Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂) 

အာဆီယံဥက္ကဖြစ်မည့် မြန်မာနိုင်ငံအပေါ် အဖွဲ့ဝင်များက မျှော်လင့်ချက်ကြီးမားစွာ ထားနေကြ

(17 Oct 2013 ရက်စွဲပါ The Korea Herald မှ High Expectation as Myanmar takes helm of ASEAN ကို ဘာသာပြန်ဆိုသည်)

နှစ်လပင်မကြာတော့သည့်အချိန်တွင် နေပြည်တော်မှ အသစ်စက်စက် အားကစားပြိုင်ကွင်းတွင် (၄၄) နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဖွင့်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပတော့မည် ဖြစ်ပါ သည်။

ရှစ်နှစ်သား နေပြည်တော်တွင် အခြား အာဆီယံနိုင်ငံများမှ ဧည့်သည်များကို လက်ခံကျွေးမွေးနိုင်ရန် ဟိုတယ် များ၊ စားသောက်ဆိုင်များ အပြိုင်အဆိုင်ဖွင့်လှစ်နေရာ တာဝန်ရှိသူများက ၂၀၁၄ ဇန်နဝါရီလ အာဆီယံဥက္ကဌ အဖြစ် ပထမဆုံးတာဝန်ယူရန် စမ်းသပ်မှုတစ်ခုဟု ရှုမြင်ကြပါသည်။ သို့သော် နေပြည်တော်တွင် နိုင်ငံတကာ လေကြောင်းလိုင်း များ တိုက်ရိုက်မရှိပဲ၊ အင်တာနက်ဆက်သွယ်မှုမှာလည်း အားနည်းလှပါသည်။

ဒေသတွင်းမှ သံတမန်အတော်များများက လာမည့်နှစ်တွင် အစည်းအဝေးပေါင်းရာနှင့်ချီ၍ လက်ခံကျင်းပရန် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦးများ လုံလောက်မှုအတွက် သံသယရှိနေဆဲ ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ အာဆီယံဥက္ကဌ နေရာတာဝန်ယူမှုသည် ၂၀၁၅ နှစ်ကုန် ရည်မှန်းချက်အတွက် တစ်နှစ်အလိုတွင် အဖွဲ့ကြီးအားရှေ့သို့ ရွေ့အောင် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်နေကြပါသည်။ ယခုအချိန်သည် ဒေသတွင်းတွင် စူပါပါဝါများ တိုး၍ ပြိုင်ဆိုင် လာသည့်အချိန်လည်းဖြစ်ပါသည်။

မြန်မာက အာဆီယံတွင် ခေါင်းဆောင်မှုပြုလုပ်ခြင်းသည် တိုင်းပြည်အနေဖြင့် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်နေချိန်တွင် ဖြစ်ပါသည်။ ယခင် အာဏာရှင်အုပ်ချုပ်မှု လက်အောက်တွင် အနောက်နိုင်ငံ အရေးယူမှုများက အာဆီယံ၏ ဆက်ဆံရေးမူဝါဒကို ဝေဖန်ခဲ့ပြီး၊ လွန်ခဲ့သည့် ခုနှစ်နှစ်က မြန်မာနိုင်ငံ၏ ဥက္ကဌ တာဝန် ထမ်းဆောင်ရန် အလှည့်ကို တားဆီးခဲ့ပါသည်။ ၎င်းသည် ယခုနောက်ကျမှ တံခါးဖွင့်ခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားခဲ့ကြပြီး ဆောက်လုပ်ရေးလုပ်ငန်းများ ခေတ်ကောင်းရန် ဖြစ်လာ၍ အိမ်နီးချင်းနိုင်ငံများကလည်း ကူညီရန်ဝင် ရောက်လာကြပါသည်။

“စင်္ကာပူအပါအဝင် အာဆီယံခြောက်နိုင်ငံလောက်က နှစ်နိုင်ငံ အစီအစဉ်၊ အာဆီယံ အစီအစဉ်တွေကနေ တဆင့် ၂၀၁၄ မှာ ပြုလုပ်မယ့် အစည်းအဝေးများစွာအတွက် ပြင်ဆင်နေတဲ့ အဆင့်ဆင့်က တာဝန်ရှိပုဂ္ဂိုလ် တွေကို ကျွမ်းကျင်မှုအတွက် ဖြည့်ဆီးပေးမှုတွေလုပ်ကိုင်နေပါတယ်။”  ဟု သံတမန်ဟောင်းတစ်ဦးဖြစ်သူ Institute of Southeast Asian Studies မှ မြန်မာလေ့လာရေးအစီအစဉ် ညှိနှိုင်းရေးမှူး ဒေါ်သူဇာမိုး ကပြောပါသည်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအစိုးရတာဝန်ရှိသူများအား အစည်းအဝေးများတွင် သတ်မှတ်ချက် များ ကွန်ဖရင့်လုပ်ငန်းများ အပါအဝင် လေ့ကျင့်သင်ကြားရေးသင်ခန်းစာများ၊ သက်ဆိုင်သောအရာများ အကျဉ်းချုပ် သင်ကြားမှုများအတွက် အဆိုပြုခဲ့ပါသည်။

သို့သော် ဒေါ်မိုးသူဇာက ဖြည့်စွက်ပြောရာတွင် “မြန်မာအနေဖြင့် အခြားအာဆီယံအဖွဲ့ဝင်များဖြင့် ဥက္ကဌနေရာ မှာ ခေါင်းဆောင်မှုနှင့် အတူတူဖြစ်သည်ဆိုသည့်အချက် သေချာစေရန် ညှိနှိုင်းတိုင်ပင်ရန် လိုအပ်မှာ ဖြစ်ပါတယ်။”  ဟုဆိုပါသည်။

လေ့လာသူများက မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ်က ဖနွမ်းပင်တွင် ကျင်းပသော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ပထမဆုံးအကြိမ်အဖြစ် ကျေညာချက်မထုတ်နိုင်ပဲ မအောင်မြင်မှုမျိုး ထပ်မဖြစ်အောင် ဂရုစိုက်လိမ့်မည်ဟု ယုံကြည်နေကြပါသည်။ ထိုစဉ်က တောင်တရုတ်ပင်လယ် အငြင်းပွားမှုအပေါ် အမည်တပ်၍ ဖော်ပြမှုအား တရုတ်က ဖိအားပေးရှောင်ရှားစေသည်ဟု အများက အမြင်ရှိကြပါသည်။

ဆက်လက်ဖော်ပြပါမည်။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment