hours ထုတ်လုပ်ခဲ့သော်လည်း တိုင်းပြည်၏ လျှပ်စစ်ဓါတ်အားလိုအပ်ချက်ကို ပြည့်မီရန် များစွာလိုအပ်လျက်ရှိနေပါသေးသည်။

U.S Energy Information Administration ၏ နောက်ဆုံးစာရင်းဇယားများအရ ၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံ တွင် တိုင်းပြည်လူဦးရေ၏ ၂၂% ကသာ လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်ခဲ့သည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံတွင် ထုတ်လုပ်သော လျှပ်စစ်ဓါတ်အား၏ ၇၀% မှာ ရေအားလျှပ်စစ်မှ ထုတ်လုပ်ခြင်းဖြစ်ပါသည်။ ထို့ကြောင့်အစိုးရသည် လျှပ်စစ်ဓါတ်အား လိုအပ်ချက်များပြားလာမှုကို ပြည့်မီစေရန် ရေအားလျှပ်စစ်အပြင် သဘာဝဓါတ်ငွေ့၊ လေစွမ်းအင်၊ ဇီဝဓါတ်ငွေ့နှင့် အမှိုက်များမှ လျှပ်စစ်ဓါတ်အားထုတ်ယူနိုင်ရန် ကြိုးပမ်းလျက် ရှိပါသည်။

CIA World Factbook ကခန့်မှန်းရာတွင် မြန်မာနိုင်ငံတွင် ရေနံသိုက်အရန် စည်သန်းပေါင်း (၅၀) နှင့် သဘာဝ ဓါတ်ငွေ့အကြမ်းအားဖြင့် (၁) ထရီလီယံ ကုဗပေရှိသည်ဟု ဆိုပါသည်။

တိုင်းပြည်၏ အနာဂတ်လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုအတွက် ရေနံနှင့် သဘာဝဓါတ်ငွေ့သုံး၍ထုတ်ယူရေး ထက် ကျောက်မီးသွေးသုံး၍ ထုတ်လုပ်ဖွယ်ရှိသည်ဟု ပညာရှင်များက ပြောပါသည်။

မြန်မာနိုင်ငံသည် မကြာမီချထားပေးတော့မည့် ကမ်းလွန်လုပ်ကွက်သစ်များထံမှ သဘာဝဓါတ်ငွေ့များ များစွာ ထွက်ရှိမည်ဟု မျှော်မှန်းလျက်ရှိကြောင်း ဒေသတွင်းစွမ်းအင်လုပ်ငန်းအတိုင်ပင်ခံ Collin Reynolds က ဧရာဝတီသို့ ပြောကြားခဲ့သည်ကို တွေ့ရပါသည်။ အကယ်၍ မျှော်မှန်းသည့်အတိုင်း ထွက်ရှိလာပါက နိုင်ငံ၏ GDP တက်ရန်အလို့ငှာ နိုင်ငံခြားဖောက်သည်များထံသို့သာ ရောင်းချရန် ဖိအားများရှိလာနိုင်သည်ဟု Reynolds ဆိုပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment