Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


အခြေခံဥပဒေ ကာချုပ်သဘောမတူလျှင် ပြင်မရနိုင်သော အနေအထားဖြစ်နေဟုဆို

လက်ရှိအခြေခံဥပဒေသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပေါ် လွှမ်းမိုးသက်ရောက်ခြင်းမရှိသည့် အပြင် ၎င်းအား အလွန်အမင်းအာဏာသက်နှင်းထားသော ဥပဒေဖြစ်ကြောင်း အခြေခံဥပဒေအား လေ့လာသုံးသပ်သည့် ဥပဒေပညာရှင် တရားလွှတ်တော်ချုပ် ရှေ့နေ့ဦးကိုနီက ပြောသည်။

“ ဒီအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်နဲ့ စစ်တပ်ဟာ ဥပဒေပြုရေးမှာလည်း ပါတယ်။ အုပ်ချုပ်ရေးမှာလည်း အရေးပါတဲ့ ဝန်ကြီးဌာန သုံးခုကို သူကဘဲကိုင်ထားတယ်။ တရားစီရင်ရေး မှာလည်း တပ်မတော်တရားစီရင်ရေးရဲ့ အကြီးဆုံးရာထူးကို ယူထားတယ်။ တပ်ကိစ္စဆို သမ္မတနဲ့ လွှတ်တော်က ဘာမှပြောလို့ မရတဲ့ သဘောသက်ရောက်နေတယ်။ အဲ့ဒါကြောင့် တပ်မတော်နဲ့ ကာကွယ်ရေးဦးစီးချုပ်ဟာ သမ္မတနဲ့လွှတ်တော်ရဲ့ အထက်မှာအထက်မှာ ရောက်နေပြီး ဥပဒေရဲ့လွှမ်းမိုးမှု ကိုမခံရဘူးလလို့ သက်ရောက်နေတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စမှာလည်း အဆင့်သုံးဆင့်ရှိပြီး လွှတ်တော်တွင်း အရပ်သားအမတ် များအားလုံး ထောက်ခံမည့်အပြင် တပ်မတော်သားကိုယ်စားလှယ် အနည်းဆုံးတစ်ဦးထောက်ခံမှသာ အခြေခံဥပဒေကို ပြင်ဆင်နိုင်ခွင့်ရှိသည့်အတွက် ကာကွယ်ရေးဦးစီးချုပ်သဘောတူလက်ခံမှသာ ပြင်ဆင်နိုင် မည့် သဘောသက်ရောက် နေကြောင်း သိရသည်။

“သန်း ၆၀ ကလက်ခံပြီးပြင်ချင်တယ်ဆိုရင်တောင် ဒီတစ်ယောက်သဘောမတူတာနဲ့ဘဲ ပြင်လို့မရတဲ့ အနေအထားမျိုး ဖြစ်နေတယ်” ဟုဦးကိုနီ ကပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတကာ ဒီမိုကရေစီစံနှုန်းတစ်ခုဖြစ်သည့် ပြည်သူများပါဝင်ရေးသား ထားသော အခြေခံဥပဒေမဟုတ်ခြင်း၊ နိုင်ငံတော်အာဏာ၏ မူလပိုင်ရှင်သည် ပြည်သူများဖြစ်သည်ဟု ရှင်းလင်းစွာရေး သားဖော်ပြထားခြင်း မရှိခြင်း စသည့်အချက်များကြောင့် ယင်းဥပဒေများဖြင့် စစ်မှန်သော ဒီမိုကရေစီစနစ်ကို မည်သို့မျှ မတည်ဆောက်နိုင်ကြောင်း ၎င်းကပြောကြားခဲ့သည်။

အခြေခံပဒေနှင့်ပတ်သတ်၍ ပြည်သူလူထုအား ဆွေးနွေးပညာပေးခြင်းလုပ်ငန်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဆောင်ရွက်နေပြီး ပြင်ဆင်ရန်နှင့် အသစ်ရေးဆွဲရန်အတွက် ပြည်သူ့သဘောထားများကို မေးမြန်း၍ ယခုနှစ် နိုဝင်ဘာလကုန်တွင် အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ သို့တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပညာပေးခြင်းကို ယခုလဆန်းပိုင်းမှ စတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုလကုန်ပိုင်းတွင် အပြီးသတ်ဆောင်ရွက်နိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက်နေကာ ပါတီ၏ပြင်ဆင်ရေးကော်မတီအဖွဲ့ဝင် ခုနှစ်ဦးက ဦးဆောင် ဆောင်ရွက်နေကြောင်း NLD မှပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးမှ ပြောကြားခဲ့သည်။

 YC


Technical  Team အဖွဲ့နှင့် ပလောင်(တအောင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( PSLF/ TNLA ) တို့ ငြိမ်းချမ်းရေးဆွေးနွေးမည်

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ Technical  Team အဖွဲ့နှင့် ပလောင် (တအောင်း ) အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( PSLF/ TNLA ) မှ တာဝန်ရှိသူများသည် အောက်တိုဘာ ၁၄ ရက်(ယနေ့)၌ ရှမ်းပြည်နယ် မူဆယ်မြို့ရှိ ရွှေလီရတနာခန်းမတွင် ထပ်မံ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသည် နှစ်ဖက်အကြား ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် အကြိုညှိ နှိုင်းဆွေးနွေးပွဲဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက ပြောဆိုခဲ့သည်။

သို့သော် ( PSLF/ TNLA ) ဘက်မှ အစိုးရနှင့် ၄င်းတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ  နောက်ထပ်တစ်ကြိမ် ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းဆဲအခြေအနတွင်သာရှိကြောင်း  ပလောင်(တအောင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် ၏ သတင်းနှင့် ပြန်ကြားရေးဌာနမှ သိရသည်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တို့သည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်က ရှမ်းပြည်နယ် မူဆယ်မြို့တွင် ပထမအကြိမ် ပြည်နယ်အဆင့်တွေ့ဆုံဆွေးနွေးပွဲတွင် ပလောင်(တအောင်း)ဒေသတွင် တိုက်ပွဲများ ဆက်လက်မဖြစ်ပွားစေရေး နှစ်ဖက်ညှိနှိုင်းလုပ်ဆောင်ရေး၊ နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံးကျင်းပနိုင်ရေး၊ နောက်တစ်ကြိမ် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရေးနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး အားလုံးပါ ဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးတို့ကို နှစ်ဖက်ခေါင်းဆောင်များက သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲ ပြီးနောက်ပိုင်း ပြီးခဲ့သည့် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း မြန်မာအစိုးရတပ်များနှင့် TNLA  တို့အကြား နှစ်လကျော်ကာလအတွင်း နှစ်ဖက်တိုက်ပွဲများ ၃၀ ကျော် ဖြစ်ပွားခဲ့ကြောင်း  မြန်မာငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာနေသည့် Myanmar Peace Minitor ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာတပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသော  ပလောင်(တအောင်း) အမျိုးသားလွတ်မြောတ်ရေး တပ်မတော်(PSLF/TNLA)  တို့နှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရေးအတွက်         ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း  ဇွန်လ ၂၈ ရက်တွင် ပြည်သူ့လွှတ်တော်တွင် ပြောဆိုခဲ့ကြောင်း သိရသည်။

YC


ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ သုံးရက်ကြာ အစည်းအဝေးမှ ကြေညာချက်ထုတ်ပြန်

နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အကျေအလည် ဖြေရှင်းရေးကို အာမခံရေး ဆိုသည့် အချက်များ အပါအဝင် တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးအတွက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ၎င်းတို့၏ လိုလားချက်များကို အောက်တိုဘာလ ၇ ရက်မှ ၉ ရက်နေ့ အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သော UNFC ၏ အရေးပေါ်ကောင်စီ အစည်းအဝေး မှ ဆုံး ဖြတ်ချက် ချမှတ်ကာ ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးမှ တစ်ပြည်လုံး အပစ်ခတ် ရပ်စဲရေး လက်မှတ်မထိုးမီ သဘောတူထားရမည့် အချက် များ ၊ လက်မှတ်ထိုးမည့် စာချုပ်တွင် ပါဝင်ရမည့် အချက်များ ၊ သဘောတူစာချုပ် လက်မှတ်ရေးထိုးရာတွင် ပါ ဝင်ရမည့် ပုဂ္ဂိုလ်များဟူ၍ အုပ်စု သုံးခုခွဲကာ မူဘောင် ချမှတ်နိုင်ခဲ့ပြီး သက်သေများအဖြစ် လက်မှတ်ရေးထိုးမှု ဆောင်ရွက်ရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်  နှင့် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ အပါအဝင် UNA ဥက္ကဋ္ဌ ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတကာ ခေါင်းဆောင်များ၊ UNFC ဥက္ကဋ္ဌ၊ UNFC အဖွဲ့ဝင်များ၏ ဥက္ကဋ္ဌများ (သို့မဟုတ်) ဒုဥက္ကဋ္ဌများ (သို့မဟုတ်) အတွင်းရေးမှူးများ၊ UNFC အဖွဲ့ ဝင် မဟုတ်သော လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ (သို့မဟုတ်) ဒုဥက္ကဋ္ဌများ (သို့မ ဟုတ်) အတွင်းရေးမှူးများနှင့် အခြား ပါဝင်သင့် ပါဝင်ထိုက်သည်ဟု ပုဂ္ဂိုလ်များ ပါဝင် လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားချက် အရ သိရှိရသည်။

တစ်ပြည်လုံး အပစ်အခတ်ရပ် လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စ နှင့် ပတ်သက်၍ လက်မှတ် မရေးထိုးမီတွင် ယခု အစည်းအဝေးမှ ချမှတ်ခဲ့သော မူဘောင် (၃) ရပ်အား အစိုးရ နှင့် သဘောတူညီမှု ရရန် လုပ်ဆောင်သွားမည် ဖြစ် ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောကြားသည်။

“ဒါကို အစိုးရ နဲ့ ညှိရဦးမယ်။ ဒီသုံးချက်ပေါ်ကို သဘောတူညီမှု ရရင် တကယ် ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး ဖြစ်မယ်။ အဲဒီမှာ နိုင်ငံရေး ဆွေးနွေးမှုဆိုတာလည်း သေချာပေါက် ဖြစ်လာမယ်”ဟု နိုင်ဟံသာက ပြော ကြားသည်။

လက်မှတ်ရေးထိုး မပြုလုပ်မီ လိုအပ်သော အချက်များအဖြစ် စစ်ရေးပိုင်း ဆိုင်ရာတွင် တပ်နေရာ ချထားရေး ၊ နှစ်ဖက်တပ် လှုပ်ရှားမှုများ သတ်မှတ်ထားရှိရေး ၊ Nationwide Ceasefire Accord (မူကြမ်း) ကို နှစ်ဖက် ကြို တင်လေ့ လာ ညှိနှိုင်းထားပြီး ရေးသားထားရန် နှင့် လက်မှတ်ရေးထိုးရာတွင် သမ္မတ ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ၊ ကာကွယ်ရေး ဦးစီးချုပ် နှင့် တရားသူကြီးတို့ ပါဝင် လက်မှတ်ရေးထိုးရမည် ဖြစ်ပြီး အဆိုပါ ငါးဦးမှ တစ်ဦးဦး ပျက်ကွက်ပါက သဘောတူညီချက် အထမြောက်မည် မဟုတ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဆက်လက် ဖော်ပြထားချက်အရ သိရှိရသည်။

ထို့ပြင် လက်မှတ်ရေးထိုးပွဲတွင် အဓိက ပါဝင်ရမည့် အချက်များ အဖြစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကို ဒီမိုကရေစီ ဖက်ဒရယ် အခြေခံမူများ နှင့် အညီ တည်ဆောက်သွားရန် ၊ ပြည်ထောင်စု အဖွဲ့ဝင် အမျိုးသား အခြေခံ ပြည်နယ်များ၏ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးကို အာမခံရေး ၊ ဖက်ဒရယ် ပြည် ထောင်စု ကာကွယ်ရေး တပ်မတော် ဖွဲ့စည်းတည်ဆောက်သွားရေး ၊ လက်မှတ်ရေးထိုးပွဲ ပြီးသည့်နောက် ရက်ပေါင်း ၃ဝ အတွင်း နိုင်ငံရေးဆွေးနွေးပွဲအတွက် အခြေခံမူဘောင်များကို ဆွေးနွေးညှိနှိုင်းပြီး သဘော တူညီချက် ရယူကာ သဘောတူညီ ပြီးသော အခြေခံမူဘောင်နှင့် အညီ လွှတ်တော်ပြင်ပတွင် နိုင်ငံရေး ဆွေးနွေး ပွဲကို ဆက်လက် ကျင်းပရန် ၊ လက်မှတ်ရေးထိုးပြီး အချိန်ပိုင်းတွင်းမှာပင် တိုင်းရင်းသား လက်နက်ကိုင်၊ တော်လှန်ရေး အဖွဲ့အစည်းများကို မတရား အသင်း ကြေညာထားခြင်းမှ ရုပ်သိမ်းပေးရေးကို ၁၅ ရက်အတွင်း ဥပဒေကြောင်းအရ  တရားဝင် ထုတ်ပြန်ကြေညာပေး ရန်တို့ကို ပါဝင်ကြောင်း သိရှိရသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် အပစ်အခတ် ရပ်စဲရေး သဘောတူ ထားသည့် အဖွဲ့ ခြောက်ဖွဲ့ ၊ ကေအိုင်အေ အပါအဝင် ဆွေးနွေးဆဲ အဖွဲ့ နှစ်ဖွဲ့နှင့် ဆွေးနွေးမှု မပြုလုပ်ရသေး သောအဖွဲ့ စသည်ဖြင့် တိုင်းရင်းသားလက်နက်ကိုင် ၁၁ ဖွဲ့ ပါဝင်ကြောင်း သိရှိရသည်။

UNFC သည် ယခုကျင်းပသည့် အစည်းအဝေးတွင် မြန်မာ အမျိုးသားဒီမိုကရေစီတပ်မတော် (MNDAA) (ကိုးကန့်) အဖွဲ့ကို အဖွဲ့ဝင်သစ်အဖြစ် လက်ခံခဲ့ကြောင်း သိရှိရသည်။

 YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment