Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂) 

မြန်မာနိုင်ငံအစိုးရနှင့် ကချင်လက်နက်ကိုင်များ ငြိမ်းချမ်းရေအကြို သဘောတူညီမှုရရှိ

(UPI မှ  10 Oct 2013 ရက်စွဲပါ “Myanmar, Kachin rebels broker true” သတင်းကို ဘာသာပြန်ဆိုသည်)

ဗဟိုအစိုးရနှင့် ငြိမ်းချမ်းရေးအကြိုသဘောတူညီမှု ရရှိပြီးနောက်တွင် တိုက်ပွဲများလျော့ပါးသွားလိမ့်မည်ဟု မြန်မာနိုင်ငံမှ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကပြောကြားလိုက်ပါသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကိုမတရားအသင်း သတ်မှတ်ထားမှုမှ ပယ်ဖျက်ပေးသွားမည်ဟု မြန်မာအစိုး ရ ငြိမ်းချမ်း ရေးညှိနှိုင်းမှုတာဝန်ခံ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြီးခဲ့သောမေလတွင် ပြောကြားခဲ့သည်။ ယခင်စစ်ဖက်က အုပ်ချုပ် သော မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပြုလုပ်နေသော  နိုင်ငံရေးပြုပြင်ပြောင်း လဲမှု များကို မြောက်ပိုင်း ကချင် ပြည်နယ်မှ လက်နက်ကိုင်ပဋိပက္ခနှင့် အခြားဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အကြမ်းဖက်မှု များက လောင်းရိပ်မိုးလျက် ရှိ သည်။

ယခုအခါ တိုက်ခိုက်မှုများအဆုံးသတ်ကြရန် နှစ်ဖက်စလုံး သဘောတူညီမှုရရှိပြီးဖြစ်ကြောင်း အစိုးရငြိမ်း ချမ်းရေးကိုယ်စား လှယ် ဝန်ကြီး ဦးအောင်မင်းက ကြာသပတေးနေ့တွင် ပြောကြားသည်။

“ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့အချက်တွေအားလုံးနီးပါး သဘောတူညီမှုရခဲ့ပါတယ်။ သဘောကွဲလွဲမှုအနည်း ငယ်ဘဲ ရှိပါ တယ်။ နောက်တစ်ဆင့်နိုင်ငံရေး ဒိုင်ယာလော့ကို ဆက်သွားကြမှာပါ”ဟု ဝန်ကြီး၏ ပြောစကားအတိုင်း ထိုင်းအခြေစိုက် သတင်းစာက ဖော်ပြထားသည်။

တရားဝင်အပစ်ရပ်သဘောတူညီမှုမရခင် ယခုအချက် ၇ ချက်ပါ သဘောတူညီမှုကို အရင်ရရှိခဲ့ကြခြင်း ဖြစ်သည်။ လက်တွေ့ အနေအထားသည် တိုက်ပွဲများအားလုံး အဆုံးသတ်သွားမည့် လက္ခဏာမရှိသေးဟု KIA ဒုတိယစစ်ဦးစီးချုပ် ဆွမ်မလွတ်ဂွမ်မော်က ပြောကြားသည်။

“လက်တွေ့ရှေ့တန်းမြေပြင်မှာ ခိုင်မာတဲ့အပစ်ရပ်စဲမှု မရှိသေးဘူးလို့ ခံစားမိနေသမျှ  အပစ်ရပ်စာချုပ် လက်မှတ် မထိုး သေးဘူးဆိုတာ  ကျွန်တော်တို့ရဲ့မူဝါဒပါပဲ။ ဒါကြောင့်လည်း အပစ်ရပ်သဘောတူညီမှုအစား နိုင်ငံရေး ဒိုင်ယာလော့ ဆွေးနွေးကြဖို့ ကျွန်တော်တို့တောင်းဆိုနေရတာပါ”ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုပါသည်။

အစိုးရနှင့် သဘောတူညီမှုရပြီးနောက် တိုက်ခိုက်မှုအတိုင်းအတာလျှော့ချရန်  ကချင်လက်နက်ကိုင်များက သဘောတူခဲ့ ကြသည်ဟု  ၄င်းက ဆက်လက်ပြောကြားသည်။

ကချင်ပြည်နယ်မှ တိုက်ပွဲများသည် မြန်မာ့နိုင်ငံရေး အခင်းအကျင်း၏ ရှုပ်ထွေးသော လှည့်ကွက်များ ဖြစ်သည်ဟု အကဲခတ် လေ့လာသူအချို့က မှတ်ချက်ပေးကြသည်။


 

                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment