Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဗုံးခွဲတဲ့အဖွဲ့အစည်းဆိုတော့ ဗုံးတွေနဲ့ နီးစပ်တဲ့ အဖွဲ့အစည်းတွေပဲပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် ဒါမျိုးကတော့ မဖြစ်သင့်တဲ့၊ မလုပ်သင့်တဲ့ လုပ်ရပ်လို့ပဲ ကျွန်တော်မြင်ပါတယ်။ စနစ်ပြောင်းလဲရေးမှာလည်း အထောက်အကူ မဖြစ်ဘူးလို့မြင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့လည်း မပတ်သက်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ကြသ လဲ ဆိုတာကတော့ လုပ်တဲ့သူတွေပဲ သိပါလိမ့်မယ်။”

အောက်တိုဘာလ ၁၈ ရက်နေ့ထုတ် မြန်မာတိုင်းမ် ဂျာနယ် အတွဲ (၃၃) အမှတ် (၆၃၄) တွင်ပါရှိသော “ဗုံးပေါက်ကွဲ မှုများကို လွှတ်တော်ကိုယ်စားလှယ်များ ရှုတ်ချ” သတင်းမှ ပြည်ခိုင်ဖြိုးပါတီ၏ ဒုတိယဥက္ကဌ ဦးဌေးဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဖွဲ့စည်းပုံပြင်တာ၊ မပြင်တာတို့နဲ့ မဆိုင်ပါဘူး။ ဘယ် အစိုးရတက်တက် ကိုယ့်ထမင်းကိုယ်ရှာစားရတာပဲလို့ မပြောပါနဲ့။ အစိုးရမကောင်းရင် ကိုယ့်ထမင်းကိုယ်ရှာစားဖို့တောင် မရပါဘူး။ အဲဒီတော့ ဒီဖွဲ့စည်းပုံ ဥပဒေနဲ့ ဒီအစိုးရကို ပြည်သူက မထိန်းကျောင်းဘူးဆိုရင် ဒီမိုကရေစီကို အနံတောင်ရှုလို့ရမှာ မဟုတ်ဘူး။ နိုင်ငံတော်သမ္မတက အများဆန္ဒရှိရင် ပြင်သင့်တာ ပြင်မယ်လို့ ပြောထားပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ကော်မတီကိုလည်း ၁၀၉ ယောက်နဲ့ ဖွဲ့စည်းပေး ထားပါပြီ။ အဲဒီတော့ ပြင်ဆင်မှဖြစ်ပါမယ်။ အဖုံးချန်ပြီး ကျန်တာ အကုန်ပြင်သင့်ရင် ပြင်ရပါမယ်။”

အောက်တိုဘာလ ၂၀ ရက်နေ့ထုတ် The Reporter Journal အမှတ် (၄၂) တွင်ပါရှိသော “ဒီဖွဲ့စည်းပုံနဲ့ ဒီအစိုးရကို ပြည်သူက မထိန်းကျောင်းဘူးဆိုရင် ဒီမိုကရေစီကို အနံတောင်ရှူလို့ရမှာ မဟုတ်ဘူး” သတင်းမှ နိုင်ငံရေးဆောင်းပါးများရေးသားသူ ဆရာထင်လင်ဦး ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ရတနာနဲ့ ရဲတံခွန် သဘာဝဓါတ်ငွေ့စီမံကိန်းတွေက ထိုင်းကို သဘာဝဓါတ်ငွေ့တင်ပို့တာ စပို့တဲ့ခုနှစ်တွေမှာ အမေရိကန်ဒေါ်လာ ၈၀၀ မီလျံလောက်ရတယ်။ ၂၀၀၆-၂၀၀၇ ဘဏ္ဍာနှစ်မှာ နှစ်ဘီလျံလောက် ဖြစ်လာပြီး၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ သုံးဘီလျံနီးပါး ဖြစ်လာပါတယ်။ တစ်နှစ်ကို အဲဒီလောက်အထိ ငွေတွေရနေတာပါ။ အဲဒီငွေတွေ ဘယ်ရောက်သွားသလဲ။ ပြည်သူတွေအတွက် အကျိုးရှိတာတွေ၊ တိုင်းပြည်တိုးတက်တာတွေ မရှိခဲ့ပါဘူး။”

အောက်တိုဘာလ ၁၉ ရက်နေ့ထုတ် Trade Time Journal အတွဲ (၂) အမှတ် (၇၉) တွင်ပါရှိသော “မြန်မာ့ သယံဇာတအကျိုးကျေးဇူးကို ယခုထိပြည်သူများ မခံစားရသေး” သတင်းမှ ရွှေသဘာဝဓါတ်ငွေ့လှုပ်ရှား မှုအဖွဲ့ တာဝန်ခံဦးဝင်းအောင် ၏ပြောကြားချက်အားကောက်နှုတ်ချက်။


“ဝန်ကြီးဌာနတွေအနေနဲ့ လယ်သမားတွေအတွက် ဆည်တွေဆောက်နေပေမယ့် လယ်သမားတွေအတွက် တကယ်အကျိုး ရှိမယ့် အခြေအနေ ရောက်မလာဘူး။ တချို့ဆည်တွေက ရေခမ်းပြီး မြစ်ရေလဲတက်လာရော ဆည်ကရေလျှံပြီး လယ်တွေ ပျက်စီးကုန်တယ်။ လယ်ယာဖွံ့ဖြိုးဖို့လုပ်ဆောင်နေတဲ့ ဝန်ကြီးဌာနတွေက နိုင်ငံတော်ရဲ့ ငွေတွေကို ဒီလိုမြေယာ၊ ရေစီမံခန့်ခွဲ မှုတွေကို သေခာမလုပ်ဘူးဆိုရင် လယ်သမားတွေ မွဲပြီးရင်း မွဲမယ်။”

အောက်တိုဘာလ ၁၇ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၉) အမှတ် (၁၆) တွင်ပါရှိသော “လယ်ယာ ဖွံ့ဖြိုးရေးအတွက် ဘတ်ဂျတ်များ စနစ်တကျမသုံးစွဲပါက လယ်သမားများ မွဲပြီးရင်းမွဲနေဦးမည်ဟု စိုက်ပျိုးရေး ပညာရှင် ပြောကြား” သတင်းမှ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ စိုက်ပျိုးရေး အကြံပေး ပညာရှင် ဒေါက်တာ ထွန်းဝင်း ၏ပြောကြားချက်အားကောက်နှုတ်ချက်။


 

“အခု သူတို့တွေအနေနဲ့ လေ့လာဆန်းစစ်မှုတွေလုပ်နေတယ်လို့ သိရတယ်။ တိုက်တေနီယမ် သတ္တုထွက် တယ်ဆိုတာ ရသေ့တောင်၊ မောင်တောတစ်ခုထဲမှာမှ မဟုတ်ပါဘူး။ မင်းပုဂံမှာပါတယ်။ သူတို့ ဒီလိုလာလုပ်တယ်ဆိုရင် သဘာဝ ပတ်ဝန်းကျင်ထိခိုက်လား၊ မထိခိုက်ဘူးလားဆိုတာ အရင်ဆန်းစစ်သင့်တယ်။ အဲဒီလိုမှ မဟုတ်ပဲ သူတို့တိုင်းပြည်မှာ မရှိတဲ့ ဓါတ်သတ္တုကို မြန်မာနိုင်ငံမှာလာတူးပြီး မြန်မာနိုင်ငံဘာဖြစ်ဖြစ် စိတ်ဓါတ်နဲ့တူးရင် လက်မခံနိုင်ဘူး။”

အောက်တိုဘာလ ၁၈ ရက်နေ့ထုတ် Hot News Journal အတွဲ (၄) အမှတ် (၁၆၂) တွင်ပါရှိသော “ပြည်ထောင် စု အစိုးရက တိုက်ရိုက်လုပ်တဲ့ စီမံကိန်း ပြည်နယ်အစိုးရမသိဖြစ်နေ” သတင်းမှ ရခိုင်ပြည်နယ် ကျောက်တောမြို့ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာစိန်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment