Transparency Myanmar

transparency.myanmar@gmail.com

International Media (1)
Document

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ (၁)

အာဆီယံဥက္ကဋ္ဌဖြစ်လာမည့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကိစ္စ ဆွေးနွေးရန် ကုလအကြီးအကဲ နှင့် မြန်မာ သမ္မတ တွေ့ဆုံမည်

(Shanghai DailY မှ  10 Oct  2013 ရက်စွဲပါ  “UN chief to meet with Myanmar president to discuss human rights as ASEAN chair ” သတင်းကို ဘာသာပြန်ဆိုသည်)

၂၀၁၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ယူတော့မည့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အနေအထားကို ဆွေးနွေးရန် ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် မြန်မာသမ္မတဦးသိန်းစိန်တို့ ဘရူနိုင်း နိုင်ငံတွင် တွေ့ဆုံကြလိမ့်မည်ဟု တာဝန်ရှိသူတစ်ဦးက ကြာသာပတေးနေ့တွင် ပြောကြားသည်။

မြန်မာနိုင်ငံသည်  ၂၃ ကြိမ်မြောက် အာဆီယံထိပ်သီး ညီလာခံအပြီး ကြာသာပတေးနေ့တွင် ဘရူနိုင်းနိုင်ငံထံမှ အာဆီယံဥက္ကဋ္ဌနေရာကို  လွှဲပြောင်းရယူမည်ဖြစ်သော်လည်း တရားဝင်လုပ်ငန်းတာဝန်များကိုမူ  ၂၀၁၄ ဇန်နဝါရီ ၁ ရက်တွင်  စတင်မည်ဖြစ်သည်။

အာဆီယံထိပ်သီးညီလာခံ အဝန်းအဝိုင်းတွင်  မီဒီယာများအား ပြောကြားရာတွင်  ဘန်ကီမွန်းက “မြန်မာနိုင်ငံ၌ မွတ်ဆလင် လူနည်းစုအပေါ် မတရားဆက်ဆံမှုများနှင့်  ပတ်သက်၍  စိုးရိမ်စရာများ ရှိနေကြောင်းနှင့် ဆက်လက်ထိ တွေ့ညှိနှိုင်းဆောင်ရွက်ရန် အရေးကြီးကြောင်း ” ပြောဆိုခဲ့သည်။

နောက်တက်မည့် အာဆီယံဥက္ကဋ္ဌနှင့် ကုလသမဂ္ဂ ထိတွေ့ဆောင်ရွက်မှု အစီအစဉ်အနေဖြင့် သောကြာနေ မနက်တွင်  မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဟု ဘန်ကီမွန်းကဆိုပါသည်။

“မြန်မာနိုင်ငံဟာ မကြုံစဖူး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်နေပါတယ်။ ကုလသမဂ္ဂကလည်း အပြည့်အဝ ထောက်ခံအားပေးနေပါတယ်။ ဒါပေမယ့် ဖြစ်ပွားနေဆဲ လူမျိုးရေး အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်နေရတုန်းပါပဲ ” ဟု ဘန်ကီမွန်းက သတင်းထောက်များအား ပြောကြားသည်။

“ဒီပြဿနာတွေဖြစ်ပေါ်စေတဲ့ အကြောင်းရင်းအားလုံးကို မခြွင်းမချန် ဖြေရှင်းကြပါလို့ မြန်မာအစိုးရနဲ့ လူထု အသိုင်းအဝိုင်း အားလုံးကို တိုက်တွန်းပါတယ်။ နိုင်ငံတွင်း နေထိုင်သူအုပ်စုအားလုံး လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး လုံခြုံစိတ်ချရတဲ့ ခံစားမှုမျိုးရှိနေမှသာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်  အောင်မြင်နိုင်မှာ ဖြစ်ပါတယ် ” ဟု ၄င်းက ဆက်လက်ပြောကြားသည်။

အထွေထွေအတွင်းရေးမှူးချုပ်က ဆက်လက်၍ “ကုလသမဂ္ဂသည် ၂၀၁၄ အာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံနှင့် အတူတကွ  ပူးပေါင်းလုပ်ဆောင်သွားရန်  မျှော်လင့်ထားကြောင်းနှင့်  ၂၀၁၂ နောက်ပိုင်း ပေါ်ထွက်လာသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ အရေးကြီးကြောင်း ” ရည်ညွှန်းပြောဆိုသည်။

“အာဆီယံက အပ်နှင်းတဲ့ ဥက္ကဋ္ဌတာဝန်ဟာ  မြန်မာအစိုးရရဲ့  ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ကြိုးစားလုပ် ဆောင်နေမှုကို  အသိအမှတ်ပြုတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက်  အခွင့်အလမ်းတွေကို  ကျွန်တော်တို့ ဖြည့်ဆည်း ပေးရပါလိမ့်မယ်။ နိုင်ငံရေးလွတ်လပ်ခွင့် တိုးမြင့်လာမှုနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေဟာ အထင်ကရ တိုးတက် ပြောင်းလဲလာတဲ့  အရာနှစ်ခုဖြစ်ပါတယ်။ အားလုံးပါဝင်ကူညီနေကြတဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ကုလသမဂ္ဂ က အပြည့်အဝ အားပေးသွားမှာပါ ” ဟု ဘန်ကီမွန်းက ဆက်လက်ပြောကြားခဲ့သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment