Transparency Myanmar

transparency.myanmar@gmail.com

International Media (3)
Document

Snapshot of the item below:
International Media (3)

ဘာသာပြန်သတင်းများ (၃)

မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများ မပြည့်စုံသေးဟု ဂျွန်ကယ်ရီပြောကြား

(Arab News မှ 10 Oct 2013 ရက်စွဲပါ “John Kerry: Myanmar reforms incomplete” သတင်းကို ဘာသာပြန်ဆို သည်)

ယခင်စစ်ဖက်ကအုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားလေးဒါဇင်ကျော်ကို နောက်ဆုံးအခေါက် လွှတ်ပေးခဲ့ပြီးနောက်တစ်ရက်အကြာ ဗုဒ္ဓဟူးနေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက “မြန်မာနိုင်ငံ၏ အထင်ကရ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြည့်စုံခြင်း မရှိသေးကြောင်း” ပြောကြားလိုက်ပါသည်။

မြန်မာသမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရန် စီစဉ်ထားသော ဒေသတွင်းထိပ်သီးညီလာခံကျင်းပရာ ဘရူနိုင်း နိုင်ငံတွင် ကျောင်းသားများနှင့် တွေ့ဆုံစဉ် ဂျွန်ကယ်ရီက “မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အရာတွေဟာ အရမ်းစိတ်လှုပ်ရှား စရာ ကောင်းပေမယ့် မပြည့်စုံသေးဘူးလို့ ကျွန်တော်ထင်ပါတယ်။” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံရေးအသွင်ကူးပြောင်းမှု ဆက်လက်ဖြစ်ပေါ်နေတာကို ကျွန်တော်တို့မြင်တွေ့ဖို့လိုပါတယ်။ ဒီမိုကရေစီ ဆက်လက်ပေါ်ထွန်းလာမယ်ဆိုတာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ပါပဲ။” ဟု ဂျွန်ကယ်ရီက ဆက်လက်ပြောကြားသည်။

ယခုနှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသား မကျန်ရှိစေရဟု သမ္မတဦးသိန်းစိန် ကတိပေးခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အင်္ဂါနေ့က နိုင်ငံရေးအကျဉ်းသား ၅၆ ဦးကို ထပ်မံလွှတ်ပေးခဲ့သည်။

ဂျွန်ကယ်ရီသည် စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သူ မြန်မာသမ္မတနှင့် ဘရူနိုင်းတွင် တွေ့ဆုံကာ  မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၏ နောက်ထပ်ဆောင်ရွက်မည့် အဆင့်များကို ဆွေးနွေးလိမ့်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနတာဝန်ရှိသူက ပြောကြားသည်။

ဂျွန်ကယ်ရီသည် ဘရူနိုင်းတွင် တရုတ်ဝန်ကြီးချုပ် လီကီကျန်း၊ တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေး တို့နှင့် လည်း အသီးသီးတွေ့ဆုံရန် စီစဉ်ထားသည်ဟု သိရှိရသည်။

၂၀၁၁ ခုနှစ်က အာဏာရလာခဲ့သော သမ္မတဦးသိန်းစိန်သည် ယခင်တပ်မတော်အစိုးရ လက်ထက်က ဖမ်းဆီးခဲ့ သော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း အပါအဝင် ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်ခဲ့သော ကြောင့် နိုင်ငံတကာအသိအမှတ်ပြုချီးကျူးမှုကို လက်ခံရရှိခဲ့သလို အနောက်အုပ်စု အရေးယူပိတ်ဆို့မှု Sanction များရုတ်သိမ်း ပေးမှုကိုပါ ဖြစ်ပေါ်စေခဲ့သည်။

ကွန်မြူနစ်တရုတ်ပြည်နှင့် ကာလရှည်မဟာမိတ်ဖြစ်ခဲ့သူ မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု အကြား ဆက်ဆံရေးသည် မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေး အဆုံးသတ်သွားပြီးနောက်ပိုင်း သိသိသာသာတိုးတက်မှု ရှိလာခဲ့ သည်။

ထို့ကြောင့်လည်း ၂၀၁၂ နိုဝင်ဘာတွင်အမေရိကန် သမ္မတအိုဘားမားက မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲနေ သော မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ် သွားရောက်ခဲ့သည်။

မြန်မာနိုင်ငံသည် လက်ရှိနှစ်ပိုင်းများအတွင်း အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခြင်း သူမနှင့် NLD ပါတီကို မနှစ်က ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခွင့်ပြုခြင်းတို့ အပါအဝင် သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။

သို့သော်လည်း တပ်မတော်နှင့် ၎င်း၏ နိုင်ငံရေးမဟာမိတ်များက လွှတ်တော်တွင်းဆက်လက် လွှမ်းမိုးထိန်းချုပ် ထားဆဲဖြစ်သည့်အပြင်၊ ဘာသာရေးအဓိကရုဏ်းများ ဆက်တိုက်ဖြစ်နေခြင်း၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ ကို ဆက်လက်ဖမ်းဆီးနေခြင်းတို့ကြောင့်၊ မြန်မာတို့၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအပေါ် နိုင်ငံတကာက အကောင်းရှု မြင်ပေးခြင်းကို ထိခိုက်စေသည်ဟု သိရှိရသည်။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment