Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဆက်ကြေးကောက်တယ်။ မိုင်းခွဲတယ်။ တပ်မတော်လည်း တည်ဆဲဥပဒေကို မလိုက်နာဘူးဆိုရင် သူကိုလည်း ပြတ်ပြတ် သားသား အရေးယူရမယ်။ အလားတူအဖွဲ့အစည်းတွေ့လည်း အတူတူပဲ။ ဒါမှလည်း ငြိမ်းချမ်းရေးစကားပြောလို့ရမှာ။ နောက်တစ်ခုကတော့ ဒို့တာဝန်အရေးသုံးပါး။ ဒီမိုကရေစီရဲ့ အနှစ်သာရကို လက်ခံပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီဆိုတာ ကျယ်ပြန့်ပါတယ်။ ဒါလက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်တဲ့ အပိုင်း။ ဒါတွေကို တပ်မတော်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ မူဝါဒကို ထုတ်တာ။ ဒီအတိုင်း လိုက်နာကျင့်သုံး နိုင်အောင် ကြိုးစားနေတာပေါ့”

အောက်တိုဘာလ ၁၁  ရက်နေ့ထုတ် The 7 Day Daily နေစဉ်ထုတ်သတင်းစာ  အမှတ် ၂၁၇၀ တွင်ပါရှိသော “ဒုတိယ ဗိုလ်မှူးကြီးမြင့်စိုးနှင့် အင်တာဗျူးတွေ့ဆုံခြင်း” သတင်းမှ ကာကွယ်ရေးဝန်ကြီးချုပ်(ကြည်း) မှ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်မှူးကြီးမြင့်စိုး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ အစိုးရအဖွဲ့က ထိပ်တန်းလျို့ဝှက်ချက်ဆိုရင် စုံစမ်းပိုင်ခွင့် မရှိဘူး၊ ဆိုတာက လုပ်ပိုင်ခွင့် အားနည်းရာရောက်တယ်။ ဒီထက် ပိုမိုခိုင်မာထက်မြက်ပြီး လုပ်ပိုင်ခွင့်ရှိတဲ့ ဥပဒေတွေပါဖို့ တိုက်တွန်းမယ်။ အစီရင်ခံစာထုတ်ပြန်ခွင့်ရှိတယ်ဆိုပေမယ့် အစိုးရနဲ့ လွှတ်တော်ကိုတင်ပြရတာမျိုး ဖြစ်တယ်။ ပြည်သူကိုအသိပေး ရမယ်ဆို တဲ့အချက် ပါဝင်ဖို့တိုတ်တွန်းမယ်”

အောက်တိုဘာလ ၁၁ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာ  အတွဲ ၁၊ အမှတ် ၁၁၀ တွင်ပါရှိသော “လူ့အခွင့်အရေးကော်မရှင်သည် ထိရောက်လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းသည့် အဖွဲ့အစည်းဖြစ်သင့်ဟုဆို” သတင်းမှ လူ့အခွင့်အရေး ပညာပေးရေးဌာန (မြန်မာနိုင်ငံ)မှ ဦးဆောင်ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်း ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


ကေအိုင်အိုအနေနဲ့ အပစ်အခတ်ရပ်စဲရေးမှာ လက်မှတ်မထိုးသေးတာက ကျွန်တော်တို့ကေအိုင်အိုမှာ ခိုင်မာတဲ့ခံယူချက်ရှိပါ တယ်။ ကျွန်တော်တို့ အတွေ့အကြုံအရ၊ သင်ခန်းစာအရ၊  ယုံကြည်စိတ်ချရတဲ့ အခြေအနေမျိုးမရောက်ရင် လက်မှတ်မထိုး နိုင်သေးတာ ကေအိုင်အိုရဲ့ သဘောထားဖြစ်ပါတယ်။  ဒါကတော့ အရင် အတွေ့အကြုံတွေ့ကြောင့်ပါ။ ဒါကြောင့်လည်း cease fire မလုပ်ဘဲ နိုင်ငံရေးဆွေးနွေးရအောင်လို့ ပြောနေတာဖြစ်ပါတယ်။ cease fire မလုပ်ဘဲ တိုက်ပွဲတွေ ဘယ်လို့လျှော့ချမလဲ၊ နည်းအောင်ဘယ်လိုလုပ်မလဲ၊ ထိုနည်းလည်းကောင်းပဲ cease fire မထိုးထားသော်လည်း တစ်နိုင်ငံ လုံးနဲ့ ပတ်သက်တဲ့ဆွေးနွေးပွဲမှာ ကျွန်တော်တို့ ဘယ်လိုပါဝင်နိုင်မလဲဆိုတာ ဆွေးနွေးနေတာပါ။ cease fire မထိုးတာ ကတော့ ကေအိုင်အိုအနေနဲ့ ခိုင်မာတယ်လို့ ယုံကြည်စိတ်ချရတဲ့ အခြေအနေလို သတ်မှတ်တဲ့ ကေအိုင်အိုရဲ့ စိုးရိမ်စိတ် ကြောင့်ဖြစ်ပါတယ်”

အောက်တိုဘာလ ၁၁ ရက်နေ့ထုတ် Daily Eleven  နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “အစိုးရနှင့် ကေအိုင်အို ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်ခဲ့ ” သတင်းမှ ကေအိုင်အို ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဘတ်ဂျက်နဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုအပိုင်းမှာ အားနည်းတယ်လို့ မြင်တယ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာက ဘတ်ဂျက်အတွက် အသုံးပြုမယ့် စာရင်းပေးတာက ပွင့်လင်းမြင်သာမှုမရှိဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေကို လေ့လာဖို့ပေးတဲ့အချိန်ကလဲ နည်းတယ်။ လုပ်ငန်းတွေက အမြဲလုံခြုံရေးကို ဦးစားပေးတာတွေ့ရတယ်၊ ငွေရေးကြေးရေးဘဏ္ဍာရေးပိုင်းဆိုင်ရာမှ လွတ်လပ်မှုမဖြစ်ဘူး”

အောက်တိုဘာလ  ၁၁ ရက်နေ့ထုတ် မော်ဒန် Journal အမှတ် ၃၇၈ တွင်ပါရှိသော “ဘတ်ဂျက် စီမံခွဲဝေမှု အရေးပါးပုံ စဉ်းစားသုံးသပ်ဖို့လိုပြီ” သတင်းမှ  ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“လက်တွေ့မှာ ကြံ့ခိုင်ရေးက ပြောတိုင်း တပ်မတော်ဘက်က မထောက်ခံသလို တပ်မတော်တင်တဲ့ အဆိုကိုလည်း ကြံ့ခိုင်ရေးဘက်က ကန့်ကွက်တာတွေ အများကြီး ကြံ့ခိုင်ရေးမှာ၊ တပ်မတော်မှာ NLD မှာ၊ နောက်ပြီး အခြားပါတီတွေမှာ တော်တဲ့သူတွေရှိတယ်။ အဲဒီလူတွေကိုမွေးရမယ်။ ပါတီတိုင်း ဘက်တိုင်းမှာ လူတော်တွေရှိတယ်။ အကုန်တော် အကုန်ညံ့တာတော့ ဘယ်မှာမှ မရှိဘူး။ ဘယ်ပါတီ ဘယ်အုပ်စုက ဖြစ်ဖြစ် တော်တဲ့သူတွေကိုပဲ တက်စေချင်တယ်။ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို အမြင်ကျယ်ကျယ်နဲ့ ပြုပြင်သွားမှာသူတို့ပဲ။  ဘယ်ပါတီအဖွဲ့အစည်းကဖြစ်ဖြစ် တော်တဲ့သူတွေ လွှတ်တော်တွင်း အစိုးရတွင်း နေရာရသွားရင် နိုင်ငံတိုးတက်မယ်။ လက်ရှိ ဗျူရိုကရေစီယန္တရားကြီးက ထောင့်စုံက ပျက်နေတယ်။ အဲဒါကို ပြန်ပြင်ဖို့ အချိန်ပေးရမယ်။ သူက လူတွေနဲ့လုပ်ယူရတာ။ လူဆိုတာ လေ့ကျင့်ရတယ်။ မျိုးဆက်တစ်ခုလောက် လိုတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေ အောက်ခြေမရောက်ဘူး ဆိုတာအဲဒါကြောင့်ပဲ။ သူရဲ့မူဝါတွေကို ပြီးပြည့်စုံအောင် ဆောင်ရွက်မယ့် ဗျူရိုကရေစီ ယန္တရားမရှိဘူး။ လတ်တလော အရေးတကြီး ပြောင်းဖို့လိုတာ ဗျူရိုကရေစီယန္တရားကို ပြင်ဖို့။ ဒါကို အခြေခံဥပဒေကိုပဲ ဝိုင်းပြီး လက်ညှိးထိုးနေတာတော့ မဟုတ်သေးဘူး။ ”

အောက်တိုဘာလ ၁၀ ရက်နေ့ထုတ် The Voice Daily နေ့စဉ်ထုတ်သတင်းစာ အတွဲ ၁၊ အမှတ် ၁၆၀ တွင်ပါ ရှိသော “အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်အဖွဲ့ဝင် ဦးစောမြင့်အောင်နှင့် တွေ့ဆုံခြင်း” သတင်းမှ အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်အဖွဲ့ဝင် ဦးစောမြင့်အောင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment