Transparency Myanmar

transparency.myanmar@gmail.com

International Media (1)
Document

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ (၁)

မြန်မာနိုင်ငံတွင် လူနည်းစုများကိုလက်ခံရလိမ့်မည်

(11 Oct ရက်စွဲပါ CNN မှ Jim Della-Giacoma ရေးသားသော Myanmar must embrace minorities ကိုဘာသာပြန် ပါသည်။ )

(ရေးသားသူ Jim Della – Giacoma သည် International Crisis  Group ၏ အာရှပရိုဂရမ် ဒါရိုက်တာ ဖြစ်ပါ သည်။ ICG ၏ အစီရင်ခံစာဖြစ်သော The  Dark side of Transition : Violence against Muolims  in  Myanmar ကို အောက်တိုဘာ ၁ ရက်နေ့က ထုတ်ဝေခဲ့ပါသည်)

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးသည် ထင်ထင်ရှားရှားရှိသော်လည်း မူဆလင် အသိုင်းအဝိုင်း အပေါ် အကြမ်း ဖက်မှုများကြောင့် တန်ဖိုးလျော့ရပါသည်။ အမှန်တကယ်ပင် အဆိုပါ အကြမ်းဖက်မှုများသည် မြန်မာနိုင်ငံ၏ ဖူးပွင့်စ ဒီမိုကရေစီကို ခြိမ်းခြောက် လျက်ရှိပြီး၊ ဒေသတွင်းတွင်ရော နိုင်ငံတကာတွင်ပါ ပုံရိပ်ကို ထိခိုက်ပါသည်။

သမ္မတဦးသိန်းစိန် သည် ရခိုင်ဒေသသို့ ပြီးခဲ့သည့်အပတ်က သွားရောက်စဉ် “ပြီးခဲ့တဲ့ အဖြစ်အပျက် တွေရဲ့ ဆုံးရှုံးမူ တွေအတွက် ပြန်လည်ထူထောင်ရေးတွေ ပြင်းပြင်းထန်ထန် ကြီုးပမ်းနေချိန်မှာ အဓိကရုဏ်းတွေ ပိုမိုမဖြစ်ပွားဖို့လိုပါတယ်။ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ အရင်က အဓိကရုဏ်းတွေအပေါ် သင်ခန်းစာယူပြီး အဓိကရုဏ်းတွေရှောင်ဖို့ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ် " ဟုပြောကြားခဲ့ပါသည်။

များစွာလုပ်ဆောင်ရန် ကျန်ရှိသေးပြီး၊ ပိုမိုကောင်းမွန်သော လေ့ကျင့်သင်ကြားပေးမှု၊ လက်နက် ကိရိယာ တပ်ဆင်မှု များဖြင့် ရဲများ၏ စွမ်းဆောင်ရည်တိုးတက်ရန်မှာ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ပြင်ပမှ ပညာရှင်များ၊ အကူအညီများသည် လိုအပ်သောပြောင်းလဲမှုများကို အရှိန်မြှင့်ပေးနိုင် လိမ့်မည်ဖြစ်ပါသည်။

သို့သော် ဤခက်ခဲသော ကိစ္စရပ်ကို ဖြေရှင်းနိုင်မည့်အဖြေကို မြန်မာနိုင်ငံ၏ မြို့တိုင်း တစ်မြို့စီတွင် တွေ့ရှိ နိုင်ပါသည်။ မြန်မာနိုင်ငံမှ မူဆလင်အသိုင်းအ၀ိုင်းသည် ကွဲပြားခြားနားမှုများရှိပြီး၊ မြို့ကြီးအားလုံး၊ မြို့ငယ်၊ ရွာများ အများစု တိုင်းတွင် တွေ့ရှိနိုင်ပါသည်။ မြန်မာနိုင်ငံမှ မူဆလင်များသည် ကာလကြာရှည် ကပင် တိုင်းပြည်၏ကူးသန်းရောင်း ၀ယ်ရေးဘ၀နှင့် နီးကပ်စွာ ဒွေးရောယှက်တင် ရှိနေခဲ့ပါသည်။ မိတ္ထီလာမှ ပြည်သူများတွေ့ရှိရသည်မှာ မြို့၏ရောင်း ၀ယ်ရေးရပ်ကွက်များ ဖျက်ဆီးခံရသောအခါ အကြမ်းဖက်မှု အတွက် ငွေကြေးအရ ပေးဆပ်ရမှု များပြီး၊ ကာလရှည်ကြာ တဖြည်းဖြည်ချင်းခံစားကြရပါမည်။ မူဆလင် အသိုင်းအ၀ိုင်းများ အတိုက်အခိုက်ခံရခြင်းကြောင့် မိတ္ထီလာ၏ဈေးများ လျော့နည်းသွားပြီး၊ ဧည့်သည်များကို လာရောက်မှု နည်းစေပါသည်။ ထိုဒေသရှိ ငွေကြေးစနစ်နှင့် ချိတ်ဆက်မှု များပြတ်တောက်ခဲ့ရပါသည်။

ဗမာ-ဗုဒ္ဓဘာသာ အမျိုးသားရေးစိတ်ဓါတ်များမြင့်တက်လာခြင်းနှင့် ဘုန်းတော်ကြီးများဦးဆောင် သော ၉၆၉ လှုပ်ရှားမှု၏ သြဇာလွှမ်းမိုးမှု ကြီးမားလာခြင်းတို့သည် လူထု၏ဆန္ဒကို ဘာသာရေး၏လွှမ်းမိုးမှု တွင် ပိတ်မိနေစေမည့်၊ အန္တရာယ်ကြီးသည့် အတွဲဖြစ်ပါသည်။ ၉၆၉ လှုပ်ရှားမှုသည် အခြားယုံကြည်မှုများ ကိုလက်ခံခြင်းမပြုရန်နှင့် မူဆလင်စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရန်ဟောပြောပါသည်။ တိုင်းပြည် ကို အာဏာရှင်အုပ်ချုပ်သည့် ကာလတစ်လျှောက် စုလာသည့် သိသိသာသာ မကျေနပ်မှုများနှင့် စိတ်ဆိုး မှုများကို လူနည်းစုတစ်ခုအပေါ် အာရုံပြု သွားစေမည့် အနုတ်လက္ခဏာဆောင်သော စည်းရုံးမှုများဘက်သို့ ဦးမလှည့်စေဘဲ ဒီမိုကရေစီ၊ စိတ်ရှည်သည်းခံမှုနှင့် သာယာဝပြောသောတိုင်းပြည်အတွက် အပေါင်း လက္ခဏာဆောင်သော အမြင်များဆီသို့ ဦးတည်ပေးရန် လိုအပ်ပါသည်။ နိုင်ငံရေးသမားများသည် ၎င်းတို့ အပေါ် ထောက်ခံသူများကို မျှော်လင့်ချက်များကိုသာ ပိုမို ပေးရန်လိုအပ်ပြီး၊ မရေရာသော အချိန်များတွင် စိုးရိမ်မှုများသာ မဖြစ်စေရေးကို ပြောကြားပေးရန်လည်း လိုအပ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးနှင့်ဆိုင်သော အမျိုးသားရေးစိတ်ဓါတ် အသွင်ဆောင်ထားသော အမုန်းပွားစေ မည့်စကားများ (hate speech) များကို လက်ခံလာကြခြင်း မရှိအောင်လုပ်ဆောင်ရန် လိုအပ် ပါသည်။ ထိုစကားလုံးများသည် ဒီမိုကရေစီမဆန်ဘဲ၊ အကြမ်းဖက်မှုများကို အားပေးခြင်း၊ မတည်ငြိမ်မှုကို ဖြစ်စေခြင်းနှင့် များစွာလိုအပ်နေသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားနည်းစေပါသည်။ တံခါးဖွင့်ထားပြီး၊ လူမျိုးပေါင်းစုံနှင့် ဘာသာပေါင်းစုံရှိသော လူ့အဖွဲ့အစည်းတစ်ခုဆိုသည်မှာ လူအများ၏ လက်တွေ့မကျ သော အိုင်ဒီယာများကို အားပေးခြင်းထက်စာလျှင် ကျွမ်း ကျင်မှု၊ ဘာသာစကား၊ အရင်းအနှီးနှင့် စီးပွားရေး လုပ်နိုင်စွမ်းများဖြင့် အကန့်အသတ်ရှိနေသော လူသားအရင်းအမြစ်ထံမှ တိုးတက်မှု ရနိုင်သမျှရအောင် လုပ် ဆောင်နိုင်ခြင်း ဖြစ်ရပေမည်။

မြန်မာနိုင်ငံသည် မကြာမီ အရှေ့တောင်အာရှ အားကစားပွဲ အိမ်ရှင်ဖြစ်လာမည်ဖြစ်ပြီးနောက် အာဆီယံဥက္ကဋ္ဌလည်း ဖြစ်လာဦးမည်ဖြစ်ရာ အခြားကိစ္စများထက်စာလျှင် မူဆလင်များအပေါ် ပြုမူဆက်ဆံ ပုံကို အရှေ့တောင်အာရှကရော ကမ္ဘာတစ်ဝှမ်းကပါ အနီးကပ်စောင့်ကြည့်ခြင်းကို ခံနေရပါသည်။ ကမ္ဘာ တစ်ဝှမ်း၏ အာရုံပြုမှုသည် မြန်မာ အားကစား သမားများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သံတမန်များထံတွင် သာမကဘဲ၊ အစိုးရ၏ တိုးတက်ဖြစ်ပေါ်ဆဲစနစ်များနှင့် ထွန်းကား လာသော နိုင်ငံရေးယဉ်ကျေးမှုတို့ကိုပါ အလေးပေး ကြည့်ရှုလာကြမည်ဖြစ်ပါသည်။ လူနည်းစုများအပေါ် ပြုမူဆက်ဆံပုံသည် တိုင်းပြည်၏ ဒီမို ကရေစီကို တိုင်းတာမည့် ပေတံတစ်ခု ဖြစ်လာပါလိမ့်မည်။ ၂၀၁၁ ခုနှစ် မတ်လ အရပ်သားဦးဆောင်သော အစိုးရဖွဲ့စည်းပြီးကတည်းက အများကကြိုဆိုခဲ့ကြသည့် တံခါးဖွင့်မှုသည် ယခုအခါ နိုင်ငံတကာက အနီးကပ်စောင့် ကြည့်နေရသည့် အသစ်ဖြစ်လာသည့် အဆင့်များသို့ ရောက်ရှိနေပါသည်။ ထို့အပြင် ဒီမို ကရေစီ၊ ရဲတပ်ဖွဲ့လုပ်ငန်းများ၊ လူ့အခွင့်အရေးများနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် နိုင်ငံတကာစံများ၊ အဆင့်သတ်မှတ်ချက်များ နှင့်အညီ ဖြစ်ရေး ကိုလည်း ပိုမိုမျှော်လင့် လာကြပါသည်။

ပြီးခဲ့သည့်နှစ် ဇွန်လကစ၍ ရခိုင်ပြည်နယ်မှ စတင်ခဲ့သော မတူသော ဘာသာကိုးကွယ်သူများကြား အကြမ်း ဖက်မှုများသည် တိုင်းပြည်၏ အခြားဒေသများသို့ပါ ပျံ့နှံ့သွားပြီး အများစုက ဆက်လက်ပျံ့နှံ့မည် ကို စိုးရိမ်လျက်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် အာဏာပိုင်များသည် ကျူးလွန်သူများကို တင်းတင်း ကြပ်ကြပ်၊ ပွင့်လင်းမြင်သာမှုရှိရှိ အရေး ယူဆောင်ရွက်ခြင်း မရှိခြင်းကြောင့် ဖြစ်ပါသည်။ ဒေသမှ လုံခြုံရေးတာဝန်ရှိသူများသည် ဒေါသဖြစ်နေသော လူ့အဖွဲ့အစည်း ကို မတားဆီးနိုင်ရုံမျှမက ဆိုင်တွင် အငြင်းပွားနေမှုနှင့် ဘုန်းတော်ကြီး တစ်ပါးကို သတ်ဖြတ်မှုတို့ကိုပါ မတားဆီးနိုင်ခဲ့ပေ။ တရားဥပဒေစိုးမိုးမှုအပေါ်တွင် ယုံကြည်မှုနည်းပါးခြင်း ကြောင့် ပြည်သူများသည် ၎င်းတို့ ကိုယ်ပိုင်ဒဏ်ခတ်ခြင်းများကို ကျင့်သုံးခဲ့ရာ အသက်အန္တရာယ် စိုးရိမ်ရမှု များ၊ မပြီးနိုင်သော အကျိုးဆက်များ ဖြစ်လာ နိုင်ပါသည်။

ဤနေရာတွင် အာဏာပိုင်များသည် အသင့်အနေအထားတွင် ပြင်ဆင်မထားနိုင်ခြင်းနှင့်   တရားဥပဒေစိုးမိုး ရန်၊ နိုင်ငံသားများကို အကာအကွယ်ပေးရန်၊ အကြမ်းဖက်မှုကျူးလွန်သူများကို လူမျိုးဘာသာမခွဲခြားဘဲ ဟန့်တားရန် တာဝန်များကို မထမ်းဆောင်နိုင်ခဲ့ပေ။ အဆိုပါ ဥပဒေမဲ့လုပ်ရပ်များကို တရားဥပဒေအရ အရေးယူခြင်း၊ အင်အားဖြင့် တားဆီးရမည်ဖြစ်သော်လည်း ၎င်းတို့သည် မည်သည့်အင်အားမျှ မသုံးနိုင်ခြင်း နှင့် အာဏာစက်အနည်းငယ်သာ သုံးနိုင်ခြင်း တို့ကြောင့် လူ့အသက်များ ဆုံးရှုံးရသည်အထိ ရလဒ်များ ရခဲ့ ပါသည်။

ထိုသို့ မလုပ်ဆောင်နိုင်ခြင်းသည် ရဲတပ်ဖွဲ့၏ အဆင့်အတော်များများတွင် ဖြစ်ပျက်လျက်ရှိသော် လည်း၊ အဆိုပါ မပြည့်မစုံနှင့် တုန့်ပြန်မှုကို ပြင်ဆင်ရန် ထိပ်ပိုင်းတွင် စတင်လုပ်ဆောင်နေပါပြီ။ မိတ္ထီလာ အဖြစ်အပျက်သည် အစိုးရအတွက် နိုးထစေရန် အချက်ပေးသံချောင်း ခေါက်လိုက်ခြင်းဖြစ်ပြီး၊ ခံယူချက် သဘောထားများလည်း စတင်ပြောင်းလဲခဲ့ပါသည်။ သို့သော် အဆိုပါ ပြောင်းလဲမှုများ မြန်ဆန်ခြင်း အလျဉ်း မရှိသေးဆိုသည်ကို ယခု သံတွဲမှ အကြမ်းဖက်မှုက ပြသနေပါသည်။ သမ္မတက စဉ်းစားဥာဏ်မရှိဘဲ၊ ကြောင်းကျိုးဆီလျော်ခြင်းမရှိသည့် ပြုမူဆောင်ရွက်မှုများကို ဥပဒေဖြင့် တင်းကြပ်စွာ အရေးယူရန် ကြေညာ ခဲ့ပြီးဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်ရန်အတွက် အထက်အဆင့်မှစ၍ အဆင့်ဆင့် ပြင်းထန်သော အင်အားကို လိုအပ်သည်ထက် ပိုမသုံးဘဲ မြန်မာနိုင်ငံမှပြည်သူများကို အကာအကွယ်ပေးရေးကို ဦးစားပေးရန် ရှင်းလင်း ပြတ်သားသည့် အမိန့်များ ပေးထားရန် လိုအပ်ပါသည်။

မန္တလေးနှင့် စစ်ကိုင်းတိုင်းတွင် မကြာမီက အဖြစ်အပျက်တချို့အရ သတင်းအချက်အလက်ကို တွက်ဆရ နိုင်သည်ဟု ထင်ပါသည်။ ရဲတပ်ဖွဲ့အပါအ၀င် အာဏာပိုင်များထံမှ တုန့်ပြန်သော အချိန်အတိုင်း အတာသည် သိသာစွာ တိုးတက်လာခဲ့ပါသည်။ ပုံစံတူဖြစ်ပွားသော တိုက်ခိုက်မှု၊ မတော်တဆမှုနှင့် ရောင်း ၀ယ်ရင်း အငြင်းပွားမှုများမှ စတင်ဖြစ်ပွားသော လူမျိုးရေးပဋိပက္ခများကို အခြားနေရာများကဲ့သို့ သေဆုံးမှုမျိုး၊ ပျက်စီးဆုံးရှုံးမှုမျိုး မဖြစ်အောင် ပိုမို လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းလာခဲ့ပါသည်။

ဤကဲ့သို့သော အချိန်မျိုးတွင် ခေါင်းဆောင်မှုသည် ရှင်းလင်းပြတ်သားရန် လိုအပ်ပြီး၊ ရဲတပ်ဖွဲ့ ကလည်း ဖိနှိပ်ခြင်းမရှိဘဲ၊ ခိုင်မာစွာ အားကောင်းလာရန်လိုပါသည်။ နိုင်ငံရေးအရ နာမည်ကျော်ပုဂ္ဂိုလ်များ နှင့် ဘာသာရေးခေါင်းေ ဆာင်များသည် ၎င်းတို့ပြောကြားမည့်စကားကို သေချာစွာ စဉ်းစားသင့်ပါသည်။ အကယ်၍ ဤနေရာတွင် မြန်မာနိုင်ငံသည် မှားယွင်းသော လုပ်ဆောင်မှုရှိခဲ့ပါက လူတိုင်းသည် မိမိတို့ အလိုရှိသော အရာများ မရရှိဘဲ ဆုံးရှုံးမှုများ ရှိလိမ့် မည်ဖြစ်ပါသည်။ အကြမ်းဖက်သော၊ မတည်ငြိမ် သော၊ အယူမှားယွင်း သော နိုင်ငံမျိုးကို မည်သည့်ဧည့်သည်မျှ မလာရောက်လို။

အကယ်၍ မြန်မာနိုင်ငံသည် မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းမိပါက ဆုလာဒ်များ ရရှိနိုင်မည်ဖြစ်ပြီး၊ ဆုတံဆိပ်များ၊ ချီးကျူးမှုများ၊ ခရီးသည်များနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာသည့် ပုံစံမျိုးဖြင့်သာမက မိမိနယ်နိမိတ် အတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ကိုပါ ခံစားရရှိလာနိုင်မည်ဖြစ်ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment