Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂) 

မြန်မာသတ္တုတွင်းဥပဒေ ပြင်ဆင်ရေးဆွဲရန် စီစဉ်

(Mining News မှ 13 Oct 2013 ရက်စွဲပါ “Sweeping changes to Myanmar mining laws planned” သတင်းကို ဘာသာပြန်ဆိုပါသည်)

မြန်မာနိုင်ငံ၏ ၁၉၉၄ သတ္တုတွင်းဥပဒေကို ပြင်ဆင်ရေးဆွဲရန် စီစဉ်နေပြီဖြစ်ရာ လက်ရှိဥပဒေ၏ ၇၀ ရာခိုင်နှုန်း ခန့် ပြောင်းလဲသွားနိုင်သည်ဟု အစိုးရတာဝန်ရှိသူတစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားသည်။

ယနေ့ကမ္ဘာတွင် ဖွံ့ဖြိုးမှုမရှိသလောက်နီးပါးဖြစ်နေသော မြန်မာနိုင်ငံတွင်ကြီးမားသော ရေနံနှင့် ဓါတ်ငွေ့သိုက် များအပြင် ရွှေ၊ တန်စတင်၊ ကြေးနီ၊ နီကယ်၊ သံဖြူ၊ လီသီယမ် အပါအဝင် သတ္တုသယံဇာတများ၊ တန်ဖိုးကြီး ကျောက်မျက် သယံဇာတများလည်း အမြောက်အများရှိနေသည်။

ယခုအခါ မြန်မာနိုင်ငံတွင် ယခင် စစ်ဖက်အုပ်ချုပ်သူ အာဏာပိုင်များက နိုင်ငံရေး၊ စီးပွားရေး လက်ဝါးကြီးအုပ် ချုပ်ကိုင်မှုများကို ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း ဖြေလျှော့ပေးနေပြီ ဖြစ်သောကြောင့် ကမ္ဘာတစ်လွှားမှ ရေနံနှင့် သတ္တုရှာဖွေသော ကုမ္ပဏီများ အထူးစိတ်ဝင်စားလျက်ရှိသည်။

သို့ရာတွင် အဆိုပါ အားတက်သရော စိတ်ဝင်စားမှုများမှာ မြန်မာနိုင်ငံတွင် စီမံခန့်ခွဲမှုစွမ်းရည်ချို့တဲ့ခြင်း၊ ဥပဒေ စည်းကမ်း၊ အားနည်းခြင်း၊ အခြေခံအဆောက်အဦးစနစ်ပျက်စီးနေခြင်းတို့ကြောင့် တစ်စထက်တစ်စ လျော့လာနေသည်။

ထို့အပြင် မြန်မာစစ်တပ်ပိုင်ကုမ္ပဏီနှင့် တရုတ်လက်နက်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေသော လက်ပံတောင်း တောင်ကြေးနီစီမံကိန်းတွင် မနှစ်က ဆန္ဒပြသူများအား အကြမ်းဖက်နှိမ်နင်းခဲ့မှုကြောင့် ကျယ်ကျယ် ပြန့်ပြန့် ပြစ်တင်ဝေဖန်မှုများ ပေါ်ထွက်လာစေခဲ့သည်။

ယခု ပြင်ဆင်ရန် အဆိုပြုထားသော ဥပဒေများသည် တပ်မတော်အစိုးရလက်ထက်က လက်မှတ်ထိုးခဲ့သည့် လက်ပံတောင်း ကြေးနီစီမံကိန်းကဲ့သို့သောစီမံကိန်းများအပေါ် သက်ရောက်နိုင်ဖွယ်မရှိသော်လည်း သယံဇာတ ရှာဖွေရေး ကဏ္ဍသို့ နောက်ထပ်ဝင်လာကြမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုလွယ်ကူသွားစေလိမ့် မည်ဟု Myanmar Times က တနင်္ဂနွေနေ့တွင်  ခန့်မှန်းရေးသားထားသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံခြားသတ္တုတွင်းကုမ္ပဏီများအတွက် အကြီးမားဆုံး အဟန့်အတား တစ်ခုမှာ သတ္တုတွင်းဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ကုမ္ပဏီအကြား ချုပ်ဆိုရသော ထုတ်လုပ်ခွဲဝေမှုဆိုင်ရာ ကန်ထရိုက် စာချုပ်ဖြစ်သည်။

လက်ရှိ သတ္တုတွင်းဥပဒေအရ သတ္တုတွင်းဝန်ကြီးဌာနသည် အစုရှယ်ယာထည့်ဝင်ခြင်းမရှိသော လုပ်ငန်း ပါတနာ အဖြစ် ပါဝင်ခွင့်ရှိပြီး ထွက်ရှိလာသော သယံဇာတ ၃၀ ရာခိုင်နှုန်းနှင့်ဆိုင်ရာအမြတ်ခွန်များ မူပိုင်ကြေးများ၊ ငှားရမ်းခများကိုပါ ရယူပိုင်ဆိုင်ခွင့်ရှိနေသည်။

နိုင်ငံခြား ကုမ္ပဏီများ နောက်ထပ်ပူပန်ရသော ကိစ္စတစ်ခုမှာ သတ္တုရိုင်း၊ ရွှေ၊ ကျောက်မီးသွေး တင်ပို့မှု ပိတ်ပင် ထားသော ဥပဒေဖြစ်ပြီး၊ နိုင်ငံအတွင်း၌သာ သန့်စင်မှုပြုလုပ်ရန် စီမံထားသောကိုယ်ကျိုးစီးပွား ကာကွယ်ရေး အစီအစဉ် တစ်ခုဖြစ်သည်။

ထို့အပြင် ကုမ္ပဏီများအတွက် စီမံကိန်းအဆင့်တစ်ခုမှ တစ်ခုသို့ ကူးပြောင်းရာတွင် ကန်ထရိုက်စာချုပ်သစ် မလိုပဲ လုပ်ဆောင်နိုင်စွမ်းနှင့် ပတ်သက်သည့် အခြားကိစ္စရပ်များလည်း ရှိသေးသည်ဟု သိရှိရသည်။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment