Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂) 

စစ်ဖက်ဆက်ဆံရေးမြှင့်တင်ရန် တရုတ်နှင့် မြန်မာ ကတိပြု

(Xinhua မှ 15 Oct 2013 ရက်စွဲပါ “China, Myanmar pledge to enhance military ties” သတင်းကို ဘာသာပြန်ဆို သည်။)

၂၀၁၁ ခုနှစ်က အာဏာရလာခဲ့သော မြန်မာအစိုးရသစ်သည် အနောက်အုပ်စု အရေးယူပိတ်ဆို့ထားသော sanctions များ ရုတ်သိမ်းအောင် နိုင်ငံတကာ ခရီးသွားများ စီးဝင်လာအောင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင် ပြသခဲ့ပြီး အဓိက တိုင်းရင်းသားလက်နက်ကိုင် အုပ်စုကြီးများနှင့်လည်း အပစ်ရပ်သဘောတူညီမှုများ ရရှိခဲ့သည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အရှိန်ကြောင့် သဘောထားတင်းမာသော တပ်မတော်အစိုးရ လက်ဟောင်းကြီးများနှင့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုကွဲအချို့ အနေအစားပျက်ကာ အခြေယိုင်သွားပုံရသည်ဟု ကျွမ်းကျင်သူများက မှတ်ချက်ပေးကြသည်။

ယခင်ကတည်းကပင် မြန်မာနိုင်ငံ၌ ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်လျှင် အာဏာပိုင်များက ခက်ခက်ခဲခဲ စုံစမ်းဖော်ထုတ်လေ့ရှိသော်လည်း ပြည်သူများက အလွယ်တကူပင် ခန့်မှန်းသိရှိနေကြသည်ဟု ရန်ကုန်မြို့မှ အကဲခတ်များက ပြောကြားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် စစ်ဖက်ဆက်ဆံရေး ဆက်လက်တိုးတက်စေရန်နှင့် နယ်စပ်တည်ငြိမ်ရေးကို ပူးတွဲစောင့်ရှောက်ရန်အတွက် နှစ်နိုင်ငံ အတူတကွလုပ်ဆောင်သွားမည်ဟု တရုတ်စစ်ဖက် အကြီးတန်းတာဝန်ရှိသူ တစ်ဦးက အင်္ဂါနေ့ တွင် ပြောကြားသည်။

မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် တရုတ် ဗဟိုစစ် ကော်မရှင် ဒုတိယ ဥက္ကဌ ဖန်ချန်လောင်က ယင်းကဲ့သို့ ကတိပေးခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် စစ်ဖက်ဆက်ဆံရေး တိုးတက်မှု ကြီးကြီးမားမာအရေးပါကြောင်းကို အမြဲတမ်း အလေးထားခဲ့ကြောင်း၊ အကဲဆတ်သော ကိစ္စရပ်များကို မှန်ကန်တိကျစွာ ဆက်လက်ကိုင်တွယ်ကာ အပြန်အလှန် အကျိုးဖြစ်ထွန်းမည့် နည်းလမ်းဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ဖန်ချန်လောင် ကပြောကြား သည်။

နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန်အတွက် မြန်မာနိုင်ငံနှင့် အတူတကွလုပ်ဆောင်ကာ၊ နယ်စပ်တည်ငြိမ်ရေးကို ပူးတွဲစောင့်ရှောက်သွားရန် တရုတ်နိုင်ငံက အဆင်သင့်  ရှိသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုသည် နိုင်ငံတကာနှင့် ဒေသတွင်း အနေအထားပြောင်းလဲမှုများနှင့် မပတ်သက်ပဲ၊ အပြောင်းအလဲရှိ လိမ့်မည် မဟုတ်ကြောင်း ပြန်လည်ပြောကြားသည်။

ထို့အပြင် နှစ်နိုင်ငံစလုံး၏ ဘုံအကျိုးတူစီးပွားကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်ယုံကြည်မှုတို့ကို ဆက်လက်ခိုင်မာစေမည်ဖြစ်ကြောင်း မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဆက်လက်ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်-မြန်မာ နှစ်နိုင်ငံတပ်မတော်များအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး အစီအစဉ်အရ တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေခြင်း ဖြစ်သည်။


 

                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment