Transparency Myanmar

transparency.myanmar@gmail.com

International Media (3)
Document

Snapshot of the item below:
International Media (3)

ဘာသာပြန်သတင်းများ (၃)

မြန်မာနိုင်ငံသည် အာဆီယံဥက္ကဌအဖြစ် တာဝန်ယူစဉ်တစ်နှစ်တာအတွင်း အစည်းအဝေးပေါင်း ၁၀၀၀ ခန့် လက်ခံကျင်းပရမည်

(11 Oct 2013 ရက်စွဲပါ Foreign Policy မှ Catherine A Traywick ရေးသားသော As New ASEAN chair, Myanmar braces for year of 1000 meeting ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ကြာသာပတေးနေ့က ဘရူနိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဌရာထူးနေရာ အတွက် လက်ခံရယူခဲ့ပါသည်။ ၂၀၀၆ ခုနှစ်က စစ်အစိုးရလက်ထက်တွင် ဒီမိုကရေစီကို ဖော်ဆောင်ခြင်းမရှိမှု အပေါ် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ဖိအားများပေးခြင်းကြောင့် ဥက္ကဌရာထူးကို ရယူနိုင်ခြင်းမရှိခဲ့ပေ။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှအသင်းကြီး၏ ဥက္ကဌအနေဖြင့် ၂၀၁၄ ခုနှစ် အာဆီယံထိပ်သီး အစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံ ကျင်းပရမည်ဖြစ်ပါသည်။ ၎င်းမှာ နှစ်စဉ်ကျင်းပသော အစည်းအဝေးဖြစ်ပြီး ထောင်ပေါင်းများစွာသော ကိုယ်စားလှယ်များ နှင့် သတင်းစာဆရာများ လာရောက်မည် ဖြစ်ပါသည်။ ၎င်းတို့သည် လာလတ္တံသော အစည်းအဝေးပေါင်း ၁၀၀၀ ခန့်ကို လည်း တက်ရောက်ကြမည် ဖြစ်ပါသည်။

သို့သော် အခြေခံအဆောက်အဦးများ ချူချာလှသော မြန်မာနိုင်ငံသည် ဝင်ထွက်သွားလာကြမည့် ဧည့်သည် များကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ပါမည်လော။ယခုနှစ် နေပြည်တော်တွင် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို လက်ခံကျင်းပစဉ်က ၎င်း၏ အခြေခံအဆောက်အဦးနှင့် ပတ်သက်သော ပြဿနာများ၏ ဆိုးရွားသော အခြေအနေကို အားလုံးက မြင်တွေ့ခဲ့ ရပါသည်။ ပထမဆုံး မြင်တွေ့ရသော အချက်မှာ လွန်ခဲ့သော  ခုနှစ်နှစ်ကမှ ဆောက်လုပ်ခဲ့သော နေပြည်တော်တွင် နိုင်ငံတကာလေဆိပ်မှ နာရီအတန်ကြာဝေးကွာနေခြင်း ဖြစ်ပါသည်။ ရောက်ရှိလာသူများ အတွက်လည်း ဟိုတယ်ခန်း လုံလောက်မှုမရှိခြင်း (နေပြည်တော်သည် အခန်း ၃၀၀၀ သာပေးနိုင်ပါသည်) ဟော်တယ်များမှာ ATM စက်များ တပ်ဆင်နေဆဲဖြစ်သည်ကို တွေ့ခဲ့ကြရပါသည်။ ထို့ကြောင့် ဧည့်သည်များမှာ နှစ်နာရီခန့်ဝေးကွာသော ရန်ကုန်မြို့တွင် သာ နေထိုင်နေရခြင်းများ ရှိပါသည်။ (ယခုနှစ် အာဆီယံထိပ်သီးအစည်းဝေးကို ဘရူနိုင်းတွင် ကျင်းပရာ ဘရူနိုင်းရှိ ဟို ယ်ပေါင်း ၂၀၀၀ ရှိ အခန်းများသည် လာရောက်သော ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ ဝန်ထမ်း များကို ကောင်းစွာလက်ခံထားနိုင်သည့် အနေအထားတွင် ရှိပါသည်)။ မကြာခဏ မီးပြတ်တောက်ခြင်းနှင့် အင်တာနက်ဆက်သွယ်ရေးများကလည်း ဖိုရမ်အပေါ်အများယုံကြည်မှု ယုတ်လျော့စေခဲ့ပါသည်။

အဆိုပါ ကိစ္စရပ်များသည် မြန်မာနိုင်ငံတွင် အာဆီယံထိပ်သီးအစည်းအဝေးကျင်းပမည့် အချိန်အတွင်း ကောင်း လာနိုင်ဖွယ်ရာမရှိပေ။ မြန်မာနိုင်ငံ၌ လျှပ်စစ်မီးနှင့်အင်တာနက်တို့သည် ယုံကြည်စိတ်ချရခြင်း မရှိသည့် အခြေအနေတွင်ပင် ရှိနေပါသေးသည်။

ထို့ကြောင့်ပင် NGO အများစုသည် အင်တာနက်အဆက်မပြတ်ရနိုင်သော ဈေးကြီးသည့် ဟော်တယ်များတွင် သာ ၎င်းတို့၏ ရုံးခန်းများကို ငှားရမ်းထားခြင်း ဖြစ်ပုံရပါသည်။ ဥပမာအားဖြင့် မကြာမီက အထိပင် ကုလသမဂ္ဂ ရော၊ နိုင်ငံတကာအလုပ်သမားအဖွဲ့ ကရော ၎င်းတို့၏ ရုံးများကို ရန်ကုန်ရှိ Traders ဟိုတယ်တွင် ဖွင့်လှစ်ထား ခဲ့ပါသည်။ ဟိုတယ်ကလည်း တိုးလာသော ဧည့်သည်များကြောင့် ဟိုတယ်အခန်းခများ ဈေးတက်လာခြင်းကို အကြောင်းပြု၍ ရုံးခန်းများကို နှင်ထုတ်နေပါသည်။ ဟိုတယ်များ ထပ်မံဆောက်လုပ်နေသော်လည်း အခန်း လိုအပ်ချက်ကရှိနေဦးမည် ဖြစ်ပါသည်။ ၂၀၁၃ ခု အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အာဆီယံဥက္ကဌ အဖြစ်ကြောင့် လာရောက်မည့်သူများအပြင် လာမည့်နှစ်တွင် ဧည့်သည်တစ်သန်းကျော် လာရောက်နိုင်သည်ဟု အစိုးရက မျှော်လင့်နေပါသည်။ အားကစားသမား (၇၀၀၀) ကျော်လာရောက်ယှဉ်ပြိုင်မည့် အရှေ့တောင်အာရှ အားကစားပွဲသည် တိုင်းပြည်၏ ခရီးသွားကဏ္ဍအပေါ် ကိုင်တွယ်နိုင်မည့်စွမ်းရည်ကို အမှန်တကယ် စမ်းသပ်မှု တစ်ခုဖြစ်လိမ့်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ခရီးသွားဝန်ကြီးကလည်း အဆိုပါ ပွဲတော်များအတွင်း ဟိုတယ် အခန်းခများနှင့် ပတ်သက်သော အစိုးရသတ်မှတ်ချက်များ ထားရှိရန်တောင်းဆိုခဲ့ပါသည်။ ဟိုတယ်ခန်း ဈေးနှုန်းကြီးမြင့်မှုများသည် အနာဂတ်ခရီးသွားကဏ္ဍအတွက် အတားအဆီး ဖြစ်ပါသည်။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment