Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အရင်ဆုံးပြောရရင် ဒါတည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေ ၅၉(စ)အရဆိုရင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးက သမ္မတ အရည်အချင်းနဲ့ပြည့်စုံတယ်။ ဒါကတစ်ပိုင်းပေါ့။ ဒီအတိုင်းပဲ ၅၉(စ)အရဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ဖို့ အရည်အချင်းသတ်မှတ်ချက်နဲ့ မညီညွတ်ဘူးပေါ့။ ဒီမတိုင်ခင်ကလည်း အခုလိုမဟုတ်ပါဘူး။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီး ဝန်ကြီးချုပ်တစ်ယောက်ကို သူ့မိသားစုနဲ့ ပတ်သက်ပြီးတော့ ဒီပုဒ်မနဲ့ ငြိစွန်းနေလို့ ဒုတိယသမ္မတတောင် ဖြစ်ခွင့်မရှိဘူး။ အဲ့တော့ဘယ်သူဖြစ်လို့ ဘာဖြစ်တယ်ဆိုတာကိုမပြောခင် လောလောဆယ်က သမ္မတဖြစ်ဖို့ဆိုရင် ဒီ ၅၉ ပုဒ်မမှာ ပြဋ္ဌာန်းထားတဲ့ အချက်တွေနဲ့ ကိုက်ညီရမယ်။ အဲ့တော့ ကိုက်ညီပြီးမှသာ ဆန္ဒခံယူ ထပ် စဉ်းစားရမယ်”

အောက်တိုဘာလ ၁၄ ရက်နေ့ထုတ် Messenger ဂျာနယ် အတွဲ (၄) အမှတ် (၂၁) တွင်ပါရှိသော “သမ္မတဖြစ်ရင်- မဖြစ်ရင်”ဆောင်းပါးမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပါတီတွေ နိုင်ငံခြားအထောက်အပံ့ယူချင်ရင် အန်ဂျီအို NGO ထောင်လို့ရတယ်။ အဲ့ဒီလိုလှူဒါန်းတဲ့ အထောက်အပံ့ တွေကို သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နိုင်တယ်။ ဥပမာ-ကျန်းမာရေးအတွက် လှူဒါန်းတာဆိုရင် ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပါ။ ပါတီကထူထောင်ထားတဲ့ အန်ဂျီအို NGO ကို ပြည်ပကလှူရင် တရားဝင်တယ်”

အောက်တိုဘာလ ၁၅ ရက်နေ့ထုတ် True News ဂျာနယ်အတွဲ (၅) အမှတ် (၅၂)တွင်ပါရှိသော “နိုင်ငံရေးပါတီများ နိုင်ငံခြားအထောက်အပံ့ယူလိုပါက NGO ထောင်ရမည်” သတင်းမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့ နိုင်ငံအပိုင်းကတော့ ပြင်ဆင်နေတာပဲ။ ဒါပေမယ့် ကျွန်တော့အမြင်ပြောရရင်တော့ လိုသေးတယ်။ ကျွန်တော်တို့ ဒီတစ်နှစ်ခွဲ၊ နှစ်နှစ်အတွင်းမှာ အတော်ကို Move လုပ်ရဦးမယ်လို့ယူဆတယ်။ ဒါလည်းနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတာရယ်။ Financial Sector ကပြုပြင်ပြောင်းလဲမှုတွေကို အချိန်ကိုက် လုပ်ဆောင်ပြီးတော့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ မဆိုးဘူးလို့ ပြောလို့ရမယ်။ မဟုတ်ရင်တော့ လုပ်ကြ ရဦးမယ်။ ပြင်ဆင်ကြရဦးမယ်။ ကြိုးစားကြရဦးမှာဖြစ်ပါတယ်”

အောက်တိုဘာလ ၁၃ ၇က်နေ့ထုတ် 7Day Daily နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “အာဆီယံနိုင်ငံများကဲ့သို့ ဖွံ့ဖြိုးရန် ငွေကြေးနှင့် ပုဂ္ဂလိကကဏ္ဍ ပြုပြင်ပြောင်းလဲမှု များစွာလုပ်ဆောင်ရန်လိုအပ်ကြောင်း ဦးစိုးသိန်းပြော” သတင်းမှ နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ပြောကြားချက်အား ကောက် နှုတ်ချက်။


“ဒီကနေ့ တပ်မတော်မှာ Child Soldier မရှိပါဘူးဆိုတဲ့ အဆင့်ရောက်အောင် ကြိုးစားနေတယ်။ လုံးဝအပြီးအစီးတော့ မဖြစ်သေးဘူး။ တချို့နေရာတွေမှာ ပြဿနာလေးတွေရှိနေသေးတယ်။ တချို့က ဝင်လာတုန်းကတော့ ၁၈ နှစ်မပြည့် သေးပါဘူး။ ၁၆ နှစ်ပဲရှိသေးတာမျိုးလေးတွေရှိတယ်။ မှတ်ပုံတင်မလုပ်နိုင်သေးတဲ့ အခက်အခဲပေါ့။ အဲ့ဒီလို ကလေး စစ်သား မရှိပါဘူးဆိုတဲ့ နိုင်ငံတကာဥပဒေကို တပ်မတော်တစ်ခုတည်းသာမကပဲ တိုင်းရင်းသားတပ်ဖွဲ့တွေမှာ မလိုက်နာ တာတွေ ရှိတယ်။ အလားတူပဲ ဆက်ကြေးကောက်တယ်။ မိုင်းတွေခွဲတယ်။ ဒါတွေဟာဘာလဲဆိုတော့ တည်ဆဲ ဥပဒေ တွေကို မလိုက်နာနိုင်တာပဲ။ တပ်မတော်သည်လည်း ဥပဒေကိုမလိုက်နာရင် တိတိကျကျအရေးယူသလို အခြားတပ်ဖွဲ့တွေ ကလည်း အရေးယူဖို့လိုပါတယ်။ ဒါမှသာ ပြည်တွင်း ငြိမ်းချမ်းရေးရနိုင်မှာ”

အောက်တိုဘာလ ၁၃ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “တပ်မတော်တွင် ကလေးစစ်သားမရှိကြောင်း အာမခံနိုင်သည့်အဆင့်သို့ ရောက်အောင်ကြိုးစားနေဟု ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ပြောကြား” သတင်းမှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီဘွဲ့ရရှိတဲ့အတွက် နှစ်နိုင်ငံကြားမှာ ပိုမိုကောင်းမွန်သော အနာဂါတ်တစ်ခုလို့ ဆိုလို့ရပါတယ်။ ဂျပန်နိုင်ငံဆိုတာ ကျွန်တော်တို့နိုင်ငံကို အခုမှကူညီခဲ့တာ မဟုတ်ဘူး။ ယခင်တုန်းကလဲ အများကြီးကူညီခဲ့ကြတာတွေ ရှိခဲ့ပါသေးတယ်။ ယခုလည်းကူညီထားဆဲပါ။ ရှေ့ဆက်ပြီးပညာရေးဆိုင်ရာ ကိစ္စတွေမှာလည်း နှစ်နိုင်ငံအကြား ချိတ်ဆက်လုပ်ကိုင်သွားမယ် စီးပွားရေးဆိုင်ရာတွေမှာလဲ ဒီထက်မက ပူးပေါင်းပြီး ထပ်မံလုပ်ဆောင်သွားမှာပါ”

အောက်တိုဘာလ ၁၅ ရက်နေ့ထုတ် Flower News ဂျာနယ် အတွဲ (၉) အမှတ် (၄၀) တွင်ပါရှိသော “ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့် ဂျပန်ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့်ခံရ”သတင်းမှ ပြည်ထောင်စုဝန်ကြီးဦး ဝင်းမြင့်၏ ပြောကြားချက်အား ကောက် နှုတ်ချက်။

 


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment