Transparency Myanmar

transparency.myanmar@gmail.com

International Media (3)
Document

Snapshot of the item below:
International Media (3)

ဘာသာပြန်သတင်းများ (၃)

မြန်မာ့ဆက်သွယ်ရေးဥပဒေသစ် ထုတ်ပြန်

(Shanghai Daily မှ 12 Oct 2013 ရက်စွဲပါ “Myanmar’s new communication law published” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဥပဒေသစ်ကို နိုင်ငံပိုင် New Light of Myanmar သတင်းစာတွင် စနေနေ့က ထုတ်ပြန်ကြေညာလိုက်ပါသည်။

သမ္မတဦးသိန်းစိန် အင်္ဂါနေ့ကလက်မှတ်ရေးထိုးခဲ့သောဆက်သွယ်ရေးဥပဒေသစ်အရ နိုင်ငံခြားတယ်လီကွန်း ကုမ္ပဏီများသည် အနည်းဆုံးငါးနှစ်မှ အများဆုံး အနှစ် နှစ်ဆယ် သက်တမ်းရှိသောလိုင်စင်ဖြင့် မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့် ရရှိကြမည် ဖြစ်သည်။

ဆက်သွယ်ရေးဥပဒေသစ်ကို မြန်မာလွှတ်တော်က သြဂုတ်လတွင် အတည်ပြုခဲ့သော်လည်းသမ္မတက ပြန်လည် ပြင်ဆင်ခိုင်းသောအချက်များကိုစီစစ် ပြင်ဆင်နေရသောကြောင့် ယခုအောက်တိုဘာလတွင် အတည်ပြု ထုတ်ပြန်ရခြင်း ဖြစ်သည်။

နိုင်ငံခြားဆက်သွယ်ရေးအော်ပရေတာလိုင်စင် ချပေးကာနီးတစ်ရက်အလိုတွင်လည်း မြန်မာလွှတ်တော်က ကိုယ်ကျိုးစီးပွားကာကွယ်ရေးကိုအကြောင်းပြကာဆိုင်းငံ့ထားရန် ကြိုးစားမှုကြောင့် ပြည်သူလူထုအံ့ အားသင့်ခဲ့ကြရ သည်။

နိုင်ငံခြားအောက်ပရေတာများနှင့် ဖက်စပ် လုပ်ကိုင်နိုင်ရန် စီစဉ်နေသည့် ပြည်တွင်းခရိုနီတို့၏ အကျိုးစီးပွား ကိုလွှတ်တော်ကရှေ့တန်းတင်သည် ဟူသောစွပ်စွဲမှုများလည်းပေါ်ထွက်လာခဲ့သည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ဖုန်းသုံးစွဲသူဦးရေသည် ယခုလတွင် ၅.၅ သန်းအထိရှိလာပြီးစုစုပေါင်းလူဦးရေ၏ ၁ဝ ရာခိုင်နှုန်းသို့ ရောက်ရှိလာပြီဟုကိန်းဂဏန်းများအရသိရှိရသည်။

မြန်မာအစိုးရသည် ၂ဝ၁၅ တွင် မိုဘိုင်းလ်ဖုန်းပျံ့နှံ့သုံးစွဲမှုနှုန်း ၈ဝ ရာခိုင်နှုန်းအထိ မြှင့်တင်ရန် ကြိုးပမ်းအား ထုတ်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် တယ်လီဖုန်းအော်ပရေတာဖုန်းလိုင်စင်အတွက် ပထမဆုံးတင်ဒါအောင်သော နိုင်ငံခြားကုမ္ပဏီ နှစ်ခုအဖြစ်နော်ဝေး Telenor နှင့် ကာတာOoredooတို့ကိုရွေးချယ်ခဲ့ရာ နိုင်ငံခြားကုမ္ပဏီအချို့ နှင့် ဖက်စပ် လုပ်ကိုင်ရန် ကြိုးပမ်းခဲ့ကြသော ပြည်တွင်းခရိုနီကုမ္ပဏီအချို့ နောက်ကောက်ကျသွားခဲ့သည်ဟု ဆိုနိုင်သည်။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment