Transparency Myanmar

transparency.myanmar@gmail.com

International Media (1)
Document

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ (၁)

(Bernama News မှ 17 Oct 2013 ရက်စွဲပါ “Malaysia not pulling out of Myanmar games-Khairy” သတင်းကို ဘာသာပြန်ဆိုသည်)

(Natural Gas Asia မှ 13 Oct 2013 ရက်စွဲပါ  “Myanmar awards contracts for 16 onshore oil, gas block” သတင်းကို ဘာသာပြန်ဆိုပါသည်)


ဗုံးများကွဲနေသော်လည်း မြန်မာဆီးဂိမ်းမှမလေးရှားနှုတ်ထွက်ရန် အစီအစဉ်မရှိသေး

(Bernama News မှ 17 Oct 2013 ရက်စွဲပါ “Malaysia not pulling out of Myanmar games-Khairy” သတင်းကို ဘာသာပြန်ဆိုသည်)

မကြာသေးမီက မြန်မာနိုင်ငံတွင် ဗုံးပေါက်ကွဲသည့် ဖြစ်ရပ်များကို ကြားသိရသော်လည်း ဒီဇင်ဘာလတွင်ကျင်းပ မည့် မြန်မာ ဆီးဂိမ်းမှ မလေးရှားနှုတ်ထွက်မည်မဟုတ်ဟု ဆိုပါသည်။

မလေးရှားလူငယ်နှင့် အားကစားဝန်ကြီး ခိုင်ရီဂျာမာလူဒင် က ၎င်း၏ ဝန်ကြီးဌာနသည် ရန်ကုန်မြို့ မလေးရှားသံရုံး နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ သတင်းပေးပို့မှုများကို အခြေခံကာ မြန်မာနိုင်ငံမှ အခြေအနေကို အနီးကပ်စောင့်ကြည့် နေသည်ဟု  ပြောကြားသည်။

ကြာသာပတေးနေ့က National Sports Complex တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဝန်ကြီးက “မလေးရှား အားကစားသမားတွေကို မစေလွှတ်ခင်မှာ အဲဒီက လုံခြုံရေးအခြေအနေကို ကျွန်တော်တို့ အကဲဖြတ်ရဦးမှာပါ။ လောလော ဆယ်တော့ ဆီးဂိမ်းကို အားကစားသမားတွေ စေလွှတ်မယ့် မူလအစီအစဉ်အတိုင်းပဲ ရှိနေပါသေးတယ်။” ဟု ပြောကြားခဲ့ သည်။

တနလာင်္နေ့က ရန်ကုန်မြို့ ထရိတ်ဒါးဟိုတယ်တွင် အမေရိကန်နိုင်ငံသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည့် ဗုံးပေါက်ကွဲမှု အပါအဝင် လတ်တလော မြန်မာနိုင်ငံတွင် ဗုံးများကွဲနေသည့်ကိစ္စရပ်အပေါ် ဝန်ကြီးကမှတ်ချက် ပေးခဲ့ခြင်းဖြစ် သည်။

သို့ရာတွင် အားကစားသမားများနှင့် တာဝန်ရှိသူများ၏ ဘေးကင်းလုံခြုံရေးသည် အရေးကြီးဆုံးဖြစ်သောကြောင့် အကယ်၍ အခြေအနေဆိုးဝါးလာပါက ပြိုင်ပွဲမှ မလေးရှားနှုတ်ထွက်မည့် အလားအလာကို ဝန်ကြီးဦးခိုင်ရီ က လက်မလွှတ် သေးပေ။

ထို့အပြင် မလေးရှားအားကစားသမားများ မြန်မာနိုင်ငံတွင် ရှိနေစဉ် ၎င်းတို့၏ လုံခြုံရေးကို တာဝန်ယူမည့် ရဲမင်းကြီးဟောင်းတစ်ဦးဖြစ်သူ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒါတွတ်ဝီရာခမာဂူဒင် ၏ စွမ်းရည်ကိုလည်း စိတ်ချယုံကြည် သည်ဟု ဝန်ကြီးကဆိုပါသည်။

၂၇ ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲကို မြန်မာနိုင်ငံ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင်ကမ်းခြေ တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ ပြိုင်ပွဲ အမျိုးအစား ၃၁ မျိုးတွင် မလေးရှားနိုင်ငံက ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

အရှေ့တောင်အာရှတွင် ယခင်စစ်ဖက်အုပ်ချုပ်ခဲ့ပြီး ယခုနှစ်ပိုင်း များအတွင်း မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲ နေသော မြန်မာနိုင်ငံ၌ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရန်၊ တိုင်းရင်းသားများနှင့်ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းရန်၊ ဒေသတွင်း ဆီးဂိမ်းအားကစားပွဲ လက်ခံကျင်းပရန်၊ ၂၀၁၄ အာဆီယံအလှည့်ကျ ဥက္ကဌနေရာ တာဝန်ယူရန် ကြိုတင်ပြင်ဆင် စီစဉ်နေချိန်မျိုးတွင် ထူးထူးခြားခြား ဖြစ်ပေါ်ခဲ့သော ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ သံသယရှိသူများကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းလျက်ရှိသော်လည်း နောက်ကွယ်မှ အကြောင်းရင်းကိုမူ သဲသဲကွဲကွဲ မသိရသေးပေ။


မြန်မာနိုင်ငံတွင် ရေနံဓါတ်ငွေ့လုပ်ကွက် ၁၆ ခုအတွက် ကန်ထရိုက်ပေး

(Natural Gas Asia မှ 13 Oct 2013 ရက်စွဲပါ  “Myanmar awards contracts for 16 onshore oil, gas block” သတင်းကို ဘာသာပြန်ဆိုပါသည်)

မြန်မာနိုင်ငံသည် ၎င်း၏ကုန်းတွင်းရေနံနှင့် ဓါတ်ငွေ့လုပ်ကွက် ၁၆ ခုအတွက် နိုင်ငံခြားစွမ်းအင် ကုမ္ပဏီများကို ကန်ထရိုက်ပေးလိုက်ပြီ ဖြစ်သည်။

ကန်ထရိုက်စာချုပ် ၁၆ ခုအနက် ၁၃ ခုမှာ ထုတ်လုပ်ခွဲဝေရေးသဘောတူစာချုပ်များဖြစ်ပြီး ကျန် ၃ ခုမှာ ရေနံ ပြန်ယူ မည့်စာချုပ်များဖြစ်သည်ဟု Reuters သတင်းအရသိရှိရသည်။

လေလံအောင်သော ကုမ္ပဏီများထဲတွင် အီတလီ Eni၊ အိန္ဒိယ ONGC Videsh ၊ မလေးရှား Petronas တို့ပါဝင် သည်။

၂၀၁၃ မြန်မာ ကုန်းတွင်းလုပ်ကွက် ဒုတိယအကြိမ်လေလံပစ်မည့် အစီအစဉ်တွင် လုပ်ကွက် ၁၈ ကွက်အတွက် အဆိုပြုလွှာများ လက်ခံရရှိထားသည်ဟု ယခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံတွင် ထုတ်ပြန်ကြေညာထားသည်။

စွမ်းအင်ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်တွင် ကြေညာထားသော လေလံအောင် ကုမ္ပဏီများစာရင်းမှာ အောက်ပါအတိုင်း  ဖြစ်သည်။

B-2         (ဇီးဖြူတောင်-နန်းတော်)                ONGC Videsh အိန္ဒိယ

K            (ရမည်းသင်း)                        Eni အီတလီ

O           (ပုသိမ်)                                 Petroleum Exploration ပါကစ္စတန်

EP-1        (ကျောက်ကြီး-မင်းတုန်း)              Brunai National Petroleum ဘရူနိုင်း

EP-3        (သဲကုန်း-ရွှေကူ)                                 ONGC Videsh အိန္ဒိယ

LOR-5 (ထန်းတပင်)                           Petronas မလေးရှား

C-1         (အင်းတော်-ရေနံ)                      Pacific Hunt Energy ကနေဒါ

H            (တောင်ငူ-ပျဉ်းမနား)                  Pacific Hunt Energy ကနေဒါ

J            (မော်လမြိုင်)                           Petroleum Exploration ပါကစ္စတန်

MOGE-4 (မြင်သာ)                             CAOG S.a.r.l လူဇင်ဘာ့ဂ်

EP-4                                              JSOC Bashneft ရုရှား

RSF-5                                            Eni အီတလီ

MOGE-3 (ပိတောက်ပင်-နတ်မိ)               PTTEP+Palang Sophon ထိုင်း

LOR-4 (ပြည်)                                   MPRLE & P ဗြိတိန်

LOR-6 (မြန်အောင်)                            MPRL E & P ဗြိတိန်

LOR-7 (ရွှေပြည်သာ)                           Petronas မလေးရှား                       



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment