Transparency Myanmar

transparency.myanmar@gmail.com

International Media (1)
Document

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ (၁)

ဗီယက်နမ် နှင့် မြန်မာ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပြု

(Thanh  Nien News မှ  8 Oct 2013  ရက်စွဲပါ “ Vietnam , Myanmar Waive visas for each other ” သတင်းကို ဘာသာပြန်ဆိုသည်)

ဗီယက်နမ် နှင့် မြန်မာ နှစ်နိုင်ငံအကြား ရိုးရိုး ပတ်စ်ပို့ ကိုင်ဆောင်သူများအတွက်  ဗီဇာကင်းလွတ်ခွင့် ဆိုင်ရာ သဘောတူညီမှုသည် အောက်တိုဘာ  ၂၆ ရက်တွင် စတင်အကြုံးဝင် သက်ရောက်မည်ဖြစ်ရာ ဗီယက်နမ်နှင့် မြန်မာနိုင်ငံသား များ ဗီဇာမလိုဘဲ  အပြန်အလှန် သွားလာနိုင်တော့မည်ဟု အစိုးရသတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

၎င်းသဘောတူညီချက်အရ ဗီဇာသက်တမ်း အနည်းဆုံး ၆လ ကျန်ရှိသော ရိုးရိုးပတ်စ်ပို့ ကိုင်ဆောင်သူ  နိုင်ငံသားများသည် အဝင်၊ အထွက် ဗီဇာကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပြီး ခေတ္တတစ်ထောက်နားသည့် ထရန်စစ်ဗီဇာအနေဖြင့် နှစ်နိုင်ငံစလုံးတွင်  ၁၄ ရက် နေထိုင်ခွင့် ရရှိမည် ဖြစ်သည်။

၁၄ ရက်ထက် ပိုမိုနေထိုင်သူများအနေဖြင့် ဗီဇာလျှောက်ထားရန် လိုသည်ဟု သိရှိရသည်။ အဆိုပါ ဗီယက်နမ်နှင့် မြန်မာ အကြား ရိုးရိုး(သာမန်) ပတ်စ်ပို့ ကိုင်းဆောင်သူများ ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူညီချက်ကို စက်တင်ဘာ ၂၇ ရက် နေ့က နယူးယောက်မြို့တွင်  ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး ဖန်ဘင်မင်းနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ နှစ်ဦး လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဗီယက်နမ် ပတ်စ်ပို့ ကိုင်ဆောင်သူများသည် အာဆီယံဒေသတွင်း ကိုးနိုင်ငံသို့ ဗီဇာမလိုဘဲ သွားရောက် နိုင်ကြပြီဖြစ်သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment